အဓိပ္ပါယ်ဖွင့်ဆိုချက်
Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) ကဘာလဲ။
မိန်းမကိုယ်ခြောက်သွေ့တယ်ဆိုတာ အထူးသဖြင့်သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပေမဲ့ အသက်အရွယ်မရွေးကြုံတွေ့ရနိုင်ပါတယ်။ သွေးဆုံးတဲ့အခါမှာ အမျိုးသမီးတွေခန္ဓါကိုယ်က အီစရိုဂျင်ဟော်မုန်းထုတ်လုပ်မှုတဖြည်းဖြည်းနည်းသွားပြီး ရပ်တန့်သွားလေ့ရှိတယ်။ ဒီလိုဖြစ်သွားတဲ့အခါမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြောင်းလဲမှုတွေဖြစ်ပေါ်လာလေ့ရှိတယ်။ ဥပမာအားဖြင့် ရာသီလာတာမမှန်တော့ဘူး၊ နောက်ပိုင်းလုံးဝရပ်သွားမယ်၊ စိတ်အပြောင်းအလဲမြန်မယ် မျက်နှာနီမြန်းမယ်၊ အသံသြလာမယ်၊ နောက်ပြီး မျက်နှာမှာ အမွှေးအမျှင်တွေထူလာမယ်။ မိန်းမကိုယ်ခြောက်သွေ့တယ်ဆိုတာလည်း သွေးဆုံးတဲ့လက္ခဏာတစ်ခုထဲပါဝင်ပြီး အမျိုးသမီး ၃ယောက်မှာ တစ်ယောက်တော့ကြုံရလေ့ရှိပါတယ်။ ဒီလိုဖြစ်တာဘာမှမဟုတ်ဘူးလို့ထင်ရနိုင်ပေမဲ့ မိန်းမကိုယ်မှာရှိသင့်တဲ့စိုထိုင်းမှုမရှိပဲ ခြောက်သွေ့နေတာက အမျိုးသမီးတစ်ယောက်ရဲ့ လိင်စိတ်ကိုအများကြီးသက်ရောက်မှုဖြစ်စေပါတယ်။ ကံကောင်းတာက ဒီလိုမိန်းမကိုယခြောက်သွေ့တာကို ကုသဖို့နည်းလမ်းတချို့ ပေါ်နေပါပြီ။