backup og meta

ရာသီလာချိန် ဖျားချင်သလို ဖြစ်တာကို သက်သာစေဖို့

ရာသီလာချိန် ဖျားချင်သလို ဖြစ်တာကို သက်သာစေဖို့

လေဒီလေးတွေဟာ လတိုင်း ရာသီမလာခင် အစောပိုင်းကာလတွေမှာက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကို ခံစားကြရပါတယ်။ ဖျားချင်သလို လို ခံစားရတဲ့ လေဒီလေးတွေလည်း ရှိပါတယ်။

ဒီလို ခံစားရမှုတွေကြောင့် လစဉ်ရာသီလာမှာကိုတောင် ကြောက်နေပြီဆိုတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး လစဉ်ရာသီလာတိုင်း ဖျားချင်သလိုလို ခံစားနေရတဲ့ ပြဿနာကို ဖြေရှင်းလိုက်ပါ။

ရာသီလာချိန်မှာ ဘာလို့ ဖျားချင်သလို ခံစားရတာလဲ။

ဒီလိုခံစားရတာက ရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။

ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ဝက်ခြံထွက်တာ၊ အသားအရောင် ညစ်တာ၊ ဗိုက်အောင့်တာတွေတင် ခံစားရတာမဟုတ်ပါဘူး။ အချို့လေဒီလေးတွေဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းပျက်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရပါသေးတယ်။

အချို့ကတော့ ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ခေါင်းကိုက်တာ၊ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ လေပွတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ နှာစေးသလို ခံစားရတာတွေအထိ ခံစားရတာမျိုး ရှိပါတယ်။

ဒီလက္ခဏာတွေ ခံစားရတဲ့ အဓိက အကြောင်းအရင်းကတော့ ရာသီလာနေချိန်မှာ ကိုယ်တွင်းမှာ အက်စထရိုဂျင် ပမာဏကျသွားတာကြောင့်ပါ။ ရာသီလာချိန်မှာ ဒီလို မအီမသာဖြစ်တာတွေကို ခံစားရစေတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုက Prostaglandins ပါ။

ဒီဓာတုပစ္စည်းက ဗိုက်ရစ်နာတာ၊ ဝမ်းလျှောတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အော့အန်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ကိုက်ခဲတာတွေကို ခံစားရစေပါတယ်။ ခန္ဓာကိုယ်အပူချိန်အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ တုပ်ကွေးဖြစ်နေသလို၊ ချမ်းစိမ့်စိမ့်ဖြစ်နေသလို ခံစားရတာပါ။

ဘယ်လို သက်သာအောင် လုပ်မလဲ။

ရာသီလာချိန်မှာ ဖျားချင်သလို ဖြစ်တာကို သက်သာစေဖို့ဆိုရင်

  • စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

ရာသီလာချိန်မှာ ယောဂ လေ့ကျင့်တာ၊ အနှိပ်ခံတာ၊ တရားထိုင်တာလိုမျိုး စိတ်အပန်းပြေစေမယ့် အရာ​တွေကို လုပ်ဆောင်ပေးပါ။

  • လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်း မှန်မှန်လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ရာသီလာချိန်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ပေးပါ။ ဒီလိုလုပ်ဆောင်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ဖျားချင်သလို ခံစားရတာကို သက်သာစေနိုင်ပါတယ်။ မလာခင်တည်းက ကြိုလုပ်ထားရင် ပိုကောင်းပါတယ်။

  • ညီညွတ်မျှတအောင် စားပါ။

ရာသီမလာခင် နှစ်ပတ်လာက်အလိုကတည်းက ဆား၊ အချို၊ ကဖင်းစတာတွေကို လျှော့ပါ။ ငှက်ပျောသီး၊ ထမင်း၊ ပေါင်မုန့်မီးကင်စတာမျိုးတွေကို စားပေးပါ။ ရေပြည့်ပြည့်ဝဝ သောက်ပါ။

  • အိပ်ရေးဝဝအိပ်ပါ။

ညတိုင်းမှာ အိပ်ချိန် ၈ နာရီ ပြည့်အောင် အိပ်စက်ပါ။ ဒီလို အိပ်စက်တာက ကျန်းမာရေးအတွက် ကောင်းသလို ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

  • ဆေးလိပ် မသောက်ပါနဲ့။

ဆေးလိပ်သောက်တာက ရာသီလာချိန် ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ပါ။

ချင်း (ဂျင်း) ကကျန်းမာရေးအတွက် ကောင်းသလို အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ချင်း (ဂျင်း) ရေနွေးကြမ်းသောက်တာက ရာသီလာစဉ် ဖျားချင်သလို ဖြစ်တာ အပါအဝင် မအီမသာခံစားရတာတွေကို သက်သာစေနိုင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Periods https://www.nhs.uk/conditions/periods/ Accessed Date 22 October 2020

What happens during the typical 28-day menstrual cycle? https://www.womenshealth.gov/menstrual-cycle/your-menstrual-cycle Accessed Date 22 October 2020

ယခုပုံစံ

11/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး

ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 11/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement