backup og meta

Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု) ကဘာလဲ။

ဟော်မုန်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ရောဂါသည်အမျိုးသမီးတွေမှာ သူတို့ရဲ့မမျိုးဥအိမ်မှာ အရည်အိတ်သေးသေးလေးတွေ တည်ခြင်းဖြစ်ပါတယ်။ အရည်အိတ်လေးတွေထဲမှာ အရည်တွေနဲ့ပြည့်နေပြီး မရင့်မှည့်သေးတဲ့မျိုးဥတွေ ပါပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မမျိုးဥအိမ်က ကြီးလာနိုင်ပါတယ်။

ရာသီစက်ဝန်း၊ မျိုးအောင်ခြင်း၊ နှလုံးလုပ်ဆောင်ရည်နဲ့ ရုပ်ရည်သွင်ပြင်ကို ပြဿနာပေးနိုင်ပါတယ်။ ဓမ္မတာအများကြီးဆင်းတာမျိုး၊ မျက်နှာသို့ ကိုယ်လုံးမှာ အမွေးများလာတာထူလာတာမျိုး ဖြစ်နိင်ပါတယ်။ ဒီရောဂါက သင့်ခန္ဓါကိုယ်က အမျိုးသမီးဟော်မုန်းထက် အမျိုးသားဟော်မုန်းကိုပိုထုတ်ပေးတာကြောင့် ဖြစ်ပါတယ်။

Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ကလေးမွေးနိုင်တဲ့အရွယ်အမျိုးသမီး ၁၀ယောက်မှာ၁ယောက် နဲ့ အယောက်၂၀မှာ ၁ယောက်ဖြစ်နိုင်ပါတယ်။ ရာဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ဝက်ခြံထွက်ခြင်း

ကိုယ်အလေးချိန်တက်လာခြင်းနဲ့ ကိုယ်လေးချိန် ချဖို့ခက်ခြင်း

မျက်နှာနဲ့ကိုယ်လုံးမှာ အမွေးများလာခြင်း -မျက်နှာမွေးတွေထူလာမဲမှောင်လာပြီး ရင်ဘတ်၊ ဝမးဗိုက်နဲ့ကျောဘက်မှာ အမွေးတွေပိုများလာပါတယ်။

အသံနက်လာခြင်း

ဦးရေပြားဆံပင်ပါးလာခြင်း

ဓမ္မတာမမှန်ခြင်း

မျိုးမအောင်ခြင်း မြုံခြင်း

စိတ်ဓါတ်ကျခြင်း

မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု ဟော်မုန်းမည်ီမျှခြင်းက အမျိုးအစား၂ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေစတဲ့ ကျန်းမရေးပြဿနာတွေကို ဦးတည်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

ဘာကြောင့်ဖြစ်တယ်လို့တော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ မျိုးရိုးဗီဇက အဓိကကျတယ်လို့တော့ ဆိုပါတယ်။ အမေ အစ်မ၊ညီမတွေမှာ အလားတူပြဿနာရောဂါရှိတဲ့အမျိုးသမီးတွေမှာ ဒီရောဂါတွေ့ရတာကြောင့်ဖြစ်ပါတယ်။

မဆိုသလောက်ရောင်ရမ်းခြင်းက အရည်အိတ်တွေတည်နေတဲ့မမျိုးဥအိမ်ကို အန်ဒရိုဂျင်ဟော်မုန်းတွေထွက်အောင် လှုံ့ဆော်ပေးခြင်းကြောင့် ဖြစ်ပါတယ်။ အင်ဆူလင်များပြားပိုလျှံခြင်းကလည်း မျိုးဥအိမ်ကဥကြွေနိုင်စွမ်းကိုအဟန့်အတားဖြစ်စေတဲ့ အန်ဒရိုဂျင်တိုးထွက်စေခြင်းဖြင့် မျိုးဥအိမ်ကိုအကျိုးသက်ရောက်ပါတယ်။

ဖြစ်နိုင်ခြေများ

Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

မျိုးရိုးဗီဇ- မိသားစုဝင်တစ်ယောက်ယောက်ရောဂါရှိနေခြင်းက ဖြစ်နိုင်ချေများစေပါတယ်။

သင့်ခန္ဓါကိုယ်အတွင်း ဟော်မုန်းမညီမျှခြင်းကိုဖြစ်စေတဲ့ အခြားသောကျန်းမျာရေးပြဿနာများ ရှိနေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒိရောဂါကိုအဖြေရှာဖို့ စမ်သပ်စစ်ဆေးခြင်းနည်းမရှိပါဘူး။ အမျိုးသမီးတွေက သူတို့ရဲ့ပြဿနာကို ဆရာဝန်ဆီလာပြတဲ့အလါမှသာ အများစုကိုရောဂါအဖြေရှာအတည်ြ့ပုခဲ့ရပါတယ်။ ဆရာဝန်က သင့်ခံစားနေရတဲ့လက္ခဏာနဲ့ သင့်မိသားစုရောဂါရာဇဝင် သင်အခြားကုထုံးတွေခံယူနေခြင်းရှိမရှိကို မေးမြန်းပါလိမ့်မယ်။ ရောဂါကိုအဖြေရှာအတည်ပြုဖို့

ဆရာဝန်က အောက်ပါစမ်းသပ်မှုတွေပြုပါလိမ့်ယ်။

သွေးစစ်ခြင်း- ယေဘုယျဟော်မုန်းပမာဏကို တိုင်းတာဖို့ဖြစ်ပါတယ်။

သိုင်းရွိုက်စစ်ဆေးခြင်း- သိုင်းရွိုက်ဂလင်း ပုံမှန်ထက်လွန်ကဲနေလား ပုံမှန်ထက်လုပ်ဆောင်ရည်ကျနေလား စစ်ဆေးခြင်းဖြစ်ပါတယ် ။.

ဂလူးကိုစ့်စစ်ဆေးခြင်း– အင်ဆူလင်ကိုခန္ဓါကိုယ်ကခုခံခြင်းရှိမရှိ စစ်ဆေးခြင်းဖြစ်ပါတယ်။

သွေးတွင်းအဆီပမာဏစစ်ဆေးခြင်း– ဒီရောဂါက ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်ပမာဏ ပုံမမှန်စေတာကြောင့် ဖြစ်ပါတယ်။

စီတီစကန်နဲ့ အယ်ထရာဆောင်းပုံရိပ်ဖော်နည်းလမ်းတွေက သင့်မျိုးဥအိမ်အရွယ်အစားကို သိနိုင်ပါတယ်။ ဆရာဝန်က မျိုးဥအိမ်ကြီးထွားမှုနဲ့အပတ်သက်ပြီး သံသယရှိတဲ့အခါမှာ တင်ပဆုံရိုးမှန်ပြောင်းကြည့်ခြင်းက ကြီးထွားမှုရှိနေမနေသိနိုင်ပါတယ်။ တစ်ရှူးနမူနာယူခြင်းက ကင်ဆာဆဲလ်တွေရှိမရှီစစ်ဆေးနိင်ပါတယ်။

Polycystic Ovary Syndrome (မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု) ကို ဘယ်လိုကုသပါသလဲ

ကုသမှုက လက္ခဏာတွေကိုသက်သာအောင်နဲ့ မျိုးဥအိမ်ဆက်လက်ကြီးထွားခြင်များရှိအာင် ရည်ရွယ်ပါတယ်။ လက္ခဏာပေါ်မူတည်ပြီး ကုသမှုကကွဲနိုင်ပါတယ်။

ဓမ္မတာဖြစ်စဉ်ကိုထိန်းညှိဖို့ အီစထရိုဂျင်နဲ့ပရိုဂျတ်စတင်တွေပါတဲ့ ကိုယ်ဝန်တားဆေးတွေကို လိုပါလိမ့်မယ်။ ကိယ်ဝန်ရဖို့ကြိုစားနေသူဆိုရင် အချို့သောဆေးတွေရဲ့အကူအညီလည်း လိုပါလိမ့်မယ်။

အချို့အမျိုးသမီတွေအတွက် ခွဲစိတ်ကုသငြခ်းက မျိုးဥကြွေခြင်းကိုတိုးအေင်နဲ့ အမျိုးသားဟော်မုန်းအထွက်နည်းအောင်ရည်ရွယ်ပါတယ်။ ခွဲစိတ်ကုသခြင်းကု ဆရာဝန်က မျိုးဥအိမ်မှာအပေါက်သေးသေးလေးတွေဖောက်ပြီး စုပ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ယာယီသာ သက်သာစေပါတယ်။

ဝက်ခြံနဲ့ အမွေးတွေကိုကုသဖို့ အမျိုးသားဟော်မုန်းပမာဏကိုထိန်းချုပ်ဖို့ အန်ဒရိုဂျင်ဆန့်ကျင်ဆေးတွေ ပေးပါလိမ့်မယ်။

အင်ဆူလင်နဲ့သကြားပမာဏညီမျှဖို့အတွက် ဆီးချိုဆေးတွေလိုပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မမျိုးဥအိမ် အရည်အိတ်တည်ခြင်း ရောဂါစု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

သန့်စင်ပြုပြင်ထားတဲ့ကောက်နှံကာဗိုဟိုက်ဒရိတ်တွေ လျှော့စားခြင်းဖြင့် ကိုယ်အလေးချိန်ကျန်းမာအောင်ထိန်းထာခြင်း

လေ့ကျင့်ခန်းပြုလုပ်ခြငးက အင်ဆူလင်ကိုထိန်းပေးနိုင်ခြင်း

ဆေးလိပ်ဖြတ်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What is polycystic ovarian syndrome (PCOS)? http://www.healthline.com/health/polycystic-ovary-disease#Overview1. Accessed July 24, 2016.
Polycystic Ovary Syndrome (PCOS) – Topic Overview. http://www.webmd.com/women/tc/polycystic-ovary-syndrome-pcos-topic-overview. Accessed July 24, 2016.
Polycystic Ovary Syndrome (PCOS). http://www.hormone.org/diseases-and-conditions/womens-health/polycystic-ovary-syndrome. Accessed July 24, 2016.
Polycystic ovary syndrome (PCOS). http://www.mayoclinic.org/diseases-conditions/pcos/basics/definition/con-20028841. Accessed July 24, 2016.

ယခုပုံစံ

28/01/2022

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement