brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု

သင့် နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေ (nipple hair) ကြောင့် ရှက်ရွံတာမျိုး ခံစားဖူးပါသလား။ ဒါဆိုရင် စိတ်မပူပါနဲ့တော့။ ခုဖော်ပြမယ့် ဆောင်းပါးက နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် အကောင်းဆုံး နည်းလမ်း ၃ ခုကို ဖော်ပြသွားမှာပါ။

နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု

နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု

နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်းတွေကတော့

Laser Hair Removal

Laser Hair Removal က မည်းမှောင်သော nipple hair ရှိတဲ့သူတွေအတွက် အသင့်တော်ဆုံးပါ။ အမွေးအမျှင်တွေကို အားလုံးဖယ်ရှားမပြီးခင်မှာ ကုသမှုအချို့ကို ခံယူရပါမယ်။

နို့သီးခေါင်းပတ်လည်နေရာတွေက ထိရှလွယ်တာကြောင့် လူတစ်ယောက်ဆီကိုလိုက်ပြီး တခါတလေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီအလှအပအတွက် ကုသပေးတဲ့သူဆီမှာ ထုံစေတဲ့အဆီမျိုး တောင်းလို့ရနိုင်ပါတယ်။ ဒါက သင့်ကုသမှုကို အတတ်နိုင်ဆုံး သက်သောင့်သက်သာ ဖြစ်စေမှာပါ။

ကုသမှုမခံယူခင်မှာ အမွေးအမျှင်တွေကို သပ်ရပ်အောင် လုပ်ထားရပါမယ်။ နောက်တစ်နည်းအနေနဲ့ ကတ်ကြေးသုံးပြီး ရိတ်သင်ထားပါ။ နောက်ထပ်အနေနဲ့ ကုသမှု မခံယူခင်နဲ့ ခံယူပြီးနောက်မှာ ကုသမှုခံယူထားတဲ့နေရာကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့အောင် ဂရုစိုက်ဖို့ သတိပြုပါ။

Waxing

Waxing ကို အလှပြင်ဆိုင်မှာ ဖြစ်စေ၊ အိမ်မှာဖြစ်စေ လုပ်နိုင်ပါတယ်။ သင့်မှာ ရှိတဲ့ ငွေကြေး၊ လိုအပ်တဲ့ ပမာဏအပေါ် မူတည်ပြီး wax တချို့ကို အိမ်မှာ လတ်လတ်ဆတ်ဆတ် ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် စတိုးဆိုင်က ဝယ်ယူလို့ရပါတယ်။ wax ကို သင့်အရေပြားပေါ် တိုက်ရိုက်အသုံးပြုရတဲ့အတွက် အသုံးပြုစဉ် အဲ့နေရာတဝိုက်မှာ နာကျင်မှု ခံစားရနိုင်ပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ wax ကို သုံးပါ။ အသုံးမပြုခင် ပါဝင်ပစ္စည်းတွေကို သေချာ စစ်ဆေးပါ။

Waxing မလုပ်ခင် scrub ကို အသုံးပြုပြီး အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပါ။ ဒီနည်းနဲ့ သင့်နို့သီးခေါင်းက အညစ်အကြေးတွေ၊ အဆီတွေကို ဖယ်ရှားပေးပြီး waxing ကို နာကျင်မှု နည်းနည်းနဲ့ ပိုလွယ်လွယ်ပြုလုပ်နိုင်မှာပါ။

Waxing လုပ်ပြီးရင် သံလွင်ဆီ၊ jojoba oil တို့လို အဆီတစ်မျိုးမျိုး လိမ်းဖို့ အမှတ်ရပါ။ ဒါ့အပြင် တကယ်လို့ သင့်နို့သီးခေါင်းက ထိရှလွယ်ရင် Waxing လုပ်ပြီးနောက်မှာ အနည်းငယ်နာကျင်နိုင်ပါတယ်။ ဒါကြောင့် waxing လုပ်ပြီးရင် အပေါ်အတွင်းခံ မဝတ်ပါနဲ့။

Tweezers ( ဇာဂနာအသေးစား )

တကယ်လို့ သင့် အမွေးအမျှင်တွေက နည်းနည်းပါးပါးပဲရှိမယ်၊ သင်ကလဲ ငွေကြေးများများ မသုံးချင်ဘူးဆိုရင်တော့ tweezers က သင့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုပါ။

Tweezes မသုံးခင် ရေနွေးနွေးလေးနဲ့ ရေချိုးသင့်ပါတယ်။ ဒါက အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ အဲ့အပူချိန်က သင့်ချွေးပေါက်တွေကို ကျယ်စေမှာပါ။ ဒါက အမွေးနှုတ်တဲ့အခါ အရမ်းနာကျင်တာ မဖြစ်စေဘဲ ပိုပြီးလွယ်ကူစေပါတယ်။

ဒီနည်းလမ်းက ရိုးရှင်းပြီး အကုန်အကျ သက်သာပေမယ့် ယားယံမှု၊ အဖုအပိမ့်နဲ့ ingrown hairs တို့ ဖြစ်စေနိုင်ပါတယ်။

ခုဆို အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်း ၃ ခုကို အသုံးပြုပြီး နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်တာ သိလောက်ပါပြီ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/12/2022 ဖြစ်ပါသည်။