Airsickness (လေယာဉ်မူးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ယေဘုယျအားဖြင့် လေယာဉ်မူးခြင်း အပါအဝင် ယာဉ်မူးခြင်းတွေဟာ လူနာရဲ့ ရာဇဝင်နဲ့ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေကနေ ရောဂါအတည်ပြုပါတယ်။ လူနာတဦးချင်းရဲ့ ပြောပြလာတဲ့ လက္ခဏာတွေဟာ ရောဂါအတည်ပြုဖို့ လုံလောက်ပါတယ်။ များသောအားဖြင့် ဓါတ်ခွဲစစ်ဆေးမှု မလိုအပ်ပါဘူး။
Airsickness (လေယာဉ်မူးခြင်း) ကို ဘယ်လိုကုသပါသလဲ
ပျို့န်ခြင်းကို လျှော့ချဖို့ ဆေးဝါးများ သုံးစွဲနိုင်ပါတယ်။
- Scopolamine ကို ဆေးဖတ်အနေနဲ့ နားနောက်မှာ ကပ်ထားနိုင်ပါတယ်။
- ပျို့အန်ခြင်းပျောက်တဲ့ဆေးတွေ ဥပမာ- ondansetron (Zofran) နဲ့ prochlorperazine (Compazine) သုံးစွဲနိုင်ပါတယ်။
- အချို့သော ဟစ်စတမင်းဆန့်ကျင်ဆေးတွေ ဥပမာ- dimenhydrinate (Dramamine) နဲ့ meclizine (Antivert, Bonine) သုံးစွဲနိုင်ပါတယ်။
ဆေးအချို့ဟာ ဆရာဝန်ညွှန်းစာ လိုပါတယ်။ ခရီးမထွက်ခင် သောက်သုံးထားရင် အကောင်းဆုံးပါပဲ။
အောက်ပါအချက်တွေကိုလည်း ကြိုးစားကြည့်နိုင်ပါတယ်။
- လတ်ဆတ်တဲ့လေကိုရှူပါ။ လေပေါက်တွေ ပြတင်းပေါက်တွေဖွင့်ပါ။
- အပြင်ဘက် မိုးကုတ်စက်ဝိုင်းတနေရာက အမှတ်အသားတခုခုကို ကြည့်နေပြီး အချိုးအကွေ့၊ အနိမ့်အမြင့်တွေကို သိပ်မသိသာအောင်လုပ်ပါ။ ခေါင်းကို တတ်နိုင်သမျှ ငြိမ်အောင်ထားပါ။
- ရနိုင်မည်ဆိုပါက အောက်ဆီဂျင်ရှူပါ
- သင်ဟာ ပျံသန်းနေတဲ့ လေယာဉ်မှူးမဟုတ်ရင် စွမ်းရည်လည်းရှိရင် ပျံသန်းထိန်းချုပ်ဖို့ တောင်းဆိုပါ။ တခုတည်းပေါ်မှာ အာရုံစိုက်ထားရင် မအီမသာဖြစ်ခြင်းကနေ ကင်းဝေးစေပါတယ်။
အောက်ပါအချက်တွေကို ရှောင်ကြဉ်ပါ။
- ပျံသန်းနေစဉ် စာဖတ်ခြင်း
- ခေါင်းကိုမထောင်ခြင်း
- လေယာဉ်မူးခြင်းအပေါ်တွင်သာ အာရုံစိုက်ခြင်း။ မအီမသာဖြစ်နေတယ်လို့ပဲ စဉ်းစားနေရင် တကယ်လည်း ဖြစ်ပါတယ်။ အပြုသဘောဆောင်ပြီး အာရုံတခုခုဝင်စားပြီး စိတ်ကိုအလုပ်ပေးထားပါ
- လေယာဉ်မှူးဖြစ်ပါက လေယာဉ်မောင်းဖို့ မမေ့ပါနှင့်။ ပျံသန်းနိုင်ဖို့ နေမကောင်းဘူးဆိုရင်တော့ အမြန်ဆုံးဆင်းသက်နိုင်ဖို့ ကြိုးပမ်းပါ။
- လေယာဉ်မှူးဖြစ်ပါက မပျံသန်းမီ မည်သည့်ဆေးမျှ မသောက်ပါနှင့်။ လေယာဉ်မှူးများ မပျံသန်းမီ လေယာဉ်မူးခြင်းအတွက် သောက်သုံးရန် FAA မှ ခွင့်ပြုထားသော၊ မိမိဖာသာဝယ်ယူနိုင်သော ဆေးဝါးများ မရှိပါ။ အမူးပျောက်စေတဲ့ဆေးဝါးတိုင်းမှာ လေယာဉ်မှူးတွေရဲ့ စွမ်းရည်ကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အရမ်းမူးနေရင် လေကြောင်းဆရာဝန်နဲ့ ပြသပါ။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက လေယာဉ်မူးခြင်းအတွက် အထောက်အကူ ပြုသလဲ
အောက်ပါအချက်တွေဟာ အထောက်အကူပြုပါတယ်။
- လေယာဉ်မူးလွယ်ရင် ခရီးတိုလေးတွေ ပိုင်းပြီးစီးခြင်းအားဖြင့် ကိုယ်ခန္ဓါဟာ ရွေ့လျားမှုကို ထိန်းညှိလုပ်ဆောင် နိုင်ပါလိမ့်မယ်။
- ဆိုဒိယမ်နဲ့ အဆီဓါတ်နည်းတဲ့ အစာတေါစားပါ။ လေယာဉ်မစီးခင် အချိန်ကပ်မစားပါနှင့်။ အစာလုံးဝမရှိဘဲနှင့်လည်း မစီးပါနှင့်။
- ရေသောက်ပါ။
- လေယာဉ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပါ။ ခရီးစဉ်မတိုင်ခင် ဘယ်လိုစီးရမလဲ လေ့လာပါ။ ကြိုတင်ပြင်ဆင်ခြင်းဟာ စိတ်ပူပန်မှုကို လျော့ကျစေပါတယ်။
- လေယာဉ်မောင်းသင်တန်းသားဖြစ်နေရင် ဆရာဆီက အကြံဉာဏ်ယူပါ။ ဥပမာ အချိုးအကွေ့များတဲ့ ပျံသန်းမှုတွေအစား ဖြောင့်ဖြောင့်သါားရတာများတဲ့ ပျံသန်းမှုကို ကြိုးစားကြည်ပပါ။
- ချင်း (ဂျင်း)၊ ဖိအားကုထုံးစတဲ့ သဘာဝနည်းလမ်းတွေဟာ တခါတရံ အသုံးဝင်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။