ကျောက်ကပ်က ပုံမှန်အတိုင်းအလုပ်မလုပ်တော့လို့ ကျောက်ကပ်ဆေးနေရတယ်။ ကျောက်ကပ်ဆေးနေရတာကြောင့် အခြားရောဂါပိုးတွေ ဝင်ရောက်တာမျိုးမဖြစ်စေဖို့ အာဟာရပြည့်ဝအောင်စားဖို့ကလည်း မဖြစ်မနေဂရုစိုက်ဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့ ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားသောက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ
ကျောက်ကပ်ဆေးနေရသူ တစ်ယောက်အနေနဲ့ အာဟာရပြည့်ဝနေမှ လိုအပ်တဲ့ကုသမှုတွေကို ခံယူနေမှာပါ။ ဒါကြောင့် ကျောက်ကပ်ဆေးနေရသူတစ်ယောက်အနေနဲ့ အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ဆိုရင်
- စားတဲ့အစားအစာတိုင်းမှာ ပရိုတင်းပြည့်ဝလုံလောက်စွာပါဝင်ဖေို့ဂရုစိုက်ပေးပါ။ ပရိုတင်းပြည့်ဝစေဖို့အတွက် ငါး၊ ကြက်သား၊ ဝက်သား (အဆီမပါ)၊ ဥအမျိုးမျိုုးတို့ကို စားပေးလို့ရပါတယ်။
- ပိုတက်ဆီယမ် နဲ့ phosphorus လျှော့စားပါ။ ဒါတွေက ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။
- မြေပဲထောပတ်၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ အသီးခြောက်တွေ နဲ့ ပဲနီလေးတို့ မစားပါနဲ့။ ဒီအစားအစာတွေက ပရိုတင်းကြွယ်ဝတာ မှန်ပေမယ့် ပိုတက်ဆီယမ် နဲ့ phosphorous ပါဝင်မှုလည်းများပါတယ်။
- ဆားလျှော့စားပါ။ အငန်ကဲတာတွေရှောင်ပါ။ ဒီလိုလုပ်ပေးတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးရာရောက်သလို ကျောက်ကပ်ဆေးနေချိန်အတွင်းမှာ ကိုယ်အလေးချိန် (ရေဝိတ်) တိုးတာကိုလျော့ကျစေနိုင်ပါတယ်။
- ဆားလျှော့စားပါ။ ဆားအစား ဟင်းခတ်အမွှေးအကြိုင်လေးတွေသုံးပြီး အရသာရှိအောင်ပြင်ဆင်စားသုံးပေးပါ။ ဆား အစားနည်းတာက ကျောက်ကပ်ဆေးနေရသူတွေကို ကျန်းမာစေမယ့် အချက်တွေထဲတစ်ခုပါ။
- ပိုတက်ဆီယမ်ပါဝင်နေတဲ့ ဆား အစားထိုးပစ္စည်းတွေကို မစားသုံးပါနဲ့။ ဆား ရော ပိုတက်ဆီယမ်ကပါ ကျောက်ကပ်ဆေးနေရသူတွေနဲ့ မသင့်တော်ပါဘူး။
- ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ အုတ်ဂျုံတို့လိုမျိုး အမျှင်ဓာတ်များပြီး phosphorous ပါဝင်မှုများတဲ့ အစားအစာတွေကိုရှောင်ပါ။ ဒါတွေက ပုံမှန်အတိုင်း ကျန်းမာရေးကို အထောက်အကူပြုပေမယ့် ကျောက်ကပ်ဆေးနေရသူတွေအတွက်တော့ မသင့်တော်ပါဘူး။
- နို့နဲ့နို့ထွက်ပစ္စည်းတွေဖြစ်ကြတဲ့ ဒိန်ချဉ်။ ချိစ် စတာတွေကိုလည်း အများကြီးမစားပါနဲ့။ ဒါတွေက phosphorus ပါဝင်မှုများလွန်းပါတယ်။
- ပိုတက်ဆီယမ် ပါဝင်မှုများတဲ့အသီးတွေကိုလည်းမစားပါနဲ့။ လိမ္မော်သီး၊ ငှက်ပျောသီးတို့လို ပိုတက်ဆီယမ် ပါဝင်မှုများတဲ့ အသီးတွေအစား ပန်းသီး နဲ့ ဘယ်ရီသီးတွေ စားပေးပါ။
- ပိုတက်ဆီယမ် ပါဝင်မှုနည်းတဲ့ ဟင်းသီးဟင်းရွက်တွေစားပါ။ ကျန်းမာတဲ့ စားသောက်မှုပုံစံဖြစ်ဖို့အတွက် အသီးအရွက်စားရမှာ မှန်ပေမယ့် ကျောက်ကပ်ဆေးနေရတယ်ဆိုရင်တော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်တို့လိုမျိုးအစားအစာတွေကို စားပေးပါ။ အာလူး၊ ကညွတ်တို့ကို နည်းနည်းလောက်ပဲစားပါ။
- ကျောက်ကပ်ဆေးနေချိန်မှာ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေ၊ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေ၊ အချဉ်တွေ၊ ဆိုးဆေး နဲ့ တာရှည်ခံဆေးတွေပါဝင်တာများတဲ့ အစားအစာတွေကိုလည်း မစားသင့်ပါဘူး။
- ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တို့လိုမျိုး အစားအစာတွေကိုလည်း ရှောင်ရပါမယ်။
- အချိုရည်၊ အရက်၊ ဘီယာတို့ကိုလည်း ရှောင်ရပါမယ်။
- ကဖင်းများတဲ့ အစားအစာတွေဖြစ်ကြတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်သုပ်၊ ချောကလက်၊ အားဖြည့်အချိုရည် စတာတွေကိုလည်း ရှောင်ရင် အကောင်းဆုံးပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]