လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံရပြီး နှစ် အနည်းငယ်အကြာမှာ အခုလိုမျိုး ရောဂါတွေကို ခံစားရလေ့ရှိတာပါ။ မျိုးရိုးမရှိသူ၊ ရောဂါဖြစ်နိုင်ခြေရှိတဲ့ နေထိုင်စားသောက်မှုပုံစံ မရှိသူတွေမှာတောင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကြောင့် သွေးတိုးတာနဲ့ နှလုံးထိခိုက်တာတွေကို ခံစားရနိုင်ပါတယ်။
ဆက်ပြီးလေ့လာလိုတဲ့အချက်များ
ဒီလေ့လာမှုမှာ ကန့်သတ်ချက်တချို့တော့ ရှိနေပါတယ်။ လေ့လာချက်မှာ ပါဝင်သူအများစုက လူဖြူအမျိုးသမီး၊ သူနာပြုဆရာမတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ရလဒ်တွေက အမျိုးသမီးတိုင်းကို ကိုယ်စားပြုမှာတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ဖြစ်တဲ့အချိန်နဲ့ ဘယ်လောက်ထိ ဆိုးရွားခဲ့လဲဆိုတာကို သေချာမသိကြပါဘူး။ ဖြစ်ပြီးတာကို ပြန်မေးပြီး လေ့လာတာဖြစ်တဲ့အတွက် တိကျမှုမှာ အားနည်းနိုင်ပါတယ်။
ဒါကြောင့် လေ့လာမှု ဦးဆောင်သူ Lawnက နောက်ထပ်လေ့လာမှုတွေ ပြုလုပ်တဲ့အခါ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားပြီး လူမျိုးစုံ အမျိုးသမီးတွေပါဝင်အောင် ထပ်ပြီးလေ့လာရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။