ဖြစ်ခဲတဲ့အခြေအနေဆိုပေမယ့် မိန်းမကိုယ် ယားယံခြင်းက အမျိုးသမီးအင်္ဂါကင်ဆာရဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်း၊ အပြင်နှုတ်ခမ်းသားတွေ၊ မလိင်စေ့နဲ့ မိန်းမကိုယ်အဝ တို့ပါဝင်တဲ့vulva အစိတ်အပိုင်းမှာ ကင်ဆာဖြစ်တာပါ။ ဒီကင်ဆာက လက္ခဏာပြလေ့မရှိဘဲ လက္ခဏာပေါ်လာခဲ့ရင်လည်း အဲဒီအစိတ်အပိုင်းတွေမှာ ယားယံခြင်း၊ ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းနဲ့ နာကျင်ခြင်းစတာတွေဖြစ်စေနိုင်ပါတယ်။Vulvar ကင်ဆာကို အစောပိုင်းအဆင့်မှာ သိရှိခဲ့ရင် ကုသပျောက်ကင်းနိုင်ပါတယ်။
ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို သိရပြီဆိုတော့ မိန်းမကိုယ်ယားယံတာကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာ ဆက်ကြည့်ရအောင်။
ဆေးကုသမှုက ဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပြီးသောက်ဆေး၊လိမ်းဆေး တစ်မျိုးမျိုး ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ဆေးကိုချည်း အားမကိုးဘဲ ကိုယ်တိုင်ဂရုစိုက်လို့ရတဲ့အချက်တွေကိုတော့ သိထားဖို့လိုပါလိမ့်မယ်။
- ပေါင်ခြံနဲ့ မိန်းမကိုယ်တဝိုက်ကို သန့်ရှင်း၊ခြောက်သွေ့အောင်ထားပါ။
- နေ့ဘက်မှာ အသားအေးတဲ့၊ အရမ်းမကျပ်တဲ့အတွင်းခံကိုဝတ်ပါ၊ ညအိပ်ချိန်မှာ အတွင်းခံမဝတ်တာကောင်းပါတယ်။
- မိန်းမကိုယ်ကို ဆပ်ပြာတွေနဲ့ မဆေးကြောပါနဲ့။
- အဲဒီအစား ဆပ်ပြာမပါ၊ ဓာတုပစ္စည်းမပါ၊ အရောင်တုမပါ၊ အမွှေးနံ့မပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေနဲ့သန့်စင်ပေးပါ။
- ယားယံခြင်းကို ခံစားနေရရင် ရေနွေးနွေးလေးနဲ့ချိုးပါ။( သိပ်မပူပါစေနဲ့)
- မိန်းမကိုယ်နားတဝိုက်မှာ ရေမွှေးတွေ၊ပေါင်ဒါတွေနဲ့ အမွှေးနံ့ပါတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ သိပ်မသုံးပါနဲ့။
- လစဉ်သုံးပဲဖြစ်ဖြစ်၊ နေ့စဉ်သုံးပဲဖြစ်ဖြစ် padတွေကို ပုံမှန်လဲပေးပါ။ အကြာကြီးဝတ်ထားရင် ရောဂါပိုးဝင်နိုင်ပါတယ်။
- အပေါ့အလေးသွားတဲ့အခါ ရေသုံးရင် အရှေ့ကနေ အနောက်ကိုပဲ သန့်စင်ပါ။
- လစဉ်သုံးပစ္စည်း၊ အိမ်သာသုံးစက္ကူစတာတွေကို အမွှေးနံ့ပြင်းတဲ့အမျိုးအစားတွေ မသုံးပါနဲ့။
- အတွင်းခံသန့်ရှင်းမှုကို ဂရုစိုက်ပါ။
- မိန်းမကိုယ်မှာ ယားယံလာခဲ့ရင်လည်း မကုတ်လိုက်ပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။