လူနာရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံ၊ ထည့်သွင်းမယ့် ပစ္စည်းအမျိုးအစားနဲ့ လူနာရဲ့ရွေးချယ်မှုအပေါ်မူတည်ပြီး ရင်သားပစ္စည်းကို ရင်သားရဲ့အောက်ဖက်မှာဖြစ်စေ၊ ချိုင်းနားကနေဖြစ်စေ၊ နို့သီးခေါင်းနားကဖြစ်စေ ခွဲစိတ်ထည့်သွင်းလေ့ရှိပါတယ်။
ဘာဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်လဲ
ရင်သားခွဲစိတ်ပြုပြင်မှုလုပ်ရင် အများဆုံးဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
- ရင်သားနာကျင်ခြင်း
- မတော်တဆပိုးဝင်ခြင်း
- ရင်သား၊ နို့သီးခေါင်းတစ်ဝိုက်မှာ အာရုံခံစားမှုအနည်းငယ်ပြောင်းလဲခြင်း
- ထည့်သွင်းထားတဲ့ ပစ္စည်းမတော်တဆ ပေါက်ထွက်သွားခြင်း၊ ယိုစိမ့်ခြင်း
- ခွဲစိတ်ထားသောနေရာက သွေးထွက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
နောက်ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ ထည့်သွင်းလိုက်တဲ့ ရင်သားပစ္စည်းနားတစ်ဝိုက် မာကျောလာပြီး ရင်သားပုံစံပြောင်းသွားတာပဲဖြစ်ပါတယ်။ လူနာရဲ့အခြေအနေပေါ်မူတည်ပြီး နောက်တစ်ကြိမ်ခွဲစိတ်မှု ထပ်လုပ်ရနိုင်ပါတယ်။
ဘယ်ကုသနည်းမဆို ကောင်းကျိုးဆိုးကျိုး အသီးသီးရှိပါတယ်။ ပိုပြီးလှပချင်လို့ ပြုလုပ်ကြတဲ့ ရင်သားခွဲစိတ်မှုလည်း အလားတူပဲမို့ အမျိုးသမီးထုကြီးအတွက် ဗဟုသုတရအောင် အခုလိုရေးသားဖော်ပြလိုက်ရတာပဲဖြစ်ပါတယ်။
ရေးသားသူ – Dr. Htoo Tint Ko Ko
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။