backup og meta

ဖြူဝင်းလှပတဲ့ လည်တိုင်ကျော့ကျော့လေးဖြစ်ချင်တယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖြူဝင်းလှပတဲ့ လည်တိုင်ကျော့ကျော့လေးဖြစ်ချင်တယ်ဆိုရင်

    မျက်နှာအသားအရေကိုပေါင်းတင်တာ၊ရွှေသွင်းတာ၊ အဆိပ်ထုတ်တာ စတာတွေအတွက် ဆိုင်တွေခဏခဏ သွားကြတယ်ဟုတ်။ maskလေးတွေဝယ်ကပ်၊ emulsionလေး၊နို့ရည်လေးဝယ်၊ အစိုဓါတ်ထိန်းဖို့ moistuirizer လေးလည်းသုံးရနဲ့ စုံပလုံစိနေတဲ့ အလှအပနည်းလမ်းကောင်းတွေနဲ့ ကျွန်မတို့ မိန်းကလေးတွေအလုပ်ရှုပ်နေကျပါပဲ။

    ဒီနေရာမှာ အများစုမေ့လျော့ထားမိတာက လည်တိုင်ကျော့ရဲ့ အလှတရားကိုပါ။ မျက်နှာလေးလှနေလျက်နဲ့ လည်ပင်းအသားအရေက ညိုနေတယ်၊ ညစ်နေတယ်၊ အသားအရောင်မညီဘူးဆိုရင် မလိုက်ဖက်လှဘူးလေ။ ဒီလိုမေ့ထားရင်းနဲ့ပဲ မျက်နှာလေးဖြူဝင်းလှပလာလေ လည်တိုင်လေးက ညိုညစ်နေလေဖြစ်လာနိုင်ပါတယ်။ အသားအရောင်က ကွာနေပြီကိုး။

    မျက်နှာသန့်စင်တဲ့အခါ ၊ရေချိုးတဲ့အခါ လည်ပင်းကိုသေချာသန့်စင်ဖို့ မလုပ်မိတာများပါတယ်။ ကြာလာတော့ ကပ်ကျန်နေတဲ့ချေးညှော်၊အညစ်အကြေးတွေကစုမိလာပြီး လည်ပင်းအသားအရေကိုထိခိုက်စေတာပေါ့။ ကိုယ်ကရေချိုးဆပ်ပြာနဲ့သေချာသန့်စင်တယ်၊ scrub (ဆဲလ်သေဖယ်ရှား) လုပ်ပေးတယ်ဆိုရင်တောင်မှ အစိုဓါတ်ထိန်း moisturizer သုံးပေးဖို့မေ့နေနိုင်တယ်လေ။

    လည်ပင်းကမဖြူတော့ အလှပြင်လည်း မိတ်ကပ်လိုက်ဖြည့်နေရတာနဲ့၊ လည်တိုင်အလှပေါ်လွင်စေမယ့် ဂါဝန်လေးတွေ၊ပွဲတက်ဝတ်စုံလေးတွေနဲ့ဆိုလည်း အသားအရောင်မညီမှာစိုးရ၊ ဓါတ်ပုံထဲလည်း သိသာနေမှာစိုးရတာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့ကျနိုင်ပါတယ်။

    ဒီအတွက် နာမည်ကြီး အသားအရေထိန်းပစ္စည်းတွေပြေးဝယ်ဖို့ မစဉ်းစားခင် အိမ်မှာရှိတဲ့သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင် skin care လုပ်ဖို့တွေးကြည့်ဖူးလား။နေလောင်တာကြောင့် အရောင်မတောက်တဲ့လည်တိုင်လေးတွေကို သဘာဝနည်းနဲ့ ကုစားရအောင်နော်။

    ရှားစောင်းလက်ပပ်

    • ရှားစောင်းလက်ပပ်အတွင်းသားအနှစ်ကိုယူပါ။
    • လည်ပင်းမှာ မိနစ်အနည်းငယ်ကြာ ပွတ်လိမ်းပေးပါ။
    • ၁၀ မိနစ်ထားပြီးရေချိုးလိုက်ပါ။

    ပန်းသီးရှာလကာရည်

    • ပန်းသီးရှာလကာရည် (Apple cider vinegar) နှစ်ဇွန်းကို ရေလေးဇွန်းနဲ့ရောပါ။
    • ဂွမ်းလုံးလေးနဲ့ လည်ပင်းမှာသုတ်လိမ်းပေးပါ။
    • ၁၀ မိနစ်ထားပြီးရေချိုးလိုက်ပါ။

    မုန့်ဖုတ်ဆိုဒါ

    • မုန့်ဖုတ်ဆိုဒါ ၂ဇွန်းကိုရေနည်းနည်းနဲ့ အနှစ်ဖြစ်ရုံဖျော်ပါ။
    • လည်ပင်းမှာလိမ်းပြီးခြောက်အောင်ထားပါ။
    • ခြောက်လာရင် လက်ကိုရေဆွတ်ပြီး ပွတ်ဖျက်ပါ။

    သံလွင်ဆီနဲ့သံပရာ

    • သံပရာသီးနဲ့ သံလွင်ဆီကို ဆတူရောပါ။
    • ရလာတဲ့အဆီကို အိပ်ရာမဝင်ခင် လည်ပင်းမှာလိမ်းပါ။

    အာလူး

    • အာလူးအရွယ်တော်တစ်လုံးကိုခြစ်ပြီး အရည်ညှစ်ပါ။
    • လည်ပင်းမှာလိမ်းပြီး ၁၀ မိနစ်- ၁၅ မိနစ်လောက်ခြောက်အောင်ထားပါ။
    • ကြက်သီးနွေးရေနဲ့ဆေးကြောသန့်စင်ပါ။

    အုတ်ဂျုံ

    • အုတ်ဂျုံ(ကွေကာအကြမ်း) စားပွဲတင်ဇွန်း ၂ဇွန်းခန့်ကို အမှုန့်ကြိတ်/ထောင်းပါ။
    • ခရမ်းချဉ်သီးအနှစ်ရည်(အသီးကိုချေထား) ၁ဇွန်းနဲ့ Rose water ထည့်ပြီး အနှစ်ဖြစ်အောင်ဖျော်ပါ။
    • လည်ပင်းမှာလိမ်းပြီး မိနစ် ၂၀လောက်ထားပါ။
    • လက်ချောင်းကိုရေဆွတ်ပြီး အသာအယာ ပွတ်ဖျက်ပါ။
    • ရေအေးနဲ့သန့်စင်ပါ။

    ဗီတာမင် E

    • ဗီတာမင် Ecapsule ၃/၄ ခုလောက်ကိုဖောက်ပြီး လည်ပင်းမှာ မိနစ်အနည်းငယ်ကြာ စိမ့်ဝင်အောင် လိမ်းပေးပါ။
    • ညဘက် လိမ်းအိပ်တာ ပိုကောင်းပါတယ်။

    ဒိန်ချဉ်

    • ဒိန်ချဉ်၂ဇွန်းနဲ့ သံပရာရည် ၁ ဇွန်းကိုရောပြီး လည်ပင်းမှာလိမ်းပါ။
    • မိနစ် ၂၀လောက်ထားပြီးရေချိုးလိုက်ပါ။

    ဒါတွေအကုန်လုံးထဲမှာ သံလွင်ဆီကလွဲလို့ ကျန်တဲ့နည်းတွေသုံးပြီးတိုင်း moisturizerပြန်သုံးဖို့ မမေ့နဲ့နော်။ အလွယ်ဆုံးနည်းတွေဖြစ်လို့ ကြိုက်တဲ့နည်းကိုရွေးလို့ရပါတယ်။

    နောက်ပိုင်း ဂရုစိုက်ရမယ့်အချက်တွေကမျက်နှာသစ်တဲ့အခါတိုင်း လည်ပင်းကိုလည်း သန့်စင်ပါ။ မျက်နှာအသားအရေကိုခြောက်သွေ့မှုဒဏ်၊နေလောင်ဒဏ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်တွေက ကာကွယ်ထိန်းသိမ်းသလိုပဲ လည်ပင်းအသားအရေကိုလည်း ဂရုစိုက်ပေးဖို့မမေ့ပါနဲ့။moisturizer နဲ့sunscreen အမြဲလိမ်းပေးပါ။

    အလှတရားကိုမြတ်နိုးတဲ့ မယ်မဒီတို့လည်း လည်တိုင်ကျော့ကို မိတ်ကပ်ဖို့ရတဲ့အလုပ်ကို နှုတ်ဆက်နိုင်ပါစေလို့။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement