backup og meta

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

    နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။

    ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ

    ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။

    အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း

    ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ ဦးနှောက်ထဲက  ဓာတုပစ္စည်းတွေ ပြောင်းလဲတာကြောင့် ခေါင်းတစ်ခြမ်း ကိုက်ရတာပါ။ ရာသီဥတု ပြောင်းလဲတဲ့အခါ လေထုက ခြောက်သွေ့တာ အပါအဝင် အပူချိန် မြင့်လွန်းတာ၊ အေးလွန်းတာ၊ နေရောင် စူးလွန်းတာ၊ လေထုထဲမှာ စိုထိုင်းဆ မြင့်လွန်းတာတွေက ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။

    ဒီလို ရာသီဥတု ပြောင်းလဲတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ပေးလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    ခေါင်းတစ်ခြမ်းကိုက်တော့မယ်ဆိုရင် ကြိုသိနိုင်မလား ……..

    ခေါင်းတစ်ခြမ်းကိုက်တော့မယ်ဆိုတာကို ကြိုသိနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို ကြိုတင်လက္ခဏာအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို မခံစားရခင် ၄၈ နာရီ အလိုလောက်မှာ အစောပိုင်း လက္ခဏာတွေအနေနဲ့ ခေါင်းကိုက်တာကို ပြင်းပြင်းထန်ထန် မခံစားရခင်မှာ

    • တစ်ချိန်လုံးလိုလို သမ်းနေတာ
    • နေထိုင်လို့ မကောင်းသလို အားကုန်နေသလို ခံစားနေရတာ
    • စိတ်ဓာတ်ကျနေတာ
    • အရမ်းကို စိတ်လှုပ်ရှားပျော်ရွှင်နေတာမျိုး ခံစားရနိုင်ပါတယ်။

    ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

    ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

    ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေမှာပါ။

    လာဗင်ဒါဆီ 

    လာဗင်ဒါဆီကို ရှူပေးတာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ လေ့လာမှု တစ်ခုအရတော့ လာဗင်ဒါဆီကို လက်ဖဝါးထဲမှာ ပွတ်ရှူပေးတာက ၁၅ မိနစ်အတွင်း ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။

    ယောဂ

    ယောဂလေ့ကျင့်တာက ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေနိုင်သလို ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

    ချင်း (ဂျင်း) 

    ချင်း (ဂျင်း) က ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်လာပြီဆိုရင် ချင်း (ဂျင်း) ရေနွေးကြမ်း သောက်တာကလည်း နည်းလမ်းကောင်းပါ။ ချင်း (ဂျင်း) မှုန့်ကို စားပေးတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် နည်းလမ်းကောင်းပါ။

    ရေသောက်ပါ

    ရေဓာတ်နည်းနေတာကလည်း ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ဆိုရင် ရေအေးအေးလေး တစ်ခွက်လောက် သောက်ပေးလိုက်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    အိပ်ရေးဝဝအိပ်ပါ

    ခေါင်းတစ်ခြမ်း ကိုက်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုက အိပ်ရေးပျက်တာ များတာကြောင့်ပါ။ ဒါကြောင့် ခေါင်းတစ်ခြမ်း ကိုက်လာပြီဆိုရင် အိပ်ရေးဝဝလေး အိပ်ပေးတာမျိုး လုပ်ပေးပါ။ အိပ်ရေးဝတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

    အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ

    ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမယ့် နည်းလမ်း နောက်တစ်ခုကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ဝင်လေထွက်လေကို မှတ်ရင်း အသက်မှန်မှန်ရှူတာပါ။

    ခေါင်းတစ်ခြမ်း ကိုက်လာပြီဆိုရင် အခုပြောပြတဲ့ နည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်ကြည့်ပါ။

    ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

    ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဆိုရင်
    • လာဗင်ဒါဆီ ရှူပေးပါ
    • ယောဂ လေ့ကျင့်ပါ
    • ချင်း (ဂျင်း) စားပါ
    • ရေသောက်ပါ
    • အိပ်ရေးဝဝအိပ်ပါ
    • အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement