backup og meta

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ကဘာလဲ။

ရိုးတွင်းချဉ်ဆီမှ သွေးနီဥအများကြီးထုတ်စေတဲ့ ဖြည်းဖြည်းချင်းကြီးပွားတဲ့သွေးကင်ဆာအမျိုးအစားဖြစ်ပါတယ်။ သွေးဆဲလ်အမျိုးအစားအားလုံးကို သက်ရောက်ပေမယ့် သွေးနီဥအပေါ်မှာတော့ သက်ရောက်မှုအများဆုံးဖြစ်ပါတယ်။ သွေးဆဲလ်တွေူများလာခြင်းက သွေးခဲနိုင်ချေများခြင်းစတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေပါတယ်။ လက္ခဏာတွေက ဖြည်းဖြည်းချင်းသာ ကြီးထွားလာကြပါတယ်။ လက္ခဏာမပြခင် နှစ်ပေါင်းများစွာကြာနိုင်ပါတယ်။

အစောပိုင်းကုသမှုပေးနိုင်ခြင်းက ပြဿနာကိုသေးငယ်စေပါတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ အသက်အန္တရယ်များစေပြီး ပိုပြင်းထန်တဲ့သွေးက်ငဆာကိုဖြစ်စေပါတယ်။

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) က ဘယ်လောက်အဖြစ်များသလဲ

ရောဂါက သိပ်တော့အဖြစ်မများပါဘူး။ အမျိုးသားတွေမှာ အမျိုးသမီးတွထက် ပိုအဖြစ်များပါတယ်။ အသက်၄၀အောက်တွေမှာ တွေရလေ့မရှိပါဘူး။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Polycythemia vera ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

လှဲနေချိန်တွင် အသက်ရှူခက်ခြင်း

မူးဝေခြင်း

သွေးထွက်များခြင်း

အစာမကျေခြင်း ရင်ပြည့်ရင်ကယ်ခံစားရခြင်း( ဘေလုံးကြီးနေငြခ်းကြေင့်ဖြစ်ပါတယ်။ )

ခေါင်းကိုက်ခြင်း

ယားယံခြင်း အထူးသဖြင့် ရေပူချိုးပြီးချိန်မှာ

အရေပြားနီခြင်း အထူးသဖြင့်မျက်နှာ

အသက်ရှူတိမ်ခြင်း

အရေပြားအနီးသွေးပြန်ကြောများအတွင် သွေးခဲခြင်းလက္ခဏာများ

အရေပြားပြာခြင်း

မောပန်းနွမ်းနယ်ခြင်း

အနီစက်များပေါ်ခြင်း

  • အမြင်အာရု့ံ့ပိုင်းဆိုင်ရာပြဿနာများ

သွေးနီဥများခြင်းက သွေးကုပျစ်စေပြီး သွေးလှည့်ပတ်မှုကိုနှေးစေတာကြောင့် သွေးခဲဖြစ်နိုင်ချေကိုများစေပါတယ်။ သွေးခဲတွေက သွေးကြောတွေတစ်လျှောက်ပါသွားပြီးနေရာမရွေးပိတ်ဆို့တွယ်ကပ်ခြင်းကနေ

လေဖြတ်ခြင်း( ဦးနှောက်သွေးကြော) သို့ နှလုံးသွေးကြောပိတ်ခြင်း( နှလုံးသွေးောကာများ) စတဲံအပြင်းထန်ဆုံးအခြေအနေဖြစ်ပါတယ်။

အခြားသောနောက်ဆက်တွဲတွေအနေနဲ့ေတော့

ဘေလုံးကြီးခြင်း- ပိုပြိများပြားလာတဲ့သွေးဆဲလ်တွေကို စစ်စ်ထုတ်ဖို့အတွက် အလုပ်ပိုလုပ်ရတာကြောင့် ဖြစ်ပါတယ်။

အရေပြားပြဿနာ- ယားယံခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း၊ ခြေထောက်၊ လက်၊ ခြေသလုံးနဲ့ လက်မောင်းများတွင် စပ်ဖျဉ်းဖျဉ်းခံစားရခြင်း၊ မျက်နှာနိခြင်း

သွေးနီဥများမြင့်တက်လာခြင်းောကာင့် ဖြစ်လာသည့်ပြဿနာများ- အစာအိမ်၊ အူသိမ်၊သို့အစာရေမြိုပြွန်အတွင်းပိုင်းမှာ အနာများဖြစ်ပေါ်လာခြင်းနဲ့ အဆစ်များရောင်ခြင်း

မိုင်လိုဖိုင်ဘရိုစစ်၊ မိုင်လိုဒိုင်ပလတ်စတစ်ရောဂါစုနဲ့ ယာယီပြင်းထန်သွေးကင်ဆာလိုမျိုး အခြေအေတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

ခန္ဓါကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ အကြောသေခြင်း ။ မျက်နှာ၊ လက်မောင်းနဲ့ခြေသလုံးနေရာေတွေမှာ အဖြစ်များပါတယ်။ စကားပြောရခက်ခြင်း၊ စကားများကိုနားလည်ရခက်ခြင်း

ရုတ်တရက်အမြင်အာရုံဆုံးရှုံးသွားခြင်း

ဟန်ချက်မထိန်နိုင်ခြင်း ၊ မူးဝေခြင်း၊ ပြင်းထန်ခေါင်းကိုက်ခြင်းောကာင့် ဆီလျော်အောင်ပြုမူနုငိမှုဆုံးရှူ့သွားခြင်း

လည်ပင်ေးတာင့်ခြင်း၊ မျက်နှာနာကျင်ခြင်း၊ မျက်လုံးများကြားအောင့်ခြင်း၊ သတိလည်တစ်ချက်လွတ်တစ်ချက်ဖြစ်ခြင်း

မရေမရာဖြစ်နေခြင်း မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿမာများ၊ အာရုံခံစားမှုပြဿနာများ

အကြောင်းရင်းများ

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းရင်းကို ၇ှင်းရှင်းလင်းလင်းမသိသေးပါဘူး။ ပုံမှန်မှာဆိုရင် ရိုးတွင်းခြင်ဆီက သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးခဲခြင်းကိုဖြစ်ပေါ်စေသည့်သွေးဆဲလ်ဆိုပြီး သွေးဆဲလ်အမျိုးအစားသုံးမျိုးထုတ်ပါတယ်။ JAK2V617Fဆိုတဲ့ချို့ယွင်းချက်ရှိနေတဲ့မျိုးရိုးဗီဇဂျင်းကြောင့် ရိုးတွင်းချဉ်ဆီက ဆဲလ်အများကြီးကိုထုတ်ပေးခြင်းဖြစ်ပါတယ်။ အထူးသဖြင့် သွေးနီဥဆဲလ်များဖြစ်ပါတယ်။ သုတေသီရဲ့အဆိုအရ မျိုးရိုးဗီဇဂျင်းထွန်းခြင်းက မျိုးရိုးလိုက်ခြင်းထက် နေထိုင်မှုပုံစံနဲ့ပတ်ဝန်းကျင်ကြောင့်ရလာခြင်းဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Polycythemia vera ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်အရွယ်- အသက်၆၀အထက်တွေမှာ ပိုဖြစ်နိုင်ပါတယ်

အမျိုးသားအမျိုးသမီး– အမျိုးသားတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးစစ်ခြင်းကနေ အဖြေရှာနိုင်ပါတယ်။ အချို့သောစမ်းသပ်စစ်ဆေးခြင်းတွေကိုတော့ ထပ်မံအတည်ပြုဖို့သု့းပါတယ်။

ရိုးတွင်းချဉ်ဆီတစ်ရှူးနမူနာယူခြင်း

Complete blood count with differential;

Comprehensive metabolic panel

အရစ်သရိုပွိုင်ရတ်တင် ပမာဏ

JAK2V617Fဂျင်းထွန်းခြင်းအတွက် ဂျင်းစစ်ဆေးခြင်း

သွေးနီဥပမာဏ

ဗီတာမင်ဘီ၁၂ပမာဏ

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ကို ဘယ်လိုကုသပါသလဲ

သွေးပျစ်ခြင်းကိုလျှော့ချဖို့နဲပ သွေးထွက်ခြင်းနဲ့သွေးခဲခြင်းကိုကာကွယ်ဖို့ ဦးတည်ပါတယ်။ သွေးပျစ်ခြင်းကိုသက်သာဖို့အတွက် သွေးပြန်ကြောအပေါက်ဖောက်ခြင်းနည်းကို သုံးပါတယ်။ သွေးပြန်ကြောထဲက သွေးအနည်းငယ်ကို အပတ်စဉ်ဖောက်ထုတ်ပြိး သွေးနီဥပမာဏကိုနည်းစေတာဖြစ်ပါတယ်။ ကုသမှုအချိန်ကာလက သင့်အခြေအနေပေါ်မူတည်ပြီး ကုသမှုတစ်ခုထက်ပိုတာလည်းဖြစ်နိုင်ပါတယ်။

အသုံးပြုတဲ့ဆေးဝါးတွေကတော့

အက်စပရင်ပမာဏအနည်းငယ် – သွေးခဲခြင်းနဲ့ နာကျင်မှုကိုသက်သာစေဖို့ ဖြစ်ပါတယ်။ အစာအိမ်သွေးယိုခြင်းကုကာကွယ်ဖို့အတွက် အက်စပရင်ကိုသုံးပါတယ်။

သွေးဆဲလ်တွေကိုနည်းစေတဲ့ဆေးများ- ဟိုက်ဒရောက်ဆီယူရီယာ၊ အင်တာဖရွန်၊ အနာဂရီလိုက်ဒ်( သွေးခဲစေသည့်သွေးဆဲလ်ပမာဏနည်းစေခြင်း) ရူဇိုလီတီနစ် ( ဂျာကာဖီ)

ယားယံခြင်းကိုသက်သာစေသည့်ဆေးများ- အက်စ်အက်စ်အာအိုင်လို့ခေါ်တဲ့ စိတ်ကျခြင်းအတွက်ဆေးတွေက အယားသက်သာစေပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Polycythemia vera ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Polycythemia vera ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းအသင့်အတင့်ပြုလုပ်ခြင်း လမ်းလျှောက်ခြင်းစသဖြင့်- သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးခဲခြင်းကနေကာကွယ်ပေးပါတယ်။

သွေးခဲကြောင့် နှလုံးဖောက်ခြင်းလေဖြတ်ခြင်းဖြစ်နိုင်ချေကို များစတောောကာင့် ဆေးလိပ်ကိုရှောင်ခြင်း

ရေအေးနဲ့ချိုးခြင်းက ယားယံခြင်းကို သက်သာစေပါတယ်။ အရေပြားကိုမကုတ်ဖဲ့ပါနဲ့။ အရေပြားကျန်းမာဖို့အတွက် အစိုဓတ်လိမ်းခရင်ကိုလိမ်းပေးပါ။

သွေးလည်ပတ်မှုကိုနှေးစေတဲ့ အပူချိန်အေးလွန်းခြင်းပူလွန်းခြငးမျိုးကို ရှောင်ပါ။ နေထိုင်တဲ့နေရာရဲ့ရာသီဥတုအပေါ်မူတည်ပြီး သင့်လျော်အောင် ဝတ်စားပါ။

ခြေထောက်လက်များတွင် အနာများကိုစောင့်ကြည့်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Polycythemia vera. https://medlineplus.gov/ency/article/000589.htm. Accessed July 24, 2016.

ယခုပုံစံ

04/12/2019

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement