backup og meta

သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း

ကျောက်ကပ်များဟာ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်ဓာတ်တချို့နဲ့ မလိုအပ်တဲ့ အညစ်အကြေးတွေကို ဆီးအနေနဲ့ ပြန်လည်စွန့်ထုတ်ပေးပါတယ်။ ဥပမာပေးရရင် ခရီအက်တနင်းနဲ့ ယူရီးယားတို့ ဖြစ်ပါတယ်။ ယူရီးယားဟာ ဆီးထဲမှာ အဓိကပါဝင်တဲ့ ပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။

ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေကို ပုံမှန်စစ်ထုတ်နိုင်ခြင်း မလုပ်နိုင်တော့တဲ့အခါ သွေးထဲမှာ ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်တဲ့ အခြေအနေကို မကုသဘဲထားရင်၊ ဆိုးရွားပြင်းထန်လာရင် အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်ခြင်းဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိကလက္ခဏာလည်း ဖြစ်ပါတယ်။

သွေးအတွင်းယူရီးယားမြင့်တက်ခြင်း၏ လက္ခဏာများ

နာတာရှည်ကျောက်ကပ်ရောဂါ အစပိုင်းမှာ ဘာလက္ခဏာမှ သတိမထားမိကြပါဘူး။ ဒါပေမယ့် သွေးအတွင်း ယူရီးယားမြင့်တက်ခြင်း စလာရင်တော့ ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာပါတယ်။ အောက်ပါလက္ခဏာတွေ ကြုံလာရပါတယ်။

– အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း

– ခြေထောက်ကြွက်သားများ နာကျင်ခြင်း၊ ကြွက်တက်ခြင်း

အစားပျက်ခြင်း

– ခေါင်းကိုက်ခြင်း

– ပျို့အန်ခြင်း

– အာရုံစူးစိုက်ရန်ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။

သွေးအတွင်းယူရီးယားဓာတ် မြင့်ရခြင်းအကြောင်း

သွေးအတွင်းယူရီးယားမြင့်တက်ရခြင်းဟာ ကျောက်ကပ်အနေနဲ့ ပြင်းထန်စွာ ထိခိုက်ပျက်စီးထားတာကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် နာတာရှည်ကျောက်ကပ်ရောဂါကြောင့် ဖြစ်ပါတယ်။ ကျောက်ကပ်များဟာ သွေးထဲကနေ အညစ်အကြေးများကို စစ်ထုတ်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီလိုနဲ့ အညစ်အကြေးများဟာ သွေးထဲကတဆင့် ကိုယ်ခန္ဓာတခုလုံးကို လှည့်ပတ်သွားလာပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဒုက္ခပေးလာပါတယ်။

အဓိကအကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

သွေးပေါင်ချိန်တက်ခြင်း

– ကျောက်ကပ်အတွင်း အရည်အိတ်များစွာဖြစ်ပေါ်ခြင်း

– ဆီးချို

– ကျောက်ကပ်အတွင်း စစ်ထုတ်ပေးသည့်ယူနစ်များ ရောင်ရမ်းခြင်း

– ကျောက်ကပ်အတွင်း ဆီးစွန့်ပြွန်လေးများ ရောင်ရမ်းခြင်း

ဆီးကျိတ်ရောင်ခြင်း

– ကင်ဆာရောဂါအချို့

– ဆီးကျောက်ကြောင့် အချိန်အတန်ကြာ ဆီးလမ်းကြောင်းကို ပိတ်ဆို့နေစေခြင်း

– ကျောက်ကပ်အတွင်း ရောဂါပိုး မကြာခဏဝင်ရောက်ခြင်း

ကုသမှုနည်းလမ်းများ

သွေးအတွင်း ယူရီးယားမြင့်တက်နေတဲ့အခြေအနေမှာ ကျောက်ကပ်ဟာ အတော်လေး ထိခိုက်ထားပြီ ဖြစ်ပါတယ်။ အဓိက ကုသမုှကတော့ ကျောက်ကပ်ဆေးခြင်း (dialysis) ဖြစ်ပါတယ်။ ကျောက်ကပ်အနေနဲ့ သန့်စင်ခြင်းမလုပ်နိုငတော့တဲ့ အညစ်အကြေးတွေကို စက်အကူအညီနဲ့ ဆေးကြောခြင်း ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတခုကတော့ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကျောက်ကပ်ရောဂါ စတင်ဖြစ်ပွားရင် ပုံမှန်စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ ဆိုဒီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်ဆီယမ် များပြားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးရပါမယ်။

ကျောက်ကပ်ထိခိုက်နိုင်တဲ့ အခြေအနေတွေကို ကာကွယ်ရပါမယ်။ ကာကွယ်ရမယ့် နည်းလမ်းတွေကတော့

– ဆီးချိုထိန်းခြင်း

– သွေးပေါင်ချိန်ထိန်းခြင်း

– နှလုံးနှင့်သွေးကြောများ ကျန်းမာရေးကို ထိန်းသိမ်းခြင်း

– ဆေးလိပ်ဖြတ်ခြင်း

– အဝမလွန်စေရန် အစားသောက်ထိန်းပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ကျောက်ကပ်ရောဂါတမျိုးမျိုးကို သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး လိုအပ်ရင် ကုသမှု ပုံမှန်ခံယူဖို့ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/uremia Accessed Date 15 September 2020

ယခုပုံစံ

15/09/2020

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/09/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement