backup og meta

Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) ကဘာလဲ။

ဖောလစ်အက်ဆစ် ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းဆိုတာ သွေးထဲမှာ ဖောလစ်အက်ဆစ် မရှိတာကို ခေါ်ပါတယ်။ folic acid(ဖောလစ်အက်ဆစ်) ဆိုတာဟာ သင့် ခန္ဓါကိုယ် အတွက် သွေးနီဥတွေ ထုတ်ပေးဖို့ ကူညီပေးနိုင်တဲ့ ဗိုက်တာမင် B တစ်မျိုးဖြစ်ပါတယ်။ သင့်မှာ သွေးနီဥတွေ လုံလုံလောက်လောက်မရှိရင် သွေးအားနည်းခြင်း ဖြစ်လာမှာပါ။

သွေးနီဥတွေဟာ ခန္ဓါကိုယ် အစိတ်အပိုင်းတွေအားလုံးကို အောက်စီဂျင် ပို့ဆောင်ပေးပါတယ်။ သွေးအားနည်းခြင်း ဖြစ်လာပြီဆိုရင်တော့ သွေးတွေကို တစ်ရှုး၊ အသားတွေအားလုံးဆီကို အောက်စီဂျင်တွေ လုံလုံလောက်လောက် မပို့ပေးနိုင်တော့ ပါဘူး။ အောက်စီဂျင် လုံလုံလောက်လောက် မရှိတဲ့ အတွက် သင့် ခန္ဓါကိုယ်ကလည်း လုပ်သင့်သလောက် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။

Folic acid ပမာဏနည်းသွားခြင်းဟာ megaloblastic anaemia လို့ခေါ်တဲ့သွေးအားနည်းခြင်းမျိုးကို ဖြစ်စေနိုင်ပါတယ်။ အဲဒီသွေးအားနည်းခြင်း အခြေအနေမှာ သွေးနီဥတွေက ပုံမှန်ထက် ကြီးနေတာကို တွေ့ရပြီး အရေအတွက်လည်း နည်းနေတာကို တွေ့ရပါတယ်။ ပုံမှန် အဝိုင်းပုံစံမျိုး မဟုတ်ဘဲ ဘဲဥ ပုံ လည်း ဖြစ်နေကြပါတယ်။ တစ်ခါတစ်လေမှာ ဒီ သွေးနီဥတွေက ပုံမှန်သွေးနီဥတွေရဲ့ နေနိုင်တဲ့ သက်တမ်း လောက် ကြာကြာမနေနိုင်ကြပါဘူး။

လူအများစုကတော့ လိုအပ်တဲ့ folic acid ပမာဏကို သူတို့စားတဲ့ အစားအစာတွေထဲက နေ လုံလုံလောက်လောက်ရရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့သူတွေက နေ့စဉ်အစားအစာထဲကနေ လုံလုံလောက်လောက်မရကြတာမျိုး(သို့) စားလိုက်တဲ့ အစားအစာတွေကို စုပ်ယူတဲ့နေရာမှာ ပြသနာလေးတွေ ရှိတာမျိုး ဖြစ်တတ်ကြပါတယ်။ နေ့စဉ် folic acid ပါတဲ့ ဗိုက်တာမင်တွေ သောက်သုံးသင့်လားဆိုတာနဲ့ ပတ်သတ်ပြီး ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ folic acid ပမာဏလုံလုံလောက်လောက်မရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ မှာ ပြင်းထန်ဆိုးရွားတဲ့မွေးရာပါ ချို့ယွင်းချက်တွေပါလာတဲ့ ကလေးမျိုးမွေးဖွားဖို့ ပို ဖြစ်နိုင်ပါတယ်။

Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဖောလစ်အက်ဆစ် ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းဟာ ဘယ်အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် အချက်အလက်တွေ အတွက် ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

folate ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းရဲ့ အဖြစ်များတဲ့ရောဂါ လက္ခဏာတွေကတော့

  • အသားအရောင်ဖြူဖျော့ခြင်း။
  • စိတ်ဆတ်ခြင်း။
  • အားအင် ကုန်ခမ်းပြီး မောပန်းလွယ်ခြင်း။
  • လျှာ မှာ ချောမွေ့ပြီး နာကျင်မှုရှိခြင်း။
  • မူးဝေခြင်း။
  • မေ့လွယ်ခြင်း။
  • အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျခြင်း။
  • အာရုံစူးစိုက်ရာတွင် အခက်အခဲရှိခြင်း။

folate ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းရဲ့ရောဂါ လက္ခဏာတွေဟာ အခြားသွေးရောဂါ အခြေအနေတွေ၊ အခြား ရောဂါတွေနဲ့ ဆင်တူနိုင်ပါတယ်။ ဒါ့ကြောင့် ရောဂါ အမည်သတ်မှတ်ဖို့ကတော့ ဆရာဝန်နဲ့ အမြဲတွေ့ဆုံရပါမယ်။

အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

သင့်မှာ အောက်ပါအချက်တွေရှိနေပါက folate ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ရောဂါဖြစ်နိုင်ပါတယ်။

  • Folic acid ကြွယ်ဝတဲ့ အစားအစာတွေ မစားခြင်း။ အဲဒီ အစားအစာတွေကတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ လတ်ဆတ်တဲ့သစ်သီးတွေ၊ ပြောင်း၊ဂျုံ၊ ဆန်၊နဲ့ အသည်းအပါအဝင် အသား၊ စတာတွေ ဖြစ်ပါတယ်။
  • သင့် ခန္ဓါကိုယ်က folic acid ကို လုံလုံလောက်လောက် မစုပ်ယူရင်။ မစုပ်ယူနိုင်တာမျိုး ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အရက် အလွန်အကျွံသောက်ခြင်း (သို့) ကျောက်ကပ်ဆေးဖို့ထိလိုအပ်နိုင်တဲ့ ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါရှိနေခြင်း တို့ပဲဖြစ်ပါတယ်။
  • Celiac ရောဂါ ကဲ့သို့ အစာခြေ လမ်းကြောင်း အောက်ပိုင်းရောဂါ တစ်ချို့ရှိနေခြင်း။ ကင်ဆာရောဂါရှိတဲ့သူတွေမှာ ဒီလို သွေးအားနည်းခြင်းမျိုး ဖြစ်နိုင်ပါတယ်။
  • phenytoin [Dilantin], methotrexate, sulfasalazine, triamterene, pyrimethamine, trimethoprim-sulfamethoxazole, နဲ့ barbiturates ကဲ့သို့သော အတက်ရောဂါအတွက် အသုံးပြုသော ဆေးတစ်ချို့သောက်သုံးနေခြင်း။
  • သင့်မှာ ကိုယ်ဝန်ရှိနေရင်။ ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးလေးကြီးထွားလာဖို့အတွက် folic acid ပိုပြီးလိုအပ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ရှိတဲ့အခါ မိခင်ကလည်း folic acid ကို စုပ်ယူတာ နှေးစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ folic acid မရှိခြင်းက ကလေးအတွက် ဦးနှောက်၊ ကျောရိုး၊ အာရုံကြောစတာတွေ နဲ့ ပတ်သတ်တဲ့ ချို့ယွင်းချက်တွေ ဖြစ်စေဖို့နဲ့ ဆက်စပ်နေပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

folate ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲဒါတွေကတော့

  • ကျန်းမာစေတဲ့အစားအစာတွေ မစားခြင်း။
  • အရက် အလွန်အကျွံသောက်ခြင်း။
  • ကိုယ်ဝန်ဆောင်ခြင်း။
  • Folic acid မစုပ်ယူနိုင်ခြင်း။
  • အတက်ရောဂါကို ထိန်းချုပ်ဖို့ သုံးတဲ့ဆေးတွေ သောက်သုံးနေရခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က သင့်ကို ဒီရောဂါ ဖြစ်နေတယ်လို့ သံသယရှိပါက အရင်က သင့်ရဲ့ကျန်းမာရေး အခြေအနေတွေ၊ အခုဘယ်လိုခံစားနေရတယ်ဆိုတာတွေ နဲ့ပတ်သတ်ပြီး မေးခွန်းတွေမေးပြီး စစ်ဆေးနိုင်ပါတယ်။ သွေးနီဥအရေ အတွက် နဲ့ folic acid ပမာဏ အလုံအလောက်ရှိ၊ မရှိ စစ်ဆေးဖို့အတွက် သွေးစစ်ဆေးချက် တစ်ချို့ကိုလည်း လုပ်ဆောင်ရနိုင်ပါတယ်။ အဲဒီသွေးစစ်ဆေးချက်တွေကတော့

  • CBC လို့ခေါ်တဲ့ သွေးစစ်ဆေးချက် အပြည့်အစုံ။
  • သွေးနီဥ folate ပမာဏ။

ဗိုက်တာမင် B12 ပမာဏကို လည်းစစ်ဆေးရနိုင်ပါတယ်။ တစ်ချို့သော folic acid ပမာဏ ချို့တဲ့ နေတဲ့သူတွေမှာ ဗိုက်တာမင် B12 လည်းနည်းနေတတ်ပါတယ်။ အဲဒီ အခြေအနေနှစ်ခုဟာ ရောဂါ လက္ခဏာလည်းခပ်ဆင်ဆင် ဖြစ်ပါတယ်။

အစာချေလမ်းကြောင်းက အဓိက ပြသနာဖြစ်နေတယ်ဆိုရင်တော့ barium စစ်ဆေးချက်တွေ လုပ်ဆောင်ရပါမယ်။ တစ်ခါတစ်လေမှာ ရှားရှားပါးပါး ရိုးတွင်းခြင်ဆီ စစ်ဆေးချက်လုပ်ဆောင်ရနိုင်ပါတယ်။

Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) ကို ဘယ်လိုကုသပါသလဲ

ကုသရာမှာ အဓိက ထားလုပ်ဆောင်ရမှာကတော့ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေပြီး ကုသဖို့ပါ။ သင့်ဆရာဝန်က သင့်အတွက် အကောင်းဆုံး ကုသမှုကို အောက်ပါ အချက်အလက်တွေအပေါ်မူတည်ပြီး ရွေးချယ် လုပ်ဆောင်နိုင်ပါတယ်။

  • သင့်ရဲ့ အသက်အရွယ်၊ ကျန်းမာရေး၊ ရောဂါ နောက်ကြောင်း။
  • ဘယ်လောက် အခြေအနေဆိုးနေသလဲ။
  • ကုသမှု တွေ၊ဆေးဝါးတွေ၊ ကုထုံးတွေကို ဘယ်လောက် ခံနိုင်ရည်ရှိသလဲ။
  • ဒီအခြေအနေက ဘယ်လောက်ကြာနိုင်သလဲ။
  • သင့်ရဲ့ အထင်အမြင်။

ကုသမှုတွေမှာ အောက်ပါ အမျိုးအစားတွေ ပါဝင်နိုင်ပါတယ်။

  • ဗိုက်တာမင် နဲ့ သတ္တုဓါတ် ဖြည့်ပေးခြင်း။
  • အစားစာ ပုံစံ ပြောင်းလဲပေးခြင်း။
  • ဆေးဝါးများ။
  • ရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းကို ကုသခြင်း။

အနည်းဆုံး ၂လ မှ ၃လလောက်ထိ folic acid ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ အဲလို ဖြည့်တင်းဖို့အတွက် ဆေးလုံးတွေနဲ့ လည်းသောက်သုံးနိုင်သလို ဆေးလည်းထိုးနိုင်ပါတယ်။ folic acid ကြွယ်ဝတဲ့ အစာတွေစားခြင်းနဲ့ အရက်ဖြတ်လိုက်ခြင်းက လည်း အရေးကြီးပါတယ်။ တကယ်လို့ အစာချေလမ်းကြောင်းပြသနာကြောင့် ဖြစ်တယ်ဆိုရင် အဲဒီ ပြသနာတွေကို အရင်ကုသဖို့လိုအပ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။

folate ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?

ဆက်လက်ဖော်ပြမယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေ ကတော့ folate ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ကို ထိန်းချုပ်ပေးဖို့ ကူညီပေးနိုင်ပါတယ်။

ထပ်ပြီး သွေးအားနည်းတာမျိုး မဖြစ်ရအောင် folic acid ကြွယ်ဝတဲ့ အစားအစာတွေ စားပေးရပါမယ်။ အဲဒီ အစားအစာတွေကတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ လတ်ဆတ်တဲ့သစ်သီးတွေ၊ ပြောင်း၊ဂျုံ၊ ဆန်၊နဲ့ အသည်းအပါအဝင် အသား၊ စတာတွေ ဖြစ်ပါတယ်။

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Folate-Deficiency Anemia. http://www.hopkinsmedicine.org/healthlibrary/conditions/hematology_and_blood_disorders/anemia_of_folate_deficiency_85,P00089/. Accessed 2 Jan 2017
2. Folate-deficiency anemia. https://medlineplus.gov/ency/article/000551.htm. Accessed 2 Jan 2017
3. Folic Acid Deficiency Anemia – Topic Overview. http://www.webmd.com/a-to-z-guides/tc/folic-acid-deficiency-anemia-topic-overview#1. Accessed 2 Jan 2017

ယခုပုံစံ

02/12/2019

Khine Phoo Ngon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း



Khine Phoo Ngon မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement