backup og meta

မျှဝေပါ။

လမစေ့ဘဲမွေးသော ကလေးများတွင်ဖြစ်သည့် အရိုးနှင့် အခြားကျန်းမာရေးပြသနာများ

လမစေ့ဘဲ ကလေးမွေးခြင်းသည် မွေးကင်းစ တစ်လအောက် ကလေးများတွင် အသေအများဆုံးဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ ထိုကလေးများသည် အသက်ရှင်သွားလျှင်ပင် အသက်ကြီးလာသည်နှင့်အမျှ ဖွံ့ဖြိုးမှုနှေးခြင်း၊ နာတာရှည် အဆုတ်ရောဂါဖြစ်ခြင်း နှင့် ဦးနှောက်ဉာဏ်ရည်မမီခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရပါသည်။ ထိုအခါ မိသားစုဝင်များသည်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် ဆေးကုသစရိတ်အတွက် ငွေရေးကြေးရေး မပြေလည်မှုများကြုံတွေ့လာရသည်။

လမစေ့ဘဲ မွေးသောကလေးများတွင် အသက်ကြီးလာလျှင် ထိုကလေး၏ အရိုးများကို ဘယ်လိုသက်ရောက်မှုဖြစ်စေသလဲ။

လမစေ့ဘဲ ကလေးမွေးခြင်း၏ အသိသာဆုံးသော နောက်ဆက်တွဲပြသနာမှာ အရိုးပြသနာများဖြစ်ခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံးအပတ်များတွင် မိခင်ထံမှ ကယ်လ်ဆီယံဓါတ်များသည် သန္ဓေသားဆီသို့ရောက်ခြင်းဖြင့် သန္ဓေသား၏အရိုးများကို အားဖြည့်ပေးခြင်းဖြစ်သည်။ လမစေ့ဘဲမွေးသော ကလေးများတွင် ထိုဖြစ်စဉ်ကို မမီလိုက်သောကြောင့် အရိုးသိပ်သည်းဆလျော့နည်းကယ အသက်ကြီးလာသည်နှင့်အမျှ အရိုးပြသနာများဖြစ်လာရခြင်းဖြစ်ပေသည်။

ယင်းသီအိုရီကို အမေရိကန်နိုင်ငံ ဟော်မုန်းနှင့် အရိုးရောဂါလေ့လာရေးမှ Professor Unni Syversen ကလေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုလေ့လာမှုတွင် ကလေးငယ်များ၏ကြီးထွားမှုဖြစ်စဉ်ကို အုပ်စု ၃ စုခွဲပြီးလေ့လာခဲ့ခြင်းဖြစ်သည်။

ထို့နောက်သုတေသီများက စာရင်းအင်းများပြုစုလိုက်သောအခါ လမစေ့ဘဲမွေးသော ကလေးများအုပ်စုသည် အခြားသော အုပ်စုရှိကလေးများထက် အရိုးသိပ်သည်းဆပိုနည်းနေကြောင်းတွေ့ရပါသည်။ ထို့ပြင် အရိုးသိပ်သည်းဆသည် အရပ်ရှည်ခြင်း ပုခြင်း၊ ခန္ဓါကိုယ်အလေးချိန် အနည်းအများတို့နှင့်

မသက်ဆိုင်ကြောင်းလည်း တွေ့ရပါသည်။

ထို့ပြင် ထိုလမစေ့ဘဲမွေးသော ကလေးများတွင် အရိုးသိပ်သည်းဆများစေရန် အစားအသောက်ပုံစံနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းများပြူလုပ်နိုင်ကြောင်းလေ့လာတွေ့ရှိရပါသည်။

လမစေ့ဘဲမွေးသော ကလေးများတွင်အောက်ပါ ကျန်းမာရေးပြသနာများလည်း ဖြစ်နိုင်ပါသည်။

· ပန်းနာရင်ကျပ်ရောဂါဖြစ်ခြင်း

ထိုသို့ဖြစ်လျှင် အသက်ရှုလမ်းကြောင်းများကို ထိခိုက်စေသောကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများဖြစ်နိုင်ပါသည်။

· အဆုတ်နှင့် လေပြွန်လမ်းကြောင်းတွင် ဆဲလ်များ မူမမှန်ဖြစ်ခြင်း

· အမူအကျင့်ဆိုင်ရာ ပြသနာများဖြစ်သည့် သူတပါး၏ဂရုစိုက်မှုကို အလွန်တရာလိုအပ်ခြင်း နှင့် စိုးရိမ်စိတ်များခြင်း တို့ဖြစ်ခြင်း

· ဦးနှောက်ပိုင်းဆိုင်ရာပြသနာများဖြစ်သည့် ဉာဏ်ရည်နိမ့်ခြင်း နှင့် ပင်မကျောရိုးနှင့် အာရုံကြောဆိုင်ရာပြသနာများဖြစ်ခြင်း

· ကလေးငယ်၏ စကားပြောစွမ်းရည်၊ လူမှုဆက်ဆံရေးနှင့် အမူအကျင့်ပိုင်းဆိုင်ရာတွင် အားနည်းမှုများဖြစ်သည့် အော်တစ်ဇင် ရောဂါ

· အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြသနာများ

· အဆုတ်ရောင် နမိုးနီးယားရောဂါနှင့် ဦးနှောက်အမြှေးပါးရောင်ရောဂါ

· လမစေ့ဘဲမွေးခြင်းကြောင့် မျက်စိအမြင်လွှာတွင် ရောဂါဖြစ်ခြင်း

· လမစေ့ဘဲမွေးခြင်းကြောင့် အဖြစ်များဆုံဖြစ်သော အကြားအာရုံ ချို့ယွင်းခြင်း

· သွားပြသနာများ

. သွားပေါက်နှေးခြင်း၊ မညီညာခြင်း နှင့် သွားအရောင်များမူမမှန်ခြင်း

လမစေ့ဘဲမွေးခြင်းကို ကာကွယ်နိုင်ပါသလား။

မကြာသေးမီက ပြုလုပ်ထားသော လေ့လာချက်များအရ ၆၅% သော အမျိုးသမီးများနှင့် ၅၉%သော အမျိုးသားများသည် လမစေ့ဘဲကလေးမွေးခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများနှင့် မတော်တဆ ပက်သက်မိတတ်ကြသည်ကို တွေ့ရသည်။

အောက်ပါတို့သည် လမစေ့ဘဲမွေးခြင်းကို ကာကွယ်နိုင်သော အချက်များဖြစ်ပေသည်။

ကိုယ်ဝန်စောင့်ရှောက်မှုကို စောစော ခံယူခြင်း

လမစေ့ဘဲမွေးခြင်းကို ကာကွယ်နိုင်သော အလွယ်ကူဆုံး အချက်မှာ ကိုယ်ဝန်ဆောင်ချိန်တွင် စစ်ဆေးမှုများကို မှန်မှန်ခံယူပြီး ကောင်းမွန်သော ကိုယ်ဝန်စောင့်ရှောက်မှုကို ခံယူခြင်း ဖြစ်ပေသည်။ သင့်ဆရာဝန်သည် သက်ကိုယ်ဝန်ဆောင်ချိန်တွင် စားသောက်နေထိုင်ရန်ပုံစံများ၊ အဝမလွန်စေရန် လေ့ကျင့်ခန်းများပြုလုပ်ခြင်းများနှင့်သင့်ဗိုက်ထဲမှ ကလေးကို ထိခိုက်နိုင်မည့် ကူးစက်ရောဂါများကို စစ်ဆေးခြင်းများကို ပြုလုပ်ပေးပါလိမ့်မည်။

သင်သည် လမစေ့ဘဲမွေးနိုင်ခြေရှိမရှိ သိသင့်သည်။

အချို့သော အမျိုးသမီးများသည် လမစေ့ဘဲမွေးနိုင်ချေများသော အကြောင်းရင်များကို ပိုင်ဆိုင်ထားကြသည်။ ယင်းတို့သည် မွေးလာမည့်ကလေးကို ထိခိုက်စေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်စဉ်ကပင် ထိုဖြစ်နိုင်ချေများကို ထိန်းချုပ်ရန်၊ လျှော့ချရန်ဆောင်ရွက်သင့်ပါသည်။

ယင်းတို့မှာ

· မိခင်သည် အသက် ၃၅ နှစိနှင့် အထက်ဖြစ်ခြင်း

· ဆေးလိပ်နှင့် တရားမဝင်မူးယစ်ဆေးဝါးများ သုံးစွဲခြင်း

· ကိုယ်ဝန်အမွှာပူများဖြစ်ခြင်း

· ဆီးချိုရောဂါ၊ သွေးတိုးရောဂါဖြစ်ခြင်း

· ကိုယ်ဝန်ဆောင်ချိန်တွင် သားအိမ်ပိုးဝင်ရောဂါဖြစ်ခြင်း

· ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတိုးခြင်း

· ကိုယ်အလေးချိန် မထိန်းနိုင်ခြင်း စသည်တို့ဖြစ်သည်။

စစ်ဆေးမှုများခံယူပါ။

သားအိမ်နှင့် မိန်းမကိုယ်လမ်းကြောင်းကူးစက်ရောဂါများ၊ gonorrhea , chlamydia ကဲ့သို့သော လိင်မှတဆင့် ကူးစက်သောရောဂါများသည် လမစေ့ဘဲမွေးနိုင်ချေများစေသော အကြောင်းရင်များဖြစ်သည်။

သွားဆရာဝန်နှင့် ပြပါ။

ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းပြောင်းလဲမှုများသည် လမစေ့ဘဲမွေးဖွားနိုင်ချေကို မြင့်တက်စေသည်။

ကိုယ်ဝန်ဆောင်ချိန် လလယ်ခန့်တွင်သွားဖုံးရောင်ခြင်းများဖြစ်တတ်ပြီး ကိုယ်ဝန် ၉ လခန့်တွင် သက်သာသွားတတ်သည်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက သွားဖုံးရောင်ခြင်း ပြသနာဖြစ်နေလျှင် ဆေးကူသမှုများမခံယူပါက ပိုဆိုးလာနိုင်ချေရှိပါသည်။

သင့် ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ။

ကိုယ်အလေးချိန် အလွန်တက်လာခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုတက်ခြင်း၊ သွေးတိုးခြင်းများကို ဖြစ်စေကာ လမစေ့ဘဲမွေးနိုင်ချေကို မြင့်တက်လာစေသည်။ ထို့ပြင် ကိုယ်အလေးချိန်နည်းလွန်းခြင်းကလည်း သန္ဓေသားအား လုံလောက်သော အာဟာရဓါတ်များကို မပေးနိုင်ခြင်းကြောင့် လမစေ့ဘဲမွေးနိုင်ချေကို မြင့်တက်လာစေသည်။

ကိုယ်ဝန်ဆောင်မိခင် တစ်ဦးသည် ကိုယ်ဝန်ဆောင်ချိန်တွင် ပျမ်းမျှအားဖြင့် ၁၁ မှ ၁၆ ကီလိုအထိသာ ကိုယ်အလေးချိန်မြင့်တက်သင့်သည်။ ထို့ကြောင့် သင်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဝလွန်းခြင်း၊ ပိန်လွန်ခြင်းများဖြစ်နေပါက အစားအသောက်နှင့် လေ့ကျင့်ခန်းများကို တိကျစွာ ပုံစံပေးနိုင်ရန် ဆရာဝန်ထံပြသဖို့ လိုအပ်ပါသည်။

မှန်ကန်သော အစားအသောက်များစားခြင်း နှင့် လေ့ကျင့်ခန်းများပြုလုပ်ခြင်း

သင်သည် ကိုယ်ဝန်ဆောင်ချိန်တွင် အာဟာရပြည့်ဝသော အစားအစာများစားခြင်းဖြင့် သင့်ကလေးကို ကျန်းမာစေရုံသာမက မွေးရဖွားရလည်း လွယ်ကူစေပါသည်။

ကိုယ်ဝန်ဆောင်မိခင်များသည် ဂျုံကြမ်းများ၊ အသားဓါတ်၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို စားသင့်ပါသည်။ ထို့ပြင် လေ့လာမှုများအရ ဆော်လမွန်ငါးတွင် အများအပြားပါရှိသော အိုမီဂါ ၃ အဆီဓါတ်သည်လည်း လမစေ့ဘဲမွေးခြင်းကို လျော့နည်းစေသည်ဟု ဆိုပါသည်။

သောက်နေသော ဆေးများ

စိတ်ပူပန်ခြင်း နှင့် စိတ်ကျရောဂါဖြစ်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် သာမန်အမျိုးသမီးများထက် လမစေ့ဘဲမွေးခြင်းဖြစ်နိုင်ချေ ၂ဆ များသည်ဟု Dr. Lockwood ကဆိုပါသည်။ ထို့ကြောင့် ထိုရောဂါကို အချိန်မီကုသရန် လိုပါသည်။ သို့သော်စိတ်ကျရောဂါကို ကုသသော SSRI ဆေးများသည် လမစေံဘဲမွေးခြင်းနှင့် ဆက်စပ်နေကြောင်းတွေ့ရသည်။

ကံကောင်းစွာပင် အမေရိကန် ကယ်လ်ဖိုးနီးယားမြောက်ပိုင်းရှိ Wake Forest တက္ကသိုလ်မှ သားဖွားမီးယပ်ပညာရှင်များ၏ လေ.လာချက်အရ ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော Progestrone ကဲ့သိုကဟော်မုန်းများသည် ယခင်း လမစေ့ဘဲမွေးဖူးသော ကလေးများတွင် လမစေ့နိုင်ချေကို ၃၄% လျှော့ပေးနိုင်ကြောင်းတွေ့ရသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can You Prevent Preterm Labor? http://www.parenting.com/article/can-you-prevent-preterm-labor. Accessed April 19, 2017.

Long-term health effects of premature birth. http://www.marchofdimes.org/complications/long-term-health-effects-of-premature-birth.aspx#. Accessed April 19, 2017.

Premature babies more at risk of brittle bones in later life, claims study. http://www.mirror.co.uk/lifestyle/health/premature-babies-more-risk-brittle-8079456. Accessed April 19, 2017.

Premature Babies May Grow Up to Have Weaker Bones. http://www.sciencenewsline.com/news/2016053015170003.html. Accessed April 19, 2017.

ယခုပုံစံ

12/05/2020

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement