backup og meta

နေ့စဉ် ပုံမှန် ခန္ဓါကိုယ်အရေပြား ထိန်းသိမ်းနည်း

သင့်အရေပြားဟာ ကိုယ်ခန္ဓါပေါ်မှာ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ သူဟာ ဖျားနာမှုတွေ၊ ရောဂါပိုးဝင်မှုတွေကို ပထမဆုံးကာကွယ်ပေးတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အရေပြားကို ကျန်းမာအောင် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ သင့်မျက်နှာအတွက် ပုံမှန်ပြုလုပ်နေကျ အရာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓါအရေပြားအတွက်ရော။ ကိုယ်ခန္ဓါအရေပြားကိုလည်း ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။

လည်ပင်းနဲ့ ရင်ဘတ်

မျက်နှာမှာသုံးတဲ့ ထုတ်ကုန်တွေကို လည်ပင်းနဲ့ ရင်ဘတ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အရေပြားကို ဂရုစိုက်ခြင်းဟာ မေးစေ့မှာတွင် အဆုံးမသတ်သွားသင့်ပါဘူး။ လည်ပင်းနဲ့ ရင်ဘတ်အရေပြားကို သန့်စင်ခြင်းနဲ့ ရေဓါတ်ဖြည့်တင်းပေးတဲ့ အကျင့်မရှိခဲ့ရင်တော့ အခုစတင် ပြုလုပ်သင့်ပါတယ်။ လည်ပင်းအရေပြားဟာ

မျက်နှာအရေပြားထက် ပိုမိုပါးလွှာတာကြောင့် အသက်ကြီးရင့်လာမှုကို ပိုမိုသိသာစေပါတယ်။ အရေးအကြောင်းတွေနဲ့ အရေပြားတွဲကျလာမှုကို ကာကွယ်ဖို့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတဲ့ခရင်မ် တွေကိုလည်း လိမ်းသင့်ပါတယ်။

လက်

လက်ဟာ အသက်ကြီးရင့်လာမှုကို ဖေါ်ပြတဲ့ အသိသာဆုံး အရာတစ်ခု ဖြစ်ပါတယ်။ သင့်လက်မှာ အမဲစက်တွေ ရှိနေတယ်ဆိုရင် alpha hydroxy acid အစရှိတာတွေကို လိမ်းနိုင်ပါတယ်။ လက်ကို နေပူခံလိမ်းဆေး လိမ်းပေးဖို့ မမေ့သင့်ပါဘူး။ SPH 30 နဲ့ အထက် လက်ခရင်မ်လိမ်းဆေး တွေကို ရှာဖွေ ဝယ်ယူနိုင်ပါတယ်။

တံတောင်ဆစ်

တံတောင်ဆစ်ဟာ ခြောက်သွေ့လွယ်ပါတယ်။ ဒါကြောင့် တံတောင်ဆစ်ကိုလည်း ရေဓါတ်ထိန်းသိမ်းပေးသင့်ပါတယ်။ တံတောင်ဆစ်ကို ရေချိုးတဲ့အခါ သပွတ်သီးပင်ကို အသုံးပြုပြီး ချေးချွတ်သင့်ပါတယ်။ ပြီးရင်တော့ ခြောက်သွေ့အောင် သုတ်ပေးသင့်ပြီး ရေဓါတ်ထိန်းပေးတဲ့ အဆီတစ်မျိုးနဲ့ နှိပ်နယ်ပေးသင့်ပါတယ်။ ပြီးရင်တော့ ရေဓါတ်ပါဝင်မှုများတဲ့ ကိုယ်ခန္ဓါ လိမ်းဆေးကို လိမ်းပေးသင့်ပါတယ်။

လက်မောင်းနောက်ဘက်

လူအတော်များများဟာ လက်မောင်းအနောက်ဘက်မှာ အဖုလေးတွေ ရှိတတ်ပါတယ်။ သူတို့ကို keratosis pilaris လို့ ခေါ်ပြီး လတ်တစ်အက်ဆစ် ပါဝင်တဲ့ ခန္ဓါကိုယ်လိုးရှင်း လိမ်းပေးခြင်းအားဖြင့် သက်သာလာနိုင်ပါတယ်။ ဆေးလိမ်းခြင်းကို ရပ်လိုက်ရင် အဖုပြန်ထလာနိုင်တာကြောင့် နေ့စဉ် အသုံးပြုသင့်ပါတယ်။

ခြေထောက်

အမွေးရိတ်ခြင်းဟာလည်း ချေးချွတ်ခြင်းတစ်မျိုး ဖြစ်တာကြောင့် ပုံမှန်အမွေးရိတ်မယ်ဆိုရင် ချေးချွတ်ပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် အမွေးရိတ်ခြင်း အချို့ဟာ ခြောက်သွေ့စေပါတယ်။ သင့်ခြေထောက်အတွက် ရေချိုးစဉ် အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေက ကျလာတဲ့ ရေနွေးနဲ့ ဆပ်ပြာနဲ့တင် အဆင်ပြေပါတယ်။ ပြီးရင်တော့

ခြေထောက်တွေကို တံတောင်ဆစ်ကို လိမ်းသလို လိမ်းပေးသင့်ပါတယ်။ ခြောက်သွေ့အောင်သုတ်ခြင်း၊ ရေဓါတ်ဖြည့်ခြင်းတွေလုပ်ပေးရပါမယ်။ ဒူးခေါင်းအရေပြားက ကြမ်းတမ်းနေရင် နောက်တစ်ခါ ထပ်လုပ်သင့်ပါတယ်။

ခြေဖဝါး

ခြေဖဝါးတွေဟာ ကိုယ်ခန္ဓါတစ်ခုလုံးမှာ လစ်လျူရှု အခံရဆုံး အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ Alpha hydroxy acid, lactic acid, urea အစရှိတဲ့ ချေးချွတ်ဆေးတွေပါဝင်တဲ့ လိုးရှင်းတွေ လိမ်းပေးခြင်းဖြင့် အကျိုးရှိနိုင်ပါတယ်။ ရေဓါတ်ပါဝင်မှုများတဲ့ moisturiser ကို ခြေဖဝါးပေါ်လိမ်းပြီး ပိုမိုချောမွေ့ကာ ပျော့ပြောင်းတဲ့ ခြေထောက်တွေ ပိုင်ဆိုင်ဖို့ ချည်နဲ့ လုပ်ထားတဲ့ ခြေအိတ်ဝတ်ထားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Ultimate Full-Body Skin Care Plan.

http://www.totalbeauty.com/content/gallery/skin-care-improvement-plan. Accessed May 6, 2017.

ယခုပုံစံ

15/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံအတွက်အသုံးပြုသင့်သော အရေပြားထိန်းသိမ်းပေးသည့် ပစ္စည်းများ

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူကြတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement