backup og meta

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

မြန်မာနိုင်ငံက လူတွေအတွက်  ရေနွေးကြမ်းက နေ့စဉ် သောက်စရာထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ရေနွေးကြမ်းက ဆီးကျောက်တည်စေတာလား၊ ကြေစေတာလား။ ဘယ်လို အချက်တွေ သတိထားရမလဲ။

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

ဆီးကျောက်တွေ ဘယ်လိုစဖြစ်တာလဲ။

ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းရဲ့ အစဟာ ကျောက်ကပ်မှာ ကျောက်ဖြစ်စေမယ့် အရာလေးတွေ အနည်ထိုင် စုစည်းရာက စပါတယ်။ ဆီးကျောက်အမျိုးအစား ၄ မျိုး ရှိတဲ့ အထဲမှာ အများစုဟာ calcium oxalate ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။

Oxalate ဆိုတာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစား‌‌အသောက်တွေထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်း တစ်ခု ဖြစ်တဲ့အပြင် အသည်း ကနေလည်း နေ့စဉ် ထုတ်လုပ်ပါတယ်။ ကျောက်ကပ်ထဲမှာ စပြီး အနည်ထိုင် ဖြစ်တည်လာတဲ့ ကျောက်သေးသေးလေးတွေဟာ များသောအားဖြင့် အန္တရာယ် မရှိဘဲ ဆီးထဲကနေပဲ ခန္ဓာကိုယ် ပြင်ပ ရောက်အောင် စွန့်ထုတ်လေ့ ရှိပါတယ်။ သို့သော်လည်း ကျောက်ဟာ တဖြည်းဖြည်း ကြီးလာပြီး ဆီးလမ်းကြောင်း (ဆီးပြွန်)မှာ တစ်သွားတဲ့အခါ နာကျင်မှုဝေဒနာကို စတင်ခံစားရတော့တာပါပဲ။

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

Tea (လက်ဖက်ရည်ကြမ်း) ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ oxalate ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်သော သူများအတွက် ရှောင်ကြဉ်ရမယ့် အစားအသောက် တစ်ခုပဲ ဖြစ်ပါတယ်။ သေချာတာက‌တော့ လက်ဖက်ရည်ကြမ်း အမျိုးအစားပေါ် မူတည်ပြီး oxalate ပါဝင်မှုနှုန်းလည်း မတူနိုင်ပါဘူး။

ရေနွေးနဲ့ စိမ်သောက်တဲ့ လက်ဖက်ခြောက်ထုပ်လေးတွေနဲ့ မြန်မာ လူမျိုးတို့ သောက်သုံးလေ့ရှိတဲ့ လက်ဖက်ခြောက်အရွက် ခတ်သောက်တာမျိုးမှာ လက်ဖက်ခြောက် ၁ ဂရမ်တိုင်းမှာ oxalate ၅ မီလီဂရမ် ဝန်းကျင်ခန့် ပါရှိပါတယ်။ Green tea နဲ့ oolong tea တို့မှာတော့ လက်ဖက်ခြောက် ၁ ဂရမ်မှာ ၀.၂၃ မှ ၁ မီလီဂရမ် ခန့်သာ ပါဝင်ပါတယ်။ ဒါကြောင့် မိမိဟာ ရေနွေးကြမ်း မသောက်ရ မနေနိုင်သူ ဆိုရင် oxalate ပါဝင်မှု နည်းတဲ့ green tea တို့ herbal tea တို့ကိုသာ ရံဖန်ရံခါ သောက်သုံးပေးနိုင် ပါတယ်။

အခုလို ပူပြင်းလှတဲ့ နွေရာသီများ ဆိုရင် Iced tea တွေ အသောက်များ လှပါတယ်။ ချွေးထွက်များပြီး ရေဓာတ် လိုအပ်နေချိန်မှာ ရေအစား iced tea အများကြီးသောက်လိုက်တာဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်ဖို့ အတွက် တွန်းပို့နေသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ရေဆာရင် ရေ များများ သောက်ပါ။ ဒါမှမဟုတ် lemonade သောက်ပါ။ သံပုရာရည် စစ်စစ်မှာ ပါဝင်တဲ့ citrate ဓာတ်ဟာ ဆီးလမ်းကြောင်းမှာ ကျောက် မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

ရေးသားသူ – Dr. Z

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

18/07/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချဉ်ပေါင်ဖူး ရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ

စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ