backup og meta

မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက်

မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက်

ကျန်းမာရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမှာ၊ မေးရမှာ ရှက်ရွံ့ကြတဲ့အထဲမှာ မိန်းမကိုယ်ကျန်းမာရေးလည်းပါဝင်ပါတယ်။ မိန်းကလေးတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေကိုလည်းသိထားသင့်တာပေါ့။ မမြင်ကွယ်ရာ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် သူ့မှာပြဿနာတစ်ခုခုရှိနေရင် စိတ်ဖိစီးတာတွေ၊ အိမ်ထောင်ဘက်နဲ့အဆင်မပြေတာတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာတွေ စတဲ့ တခြားကိစ္စတွေမှာပါ ထိခိုက်လာစေနိုင်တာကိုး။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ မေးဖို့ ရှက်ကြတဲ့ မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် လေးတွေအကြောင်း ပြောပြပေးသွားပါမယ်။

မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက်

မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် တွေက ဘာတွေများလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်နဲ့သားအိမ်ဟာ မိန်းကလေးတွေမှာပဲရှိတဲ့ ထူးခြားတဲ့လက်ဆောင်ပါ။ ဒီအစိတ်အပိုင်းတွေကြောင့်ပဲ အမေမွေးလို့ လူတွေဖြစ်လာတာမဟုတ်လား။ မိန်းမကိုယ်ကို အမျိုးသမီးအင်္ဂါရဲ့အပြင်ဘက် ယောနိဝကနေ သားအိမ်ခေါင်းဆီကို တွယ်ဆက်ထားတဲ့မွေးလမ်းကြောင်းလို့လည်း ခေါ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းဖြစ်နေတဲ့ မိန်းမကိုယ်ရဲ့ကျန်းမာရေးကို ဘယ်အချက်တွေက သက်ရောက်မှုရှိနိုင်လဲဆိုတာ ဆက်လေ့လာကြည့်ကြမယ်။

သန့်ရှင်းမှုဆိုတာ မိန်းမကိုယ်ကိုပဲ သတိရတိုင်းဆေးကြောသန့်စင်နေဖို့မလိုပါဘူး။ အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပုံမှန်သန့်စင်ပေးပြီးရင် တစ်ကိုယ်ရေသန့်ရှင်းမှုကိုဂရုစိုက်ဖို့ပဲ အရေးကြီးပါတယ်။ အဝတ်အစားသန့်ရှင်းမှုမရှိ၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိရင် မိန်းမကိုယ်ကို ရောဂါပိုးဝင်စေနိုင်တယ်၊ မကောင်းတဲ့သက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။
(၂) အဝတ်အစား
ပူပြီးလှောင်တဲ့ ပိတ်စအသားတွေနဲ့အဝတ်အစားတွေရယ်၊ သိပ်ကိုကျပ်စည်းနေတဲ့ အဝတ်အစားတွေရယ် မိန်းမကိုယ်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ အတွင်းခံတွေအတွင်းမှာ စိုစွတ်အိုက်လှောင်နေရင် ဘက်တီးရီးယားပိုးတွေ၊ အထူးသဖြင့် မှိုပိုးတွေပေါက်ဖွားဖို့ ပိုလွယ်စေပါတယ်။
အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကနေ STDရောဂါတွေကူးစက်လာနိုင်တယ်။STD လို့ခေါ်တဲ့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တယ်။ ကလမိုင်းဒီးယား(chlamydia)၊ ဆီးပူညောင်းကျရောဂါ၊ လိင်အင်္ဂါကြွက်နို့၊ ဆစ်ဖလစ်၊ လိင်အင်္ဂါရေယုန်တို့အပါအဝင် လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေဖြစ်လာပြီဆို ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်း ဒါမှမဟုတ် လိင်အင်္ဂါအနာ စတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။
(၄)ရောဂါအခံနဲ့ ကုသမှုများ
သားအိမ်ဆဲလ်များ သားအိမ်ပြင်ပရောက်နေသော ရောဂါ(Endometriosis) နဲ့ နာတာရှည်တင်ပါးဆုံရောင်ရမ်းခြင်း (pelvic inflammatory disease)တို့လိုရောဂါတွေက လိင်ဆက်ဆံတဲ့အခါနာကျင်စေနိုင်ပါတယ်။ တင်ပါးဆုံပိုင်းခွဲစိတ်မှုနဲ့ကင်ဆာကုထုံးတချို့ကြောင့်လည်း လိင်ဆက်ဆံချိန်မှာနာကျင်ရနိုင်တယ်။ ပဋိဇီဝဆေးဝါးတွေသောက်သုံးရရင်လည်း မိန်းမကိုယ်မှိုပိုးဝင်ဖို့ ပိုဖြစ်လွယ်စေပါတယ်။

(၅) အမွှေးနံ့ပြင်းတဲ့တစ်ကိုယ်ရေသုံးပစ္စည်း

အနံ့ဆိုးကင်းပြီး အမြဲမွှေးကြိုင်နေစေဖို့ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေတိုက်၊ ဖျန်းဆေးတွေ၊ အတွင်းပိုင်းဆေးကြောတဲ့ဆေးရည်တွေသုံးတာက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တာသေချာပါတယ်။ မိန်းမကိုယ်ကိုခြောက်သွေ့ယားယံတာ၊ သဘာဝကာကွယ်မှုစနစ်ကိုထိန်းညှိပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေလျော့နည်းတာ၊ရောဂါပိုးဝင်လွယ်တာတွေဖြစ်လာစေနိုင်တယ်။ နဂိုကမှ မိန်းမကိုယ်ကျန်းမာရေးမှာပြဿနာရှိနေရင်လည်း ပိုဆိုးစေနိုင်ပါတယ်။

(၆) ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမီးဖွားခြင်း

ကိုယ်ဝန်ဆောင်ရပြီဆို ကလေးမွေးတဲ့အထိ ရာသီသွေးမဆင်းတော့ဘူးမလား။ အဲဒီကာလအတွင်းမှာ အဖြူဆင်းတာ ပိုများတတ်ပါတယ်။ ကလေးမွေးတဲ့အခါလည်း မိန်းမကိုယ်စုတ်ပြဲခြင်းလည်းဖြစ်ရတယ်(ရိုးရိုးမွေးရင်)၊ တစ်ခါတလေလိုအပ်လာရင်ဆရာဝန်တွေက episiotomy လို့ခေါ်တဲ့ မိန်းမကိုယ်အဝကို ခွဲစိတ်ချဲ့ပေးတာလည်း လုပ်ပေးပါတယ်။ ကလေးမွေးပြီးတဲ့နောက်ပိုင်းမှာ မိန်းမကိုယ်ရဲ့ကြွက်သားကျုံ့ဆန့်နိုင်စွမ်းကလည်း အားလျော့သွားနိုင်ပါတယ်။

(၇)ဆီးချိုသွေးချို

မှိုပိုးဝင်ခြင်း ခဏခဏဖြစ်နေတာက အမျိုးသမီးတွေမှာ ဆီးချိုသွေးချိုဖြစ်နေကြောင်း ကနဦးလက္ခဏာဖြစ်နေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ပမာဏမြင့်တက်နေတဲ့အခါ အထူးသဖြင့် မိန်းမကိုယ်တစ်ရှူးတွေအတွင်းမှာ မှိုပိုးတွေပေါက်ဖွားရှင်သန်ရာတစ်ခုဖန်တီးသလိုဖြစ်စေနိုင်ပါတယ်။ ဆီးချိုမထိန်းနိုင်တဲ့ အမျိုးသမီးတွေမှာ မှိုပိုးဝင်ခြင်း အမြဲလိုလိုဖြစ်နေလို့ အတော်ဒုက္ခရောက်ရပါတယ်။

(၈)ဟော်မုန်းပမာဏ

မိန်းကလေးတွေမှာရှိတဲ့ဟော်မုန်းပမာဏအပြောင်းအလဲတွေက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တယ်။ ဥပမာ သွေးဆုံးပြီးနောက်ပိုင်း ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့ကာလတွေမှာ အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကျဆင်းသွားနိုင်တယ်။ အက်စထရိုဂျင်လျော့ကျမှုက မိန်းမကိုယ်မြှေးနံရံကို ပါးစေပြီးမွေးလမ်းကြောင်းကိုခြောက်သွေ့စေနိုင်ပါတယ်။

မိန်းမကိုယ်မှာ ပြဿနာတစ်ခုခုရှိနေပြီဆိုရင် –

  • အဖြူဆင်းတာက အရောင်၊ အနံ့၊ ပမာဏာပြောင်းလဲလာတာ၊
  • မိန်းမကိုယ်မှာ နီမြန်းတာ၊ ယားယံတာ၊
  • ရာသီလာမယ့်ရက်မဟုတ်ဘဲ ကြားချိန်မှာ၊ လိင်ဆက်ဆံပြီးချိန်မှာ၊ ဒါမှမဟုတ် သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းတာ၊
  • မိန်းမကိုယ်မှာ အခဲပိတ်ဆို့တာ၊
  • လိင်ဆက်ဆံရင်နာကျင်တာ စတဲ့ လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေဖြစ်လာရင် ဆရာဝန်ပြပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.womenshealthmag.com/health/a19988510/healthy-vagina/

Accessed April 8, 2019.

https://www.mayoclinic.org/healthy-lifestyle/womens-health/in-depth/vagina/art-20046562

Accessed April 8, 2019.

ယခုပုံစံ

07/03/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းမကိုယ် ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ

မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement