အဓိပ္ပါယ်ဖွင့်ဆိုချက်
Vitamin B12 Deficiency Anemia (ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့လို့ဖြစ်တဲ့သွေးအားနည်းခြင်း ) ကဘာလဲ။
သင့်မှာ ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့ တယ်ဆိုတာက သင့် ခန္ဓါကိုယ်အတွက် ဒီ ဗိုက်တာမင်အမျိုးအစား လုံလောက်မှုမရှိတော့တာကို ဆိုလိုပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်မှာ အောက်စီဂျင်ကို သယ်ပေးတဲ့သွေးနီဥတွေ ထုတ်လုပ်နိုင်ဖို့အတွက် ဗိုက်တာမင် B12 ကို လိုအပ်ပါတယ်။ အဲဒါကြောင့် ဗိုက်တာမင် B12 နည်းသွားပြီဆိုရင် အလုပ်လုပ်ဆောင် ပေးနေတဲ့ သွေးနီဥတွေ လုံလုံလောက်လောက် မထုတ်နိုင်တော့တဲ့ အတွက် သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းခြင်း ဖြစ်တဲ့အခါမှာ သင့်ကို အားအင်လျော့နည်းစေပြီး ပင်ပန်းလွယ်စေနိုင်ပါတယ်။ ဗိုက်တာမင် B12ချို့တဲ့ခြင်းက သင့်ရဲ့ အာရုံကြောတွေကိုလည်းထိခိုက်စေနိုင်တဲ့ အတွက် မှတ်ဉာဏ်တွေနဲ့ တွေးတောမှုတွေအပေါ်လည်း သက်ရောက်မှုပေးနိုင်ပါတယ်။