brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ

မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အလုပ်ရှုပ်တဲ့ အချိန် တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့ မရတဲ့ ဓမ္မတာဆိုတော့ ဒီလို ထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲ ရှိတော့တာပေါ့ ။ ။ ဒီတော့ ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ

ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေ ထွက်တာလဲ ။။

မိန်းမကိုယ်မှာ ကိုယ်ပိုင် အနံ့ တစ်မျိုး ရှိတတ်တယ် ဆိုပေမယ့် ရာသီလာချိန် မှာတော့ အနံ့တွေ ပြောင်းသွားတတ်ပါတယ်။

  • ရာသီလာချိန် မိန်းမကိုယ် သန့်ရှင်းရေးကို သေချာ ဂရုစိုက် မလုပ်ဖြစ်တာ
  • ဆင်းနေတဲ့ သွေးတွေက ဘက်တီးရီးယား အကြိုက် ဖြစ်နေတာ
  • သုံးနေတဲ့ လစဉ်သုံး ပစ္စည်းကို ၆ နာရီ တစ်ခါ မလဲမိဘဲ တစ်နေ့လုံး သုံးနေတာ
  • ထည့်ထားတဲ့ တမ်ပွန်ကို ပြန်ထုတ်ဖို့ မေ့သွားခဲ့တာ စတာတွေက ရာသီလာချိန် မိန်းမကိုယ် အနံ့ဆိုး ထွက်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ် ။ ။
  • ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ

    ရာသီလာတယ် ဆိုတာ ညစ်ညမ်းတဲ့ အရာတော့ မဟုတ်ပေမယ့် အနံ့ဆိုး မထွက်အောင်၊ မလိုလားအပ်တဲ့ ရောဂါပိုးတွေ မဝင်နိုင်အောင် ရာသီလာစဉ် အချိန် အတွင်းမှာ ပုံမှန်ထက် ပိုပြီး သန့်ရှင်းမှု ရှိဖို့ အရေးကြီးပါတယ်။

    ဒါဆို ဘာနဲ့သန့်စင်မလဲ။

    • ဆပ်ပြာတွေ မသုံးပါနဲ့

    မိန်းမကိုယ်မှာ အကျိုးပြု ဘက်တီးရီးယားတွေကို ထိန်းညှိထားတဲ့ သဘာဝ ကာကွယ်မှု စနစ် ရှိပါတယ်။ အမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ဆပ်ပြာတွေကြောင့် အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်လို့ ရောဂါပိုးဝင်ဖို့ လွယ်ကူစေနိုင်ပါတယ်။ ဆပ်ပြာရဲ့ အပြင်းစား အက်ဆစ်ကြောင့် မိန်းမကိုယ် အရေပြားကို ပူတာ၊ လောင်တာ၊ စပ်တာ၊ ရောင်ရမ်းတာ၊ ဓာတ်မတည့်တာတွေ ဖြစ်လာစေနိုင်တယ်။ ဒါကြောင့် မိန်းမကိုယ်အတွင်းပိုင်းကို သန့်ရှင်းရေး လုပ်တော့မယ်ဆို ဆပ်ပြာ လုံးဝ မသုံးပါနဲ့။

    ဒါဆို ဘာသုံးပြီး သန့်ရှင်းရေးလုပ်ရမလဲ။ ။

    • အမျိုးသမီး သန့်စင်ဆေးရည်တွေ သုံးလို့ရပါတယ်။ မိန်းမကိုယ် အတွင်းက pH နဲ့ ကိုက်ညီအောင် ထုတ်ထားတာကြောင့် အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်မှု မရှိစေဘဲ pH မျှတစေလို့ အစိုဓါတ် ထိန်းပြီး ခြောက်သွေ့ယားယံတဲ့ မိန်းမကိုယ် တစ်ခု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
    • နောက်ပြီး ရာသီလာချိန် ရေမချိုးရဘူး ဆိုတဲ့ အယူမှားကြီးကို ဖယ်ထားလိုက်ပါ။ ဒီအချိန်ဟာ အခြား အချိန်တွေထက် ပိုပြီး သန့်ရှင်းပေးဖို့ လိုအပ်တဲ့ အချိန်ပါ။
    • လစဉ်သုံး ပစ္စည်းတွေကို ၆ နာရီ တစ်ခါ မဟုတ်ရင်တောင် တစ်နေ့ကို ၂ ခုလောက်တော့ လဲပေးပါ။
    • အတွင်းခံတွေကိုလည်း သေချာ လျှော်ဖွပ်ပါ။ နေ သေချာ လှန်းပါ။

    ရေးသားသူ- Dr Thin Yadanar@ Frances

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/06/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။