- ဦးနှောက်အတွင်းသွေးလုံးဖြစ်ခြင်းအကြောင်းရင်းများ
ဦးနှောက်အတွင်းမှာသွေးတွေ အိုင်နေခြင်းကိုဦးနှောက်အတွင်းသွေးလုံးဖြစ်ခြင်းလို့ခေါ်ပါတယ်။
ထိခိုက်ဒဏ်ရာရခြင်း၊ သွေးကြောပေါက်ခြင်း၊ သွေးပြန်ကြောဆိုင်ရာပုံစံပျက်ခြင်း၊ သွေးတိုးခြင်း၊ အလုံးအကြိတ်ဖြစ်ခြင်းတို့တွေ အပါအဝင် အခြားအကြောင်းများစွာရှိပါတယ်။ သွေးတွေဦးနှောက်ထဲကိုအစဉ်အဆက်မပြတ် စီးယိုနေခြင်းမျိုးရောဂါတွေရှိပါတယ်။ဦးနှောက်ကိုထိခိုက်ဒဏ်ရာရတာကနေပြီးတော့ အရမ်းဆိုးတဲ့ ဦးနှောက်ထဲသွေးလုံးဖြစ်ခြင်းတွေရရှိတတ်ပါတယ်။
ဖြစ်နိုင်ခြေများ
Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဦးခေါင်းဒဏ်ရာရခြင်း၊ဆိုင်ကယ်သို့မဟုတ် စက်ဘီးလဲခြင်းတိုက်ခြင်းများ၊ပြ ုတ်ကျခြင်း၊ တိုက်ခိုက်ခံရခြင်း၊အားကစားပြုလုပ်ခြင်းများမှရသောဒဏ်ရာများစတာတွေက ဦးခေါင်းခွံအတွင်းသွေးယိုစေသောအဖြစ်အများဆုံးအကြောင်းတွေဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ ခေါင်းဒဏ်ရာရခြင်းကနေတောင်မှ သွေးလုံးတည်ဖြင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒဏ်ရာကမပြင်းထန်ဘူး၊ ပွန်းပဲ့ဒဏ်ရာတွေမရှိဘူးပွင့်ထွက်နေတဲ့ဒဏ်ရာတွေမရှိရင်တောင်မှပဲအရမ်းဆိုးတဲ့ခေါင်းဒဏ်ရာရခြင်းမျိုးဖြစ်နိုင်ပါတယ်။ ဒီအန္တရာယ်ဟာအသက်ကြီးတာနဲ့အမျှ ပိုတိုးလာပါတယ်။
ပိုပြီးအန္တရာယ်ရှိတဲ့လူများကတော့
-အက်စ်ပရင် သောက်နေခြင်းနှင့် အခြားသွေးကျဲဆေးများသောက်နေခြင်း
-အရက်သောက်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အချိန်ကြာပြီးမှဖြစ်တဲ့ ဦးခေါင်းခွံအောက်သွေးလုံးဖြစ်ခြင်းဟာပိုပြီးတော့အဖြေရှာရခက်တတ်ပါတယ် ဘာလို့လဲဆိုတော့ ဒဏ်ရာရချိန်နဲ့ ရောဂါလက္ခဏာဖြစ်ချိန်တို့ဟာအချိန်ကွာဟနေလို့ပါ။ အသက်ကြီးတဲ့လူတွေမှာတစ်ဖြည်းဖြည်းနဲ့ မှတ်ဉာဏ်တွေယိုယွင်းကုန်တာမူးနောက်တာတွေဖြစ်ခြင်းကိုအသက်ကြီးလို့ဖြစ်တဲ့ သတိမေ့တတ်တဲ့ရောဂါနဲ့ သွေးလုံးဖြစ်ခြင်းနဲ့ လွဲမှားကောက်ချက်ကြတတ်ပါတယ်။CT ရိုက်ကြည့်ခြင်းနဲ့ ချက်ချင်းဖြစ်တာလားအချိန်နည်းနည်းကြာပြီးမှဖြစ်တာလားအချိန်တအားကြာမှဖြစ်တာလားထောက်လှမ်းလို့ရပါတယ်။MRI ရိုက်ခြင်းနဲ့ အချိန်အကြာကြီးနေမှဖြစ်လာတဲ့ သွေးလုံးဖြစ်ခြင်းမျ ိုးကိုတိတိကျကျ အဖြေပေးလို့ရပါတယ်။
Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
သေးတဲ့ သွေးလုံးတွေရယ် ရောဂါလက္ခဏာမပြတဲ့ ဟာတွေရယ်ကိုထုတ်ပစ်စရာမလိုပါဘူး။ သင့်ရဲ့ရောဂါလက္ခဏာတွေပေါ်လာတာတွေရယ် ဒဏ်ရာရပြီးနောက်ဆိုးလာတာတွေရယ် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာဘာချ ို့ယွင်းချက်တွေရှိလာနိုင်မလဲဆိုတာတွေကို
ဦးခေါင်းခွံအတွင်းဖိအားကိုအမြဲတိုင်းတာနေခြင်း CT တွေခဏခဏရိုက်ခြင်းနဲ့ စောင့်ကြည့်လို့ရပါတယ်။
သင်ကတကယ်လို့သွေးကြဲဆေးတွေသောက်နေမယ်ဆိုရင် ၎င်းတို့ကတော့ warfarin လိုမျိုးဆိုရင် သွေးကြဲဆေးအာနိသင်ကိုပြောင်းပြန်လုပ်ပေမယ့် ကုသမှုခံယူပြီးသွေးယိုတာလျှော့ချရမှာပါ။ ဗီတာမင်ကေနဲ့ သွေးရည်ကြည်လတ်လတ်ဆတ်ဆတ်သွင်းခြင်းတို့ကိုအသုံးပြုလို့/ရပါတယ်။
သွေးလုံးကုသမှုမှာ ခွဲစိတ်ရတာပါဝင်ပါတယ်။ ဘယ်ပုံစံနဲ့ခွဲစိတ်မလဲဆိုတာကတော့သွေးလုံးပေါ်မူတည်ပါတယ်။ ရွေးချယ်နိုင်တာတွေကတော့
-ခွဲစိတ်ပြီးသွေးတွေစီးဆင်းစေခြင်း။ တကယ်လို့သွေးတွေကတစ်နေရာထဲရှိနေခဲ့ရင် ခဲနေတာမဟုတ်ခဲ့ရင် သင့်ဆရာဝန်ကနေပြီးတော့burr holeလို့ခေါ်တဲ့ ဦးခေါင်းခွံမှာအပေါက်လေးဖောက်ပြီးတော့ သွေးတွေကိုစုပ်ထုတ်ပေးခြင်းပြုလုပ်ပေးပါလိမ့်မယ်။
Craniotomy ကြီးမားတဲ့သွေးလုံးတွေကိုတော့ သင့်ဦးခေါင်းခွံတစ်စိတ်တစ်ပိုင်းကိုဖြတ်ထုတ်ပြီးသွေးတွေကိုဖယ်ထုတ်တာမျိုးပြုလုပ်ခြင်းဖြစ်ပါတယ်။
ဦးခေါင်းခွံအတွင်းသွေးခဲခြင်းကိုကုသပြီးနာလန်ထဖို့ဆိုတာအချိန်ကြာပါတယ်ဒါ့အပြင် လုံးဝအကောင်းထိနာလန်ထဖို့လည်းမလွယ်ပါဘူး။ ဒဏ်ရာရပြီး နာလန်ထဖို့အကောင်းဆုံးအချိန်ကတော့ သုံးလလောက်အတွင်းပဲဖြစ်ပြီးအဲ့နောက်ပိုင်းမှာတော့ တိုးတက်ဖို့ ကောင်းလာဖို့ အချိန်ကြာတတ်ပါတယ်။ တကယ်လို့သင့်မှာဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ပြသနာတွေဆက်လက်ကျန်ရှိနေမယ်ဆိုရင် သင်ကကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ဟာတွေအတွက်ကုထုံးတွေလိုပါလိမ့်မယ်။
လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။
-ညကိုအိပ်ရေး၀၀အိပ်ခြင်းနှင့် နေ့ခင်းဘက်တွေမှာပင်ပန်းချိန်တွေမှာအနားယူခြင်း
-သင်ကကျန်းမာသန်စွမ်းလာတယ်လို့ခံစားရချိန်မှာပုံမှန်ပြ ုလုပ်နေကြအလုပ်တွေကို ပြန်လုပ်ပေးခြင်း
-သင့်ဆရာဝန်က ကောင်းတယ်လို့မပြောမချင်းအားကစားပြုလုပ်ခြင်းများတွင်ပါဝင်ခြင်းမပြုပါနဲ့
-သင် ကားပြန်မမောင်းခင် အားကစားတွေပြန်မလုပ်ခင် စက်ဘီးတွေပြန်မစီးခင် ဒါမှမဟုတ် လေးလံတဲ့ စက်တွေ အသုံးမပြုခင်မှာသင့်ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
-ဆေးတွေမသောက်သုံးခင်မှာသင့်ဆရာဝန်နဲ့တိုင်ပင်ပါ။
-သင့်က ပြီးပြည့်စုံစွာမကောင်းသေးချိန်မှာအရက်မသောက်ပါနဲ့။
အရက်သောက်ခြင်းကနာလန်ထခြင်းကိုအဟန့်အတားဖြစ်စေပြီးဒုတိယအကြိမ် အန္တရာယ်ဖြစ်ခြင်းကိုဖြစ်စေပါတယ်။
-သင်မှတ်ဉာဏ်မှာစဉ်းစားမရတာတွေကိုစာနဲ့ချရေးထားပါ။
-အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချခင်တွေမှာသင်ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်နဲ့ စကားပြောပါ။
(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။