နို့သီးခေါင်း ခြောက်သွေ့နာကျင်ခြင်း။
နို့သီးခေါင်းကွဲခြင်း (သွေးယိုစီးမှု တခါတရံ ရှိတတ်ပြီး တခါတရံလည်း မရှိတတ်ပါ)။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Nipple itching (နို့သီးခေါင်းယားယံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အမှန်ကန်ဆုံးသော အဖြေကို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် ပြသပါ။
Nipple itching (နို့သီးခေါင်းယားယံခြင်း) ကို ဘယ်လိုကုသပါသလဲ
ယေဘုယျအနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ နို့သီးခေါင်းယားယံခြင်းကို မိမိတို့ဖာသာ ကုသနိုင်ပါတယ်။
ဓါတုဗေဒပစ္စည်းတွေ မပါဝင်တဲ့ ဗီတာမင် အီး၊ကိုကာထောပတ် ဒါမှမဟုတ် သိုးမှထုတ်ထားသော လန်နိုလင်အဆီ စတာတွေကို အသုံးပြုနိုင်ပါတယ်။ ဗက်ဆီလင်းအလှဆီကဲ့သို့သော အဆီတွေကို တနေ့တာလုံး ထပ်ဆောင်းလိမ်းပေးခြင်းအားဖြင့် အရေပြားအစိုဓါတ်ကို ကူညီထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။ ရေချိုးပြီးတဲ့အခါ (အထူးသဖြင့် မနက်ပိုင်းနဲ့ ညနေပိုင်း) လိုးရှင်း ဒါမှမဟုတ် ဗက်ဆီလင်း အလှဆီတို့ကို နို့သီးခေါင်းအား လိမ်းပေးနိုင်ပါတယ်။
အနံ့မပါတဲ့ ခပ်ပျော့ပျော့ ဒီတားဂျန့်တွေကို သုံးစွဲမယ်ဆိုရင် ဓါတုဗေဒပစ္စည်းအပြင်းစားတွေကြောင့် အရေပြားထိခိုက်မှုကို အတိုင်းအတာတခုထိ ကာကွယ်ပေးနိုင်ပါတယ်။
သင့်လျော်တဲ့ အတွင်းခံ(ဘရာ)ကို ဝတ်ပါ။ မိမိခန္ဓါကိုယ်နဲ့ မချောင်လွန်း၊မကြပ်လွန်းတဲ့ ကိုယ်ဝန်ဆောင်ဝတ်ဘရာစီယာတွေကို အသုံးပြုပေးမယ်ဆိုရင် ရင်သားဆီ လေဝင်လေထွက်ကောင်းမွန်စေမယ့်အပြင် အရမ်းမကြပ်လွန်းတဲ့အတွက် ယားယံခြင်းတွေကိုလည်း ကူညီလျှော့ချပေးပါလိမ့်မယ်။
ရင်သား သို့မဟုတ် နို့သီးခေါင်းနှင်းခူကို အောက်ပါနည်းလမ်းတွေနဲ့ ကုသပေးနိုင်ပါတယ်။
- ဓါတ်မတည့်မှုကို ဖြစ်စေ၊ပိုဆိုးစေတဲ့ အရာတွေကို ရှောင်ကျဉ်ရပါမယ်။
- ကုတ်လေယားလေဖြစ်ပြီး အရေပြားပိုးဝင်ခြင်းကိုလည်း ဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်သမျှ မကုတ်ပါနဲ့။
- အရေပြားအစိုဓါတ်ကို ကောင်းစွာ ထိန်းသိမ်းပါ (သင့်တော်မယ့် ရေဓါတ်ထိန်းပစ္စည်း moisturizers ကို သုံးစွဲပါ)။
- စတီးရွိုက်လိမ်းဆေး ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို သုံးစွဲပါ။
- hydroxyzine ကဲ့သို့သော ဟစ်စတာမင်းဆန့်ကျင်ဆေးဝါးတွေကို သုံးစွဲပါ။
ကူးစက်ပိုးပါ ဝင်လာရင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေကိုပါ သုံးစွဲပြီး ကုသရပါမယ်။ ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ သုံးစွဲပါ။
ရင်သား သို့မဟုတ် နို့သီးခေါင်း မှိုစွဲခြင်းကို ကုသဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးရပါမယ်။
- မှိုစွဲရောဂါ ကုသရာမှာ အသုံးပြုတဲ့ ခရင်မ် နဲ့ သောက်ဆေးတွေကို သုံးစွဲပါ။
- နို့သီးခေါင်းကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။
- နို့ခံအဝတ်တွေကို တနေ့တာလုံး လိုအပ်သလို လဲပေးပါ။
- အဝတ်အစားတွေ၊မျက်နှာသုတ်ပုဝါတွေ၊တဘက်တွေ၊ဘရာစီယာတွေ၊နို့ခံအဝတ်တွေနဲ့ အခြားအဝတ်အထည်တွေကို ရေနွေးပူပူ၊ဆပ်ပြာများများနဲ့ ပြုတ်လျှော်ပါ။ လျှော်ပြီးတဲ့အခါမှာလည်း ဖြစ်နိုင်ရင် သဘာဝလေနဲ့ ခြောက်သွေ့ပါစေ။
နို့ညှစ်ကိရိယာနဲ့ နို့သီးခေါင်းတွေကို ရေနွေးနဲ့ ငါးမိနစ်လောက်ထည့်ပြုတ်ပြီး ပိုးသတ်ပါ(ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ပိုးသတ်ပါ)။ ပစ္စည်းတွေကို တပတ်တခါအသစ်လဲပစ်တာ အကောင်းဆုံးပါ။
အပြေးသမားတွေမှာ ဖြစ်ပွားတတ်တဲ့ နို့သီးခေါင်းပြဿနာကို ကာကွယ်ကုသဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းတွေကို လိုက်နာရပါမယ်။။
- နို့သီးခေါင်းထပ်မံထိခိုက်မှုကို ကာကွယ်ဖို့အတွက် အနာကောင်းကောင်းကျက်သွားတဲ့အချိန်ထိ ကိုယ်လက်လှုပ်ရှားမှုတွေကို ခေတ္တနားထားရပါမယ်။
- ပဋိဇီဝပိုးသတ်ခရင်မ်တွေကို အသုံးပြုပါ။
- ခပ်ချောင်ချောင်ရှပ်အင်္ကျီတွေကို ဝတ်ဆင်ခြင်း၊အနားသတ်လိုင်းမပါတဲ့ ခပ်ပျော့ပျော့ ဘရာစီယာတွေကို ဝတ်ဆင်ခြင်း၊အားကစားသမားဝတ် ကိုယ်တပိုင်းပြတ်ဘရာအင်္ကျီကို ဝတ်ဆင်ခြင်း၊ရင်ဘတ်ကို ဖိကပ်ထားသော အားကစားဝတ်စုံတွေကို ဝတ်ဆင်ခြင်း ဒါမှမဟုတ် အသားပျော့ပျော့ရှပ်အင်္ကျီတွေကို ဝတ်ဆင်ခြင်း စတာတွေကို ရှောင်ကျဉ်ရပါမယ်။
- အားကစားလှုပ်ရှားမှု မပြုလုပ်ခင်မှာ နို့သီးခေါင်းကို ရေလုံတဲ့ ပလတ်စတာကပ်ပြီး ကြိုတင်ကာကွယ်ပါ။
အားကစားလှုပ်ရှားမှု မပြုလုပ်ခင်မှာ နို့သီးခေါင်းကို ကာကွယ်ပေးနိုင်တဲ့ အလှဆီ၊လိမ်းဆေး စတာတွေကို ကြိုတင်လိမ်းပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နို့သီးခေါင်း ယားယံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နို့သီးခေါင်း ယားယံခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ဓါတ်မတည့်အရေပြားရောင်ရမ်းမှုကြောင့် နို့သီးခေါင်း သို့မဟုတ် ရင်သားယားယံခြင်းကို ကာကွယ်ဖို့အတွက် သင့်လျော်တဲ့ အသားအရေထိန်းသိမ်းမှုကို ဂရုတစိုက်လုပ်ဆောင်ရပါမယ်။ ဒါပေမယ့်လည်း အချို့သောအကြောင်းရင်းတွေ (ဥပမာ ကင်ဆာ)ကတော့ ကာကွယ်လို့မရနိုင်ပါဘူး။
ရင်သားရောင်ရမ်းခြင်းကို ကာကွယ်နိုင်ဖို့အတွက် နို့တိုက်တဲ့အခါ ကုန်အောင်တိုက်ပါ။
အခြားသော ကာကွယ်မှုနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ကလေးနို့တိုက်တဲ့အခါ ဘယ်ညာ တလှည့်စီတိုက်ပါ။
- နို့တိုက်တဲ့အနေအထားကို ပြောင်းပါ။
- နောက်တဖက် ပြောင်းမတိုက်ခင် ပထမနို့မှာ နို့ကုန်တာ သေချာပါစေ။
- ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်တွေကို ရရှိနိုင်ဖို့အတွက် နို့ချိုတိုက်ကျွေးခြင်းနဲ့ ပတ်သက်ပြီး တတ်ကျွမ်းနားလည်သူတွေထံ သွားရောက် ဆွေးနွေးပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။