backup og meta

သားအိမ်အသားလုံး တည်ခြင်း

သားအိမ်အသားလုံး တည်ခြင်း

ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ဖြင့် သားအိမ်မှာ အသားလုံးတည်လို့ သားအိမ်ထုတ်လိုက်ရတယ်။ ဘယ်သူကတော့ အသားလုံးရှိလို့ ဆေးရုံတက်နေတယ်ဆိုတာမျိုး ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာ ဒါမျိုးမကြာခဏကြားဖူးတယ်ဆိုရင် ဒီရောဂါအဖြစ်များတယ်ပဲဆိုရမှာပေါ့။ ဒါကဘာရောဂါလဲ။ သားအိမ်အသားလုံး တည်တဲ့ရောဂါပါ။ ဒါက ဘာကြောင့် ဖြစ်တာလဲ။ သူများတွေဖြစ်ရင် ကိုယ်ရောဖြစ်လာမှာလား။ ဆက်ကြည့်ကြည့်ရအောင်။

သားအိမ်အသားလုံး ဆိုတာဘာလဲ။

ပြောတဲ့အတိုင်းပဲ အသားလုံးကြီးပါ။ စာဆန်ဆန်ပြောရရင်တော့ သားအိမ်ကြွက်သားတွေ ပွားပြီး အလုံးတည်လာတာပေါ့။ မျက်စိနဲ့မမြင်နိုင်တဲ့ အလုံးသေးသေးလေးတွေရှိသလို ရင်ခေါင်းထိတက်ဆောင့်နိုင်တဲ့ အလုံးကြီးတွေလည်း ရှိပါတယ်။ သားအိမ်ထဲမှာဖြစ်နိုင်သလို သားအိမ်ပြင်ပမှာလည်း အညှာလေးနဲ့ တွယ်နေတတ်ပါတယ်။ တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်။

သားအိမ်အသားလုံး က ကင်ဆာလား။

ကင်ဆာ မဟုတ်ပါဘူး။ သာမန်အလုံးပါ။ ကင်ဆာပြောင်းနိုင်လားဆိုတော့ ပြောင်းနိုင်ခြေက လူ၁၀၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ ဒါကြောင့် ဖြစ်ခဲတယ်လို့ပဲ ပြောရမှာပါ။

ဘာလက္ခဏာတွေ ခံစားရမှာလဲ။

သားအိမ်မှာ အသားလုံးရှိတဲ့သူ တော်တော်များများက ဘာလက္ခဏာမှ သိပ်မခံစားရပါဘူး။ ဒါက အလုံးသေးတာကြောင့်လည်း ဖြစ်နိုင်သလို အလုံးရှိတဲ့နေရာနဲ့လည်း ဆိုင်ပါတယ်။ ရောဂါလက္ခဏာတွေက အလုံးရှိတဲ့နေရာ၊ အရွယ်အစားနဲ့ ဘယ်နှစ်လုံးလဲဆိုတာပေါ် မူတည်ပါသေးတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

ဘာကြောင့် ဖြစ်တာလဲ။

အကြောင်းရင်းအတိအကျကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေကတော့

  • မျိုးရိုးဗီဇ
  • ဟော်မုန်း -အမျိုးသမီးတွေမှာရှိတဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေက ရာသီလာခါနီးရင် သားအိမ်နံရံထူဖို့ လုပ်ပေးပါတယ်။ သားအိမ်အသားလုံးတွေက ဒီဟော်မုန်းနှစ်မျိုးကို ပိုတုံ့ပြန်တာကို တွေ့ရပါတယ်။ ဒါကြောင့် သွေးဆုံးပြီးတဲ့သူတွေမှာ အသားလုံးက ဖြစ်ခဲပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

လူတိုင်းဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့ သူတွေကတော့

  • အသက်၃၀ကျော်တွေမှာ အဖြစ်များပါတယ်။
  • ကိုယ်ဝန်ဆောင်တွေ -ကိုယ်ဝန်ဆောင်ချိန်မှာ  အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ ပိုများလာတဲ့အတွက် အလုံးအသစ်တွေဖြစ်တာ၊ ရှိပြီးလားအလုံးတွေ ကြီးလာတာမျိုး ဖြစ်တတ်ပါတယ်။
  • အသက်ငယ်ငယ်လေးနဲ့ ရာသီစလာတာ (အသက်၁၀နှစ်မတိုင်ခင်)
  • ဗီတာမင်ဒီချို့တဲ့တာ
  • အနီရောင်အသား အစားများပြီး အသီးအရွက်အစားနည်းတာ
  • အရက်သောက်တာ
  • တားဆေးတွေ သောက်တာ
  • မိသားစုထဲမှာ မျိုးရိုးရှိတာ
  • အဝလွန်တာ စတာတွေပဲဖြစ်ပါတယ်။

သားအိမ်အသားလုံး ကြောင့် နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

  • အသားလုံးကြောင့် ကိုယ်ဝန်မရတာတွေ ဖြစ်တတ်ပါတယ်။
  • ကိုယ်ဝန်ရှိပြီးသားသူတွေမှာလည်း သားအိမ်မှာ အလုံးခံနေတဲ့အတွက် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအနေအထား မမှန်တာ၊ အချင်းအနေအထား မမှန်တာ၊ ကလေးကောင်းကောင်း မကြီးတာ၊ လမစေ့ဘဲ မွေးတာတွေ ဖြစ်တတ်ပါတယ်။
  • ရာသီသွေးဆင်းများပြီး သွေးအားနည်းတာ၊ ခေါင်းမူးတာလည်း ဖြစ်တတ်ပါတယ်။
  • အသားလုံးက ဆီးအိမ်ကို ဖိထားတာကြောင့် ဆီးခဏခဏသွားချင်တာ၊ ဆီးကျန်တာဖြစ်ပြီး ဆီးပိုးဝင်တတ်ပါတယ်။
  • သားအိမ်ပြင်ပမှာ အညှာနဲ့ တွယ်နေတဲ့ အသားလုံးက လိမ်ပြီး သွေးမလျှောက်တော့တာ။ ဒါမျိုးဆိုရင်တော့ ဗိုက်အရမ်းနာပြီး အရေးပေါ်ခွဲစိတ်ဖို့ လိုပါမယ်။

ကာကွယ်လို့ ရလား။

ကာကွယ်တဲ့ နည်းလမ်းတွေက လုံးဝမဖြစ်အောင် မတားနိုင်ပါဘူး။ ကိုယ်အလေးချိန်ထိန်းတာ၊ အသီးအရွက်တွေ ပိုစားတာက ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/uterine-fibroids/symptoms-causes/syc-20354288

https://www.medicinenet.com/uterine_fibroids/article.htm

https://www.webmd.com/women/uterine-fibroids/understanding-uterine-fibroids-symptoms

https://www.healthline.com/health/uterine-fibroids

https://medlineplus.gov/ency/article/000914.htm

 

ယခုပုံစံ

31/01/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Menorrhagia (ရာသီသွေးဆင်းများခြင်း)

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement