ဘယ်သူမဆို တစ်နေ့လုံး ပင်ပန်းလာပြီးမှ ညအိပ်ချိန်ကိုတော့ ပြည့်ပြည့်၀၀လေး အိပ်ချင်ကြမှာပါပဲ။ ဆီးသွားတာဟာ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးတဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်မို့ ပြဿနာမရှိပေမဲ့ ညအိပ်နေတဲ့အချိန်မှ ထပြီး ဆီးသွားနေရရင်တော့ ကိုယ့်ရဲ့ အိပ်ချိန်နဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာမှာပေါ့။