နုပျိုလတ်ဆတ်သောအသားအရေကိုနေ့တိုင်းပိုင်ဆိုင်လိုပါ ကအရေပြားကိုအနည်းငယ်ဂရုစိုက်သင့်ပါတယ်။ မနက်ခင်း အသားအရေအခြေအနေသည်ညရှိအသားအရေထိန်းသိမ်း ထားမှုပေါ်တွင်မူတည်ပါတယ်။ ထို့ကြောင့်မနက်ဖြစ်စေည ဖြစ်စေအရေပြားကိုဂရုစိုက်သင့်ပါတယ်။
နုပျိုလတ်ဆတ်သောအသားအရေကိုနေ့တိုင်းပိုင်ဆိုင်လိုပါ ကအရေပြားကိုအနည်းငယ်ဂရုစိုက်သင့်ပါတယ်။ မနက်ခင်း အသားအရေအခြေအနေသည်ညရှိအသားအရေထိန်းသိမ်း ထားမှုပေါ်တွင်မူတည်ပါတယ်။ ထို့ကြောင့်မနက်ဖြစ်စေည ဖြစ်စေအရေပြားကိုဂရုစိုက်သင့်ပါတယ်။

သင့်အရေပြားနှင့်ကိုက်ညီသော facial cleanser နှင့်သန့် စင်ပါ။ သင့်မျက်နှာကိုစက်ဝိုင်းပုံစံနှိပ်နယ်ရန်မမေ့ပါနှင့်။ မျက်နှာကိုသာမန်ဆပ်ပြာနှင့်သစ်ပါကအသားခြောက် စေသောကြောင့်မသစ်သင့်ပါဘူး။ အသားခြောက်ပါကသင့် တော်သော cleanser သို့ cleansing မလုပ်ဘဲရေနွေးနွေး နှင့်သစ်သင့်ပါတယ်။
ညဘက်တွင်မျက်နှာသစ်ပါကအရေပြားဆဲလ်အသေများ၊ မိတ်ကပ်နှင့် ဖုန်အညစ်အကြေးများကိုသန့်စင်ပေးနိုင် သဖြင့်အရေးပါသောအဆင့်ဖြစ်ပါတယ်။ cleansing လုပ် ခြင်းဖြင့်အရေပြားပြဿနာများကိုကာကွယ်နိုင်ပြီးskincare လိမ်းလျှင်အရေပြားအတွင်းသို့စိမ့်ဝင်လွယ်စေပါတယ်။ cleansingလုပ်ပါကသန့်ရှင်းနူးညံ့သောအဝတ်နှင့်လုပ်ရန်မ မေ့ပါနှင့်။
Water-based serum များသည်အသားခြောက်ခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ပတ်ဝန်းကျင်အညစ်အကြေးများမှ ကာကွယ်ပေးပါတယ်။ ထို့ပြင်အရေပြားထဲသို့စိမ့်ဝင်လွယ် စေပါတယ်။ သင့်အရေပြားသည်ဓါတ်မတည့်ဖြစ်တတ်ပါက အရေပြားခြောက်မှ serum လိမ်းသင့်ပါတယ်။
ညနေခင်းအချိန်သည်serumလိမ်းရန်အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ retinol ပါသော serum များသည်အလင်း ရောင်ရှိပါကပျက်စီးနိုင်သောကြောင့်အပြင်သွားမည်ဆိုပါက မလိမ်းသင့်ပါဘူး။ retinol ပါသော serum များကိုကိုယ်ဝန် ဆောင်ချိန်၊ နို့တိုက်ချိန်နှင့် အရေပြားဓါတ်မတည့်ဖြစ်လွယ် သူများတွင်မသုံးသင့်ပါဘူး။
Eye cream များသည် မျက်နှာလိမ်း cream များထက်ပျော့ သဖြင့် eye cream လိမ်းပါကမျက်လုံးတစ်ဝိုက်ကိုအနည်း ငယ်သာလိမ်းရန်လိုအပ်ပါတယ်။ အရေးအကြောင်းများပေါ် နိုင်သောကြောင့် အရမ်းနှိပ်နယ်တာမျိုးမလုပ်ပါနှင့်။ eye cream လိမ်းပါကသိသိသာသာထူးခြားသောကြောင့်တစ် နေ့နှစ်ကြိမ်လိမ်းသင့်ပါတယ်။
အခြားသော skincare ထုတ်ကုန်များကဲ့သို့ပင်သင့်အရေ ပြားနှင့်ကိုက်ညီသော moisturizer ကိုရွေးချယ်သင့်ပါ တယ်။ moisturizer ကိုအများကြီးလိမ်းပါကအဆီပြန်ကာ စီးကပ်ကပ်ဖြစ်စေသောကြောင့်အများကြီးမလိမ်းသင့်ပါဘူး။ အသားအရေခြောက်ပါကညတွင် moisturizer လိမ်းသင့်ပါ တယ်။ အဆီပြန်ပါကထိုအဆင့်ကိုကျော်နိုင်ပါတယ်။
Sunscreen သည်နေ့အချိန်တွင်အလွန်အရေးပါသောအ ဆင့်ဖြစ်ပါတယ်။ အပြင်သွားမည်ဆိုပါက sunscreen လိမ်း ရန်မမေ့သင့်ပါဘူး။ sunscreen သည်သင့်အရေပြားကိုနေ ရောင်ခြည်ကြောင့်ထိခိုက်စေခြင်းမှကာကွယ်ပေးပါတယ်။ SPF 30နှင့်အထက် sunscreen ကိုရွေးချယ်သင့်ပါတယ်။
သင့်အသားအရေကိုပုံမှန်ထိန်းသိမ်းသွားပါကကောင်းမွန် လှပစေနိုင်ပါတယ်။ နေ့နှင့်ညအရေပြားထိန်းသိမ်းမှုအနည်း ငယ်ကွဲပြားသောကြောင့်အထက်တွင်ဖော်ပြထားသကဲ့သို့ မှန်ကန်သောအရေပြားထိန်းသိမ်းနည်းကိုသိရန်လိုအပ်ပါ တယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။