backup og meta

တက်တူးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်လဲ၊ ဘာတွေသတိထားရမလဲ

တက်တူးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်လဲ၊ ဘာတွေသတိထားရမလဲ

တက်တူးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်လဲ၊ ဘာတွေသတိထားရမလဲ

တက်တူးဆိုတာက ခန္ဓါကိုယ်ပေါ်မှာ မင်ရည်နဲ့အပ်ကိုအသုံးပြုပြီး အရေပြားအလယ်လွှာထဲထိရောက်အောင် ထိုးသွင်းတဲ့ဖန်တီးမှုအနုပညာတစ်ရပ်ပါ။ တက်တူးထိုးတာက အခုခေတ်မှာလူငယ်တွေအကြားရေပန်စား လာနေတဲ့ ဝါသနာတစ်ခုလည်းဖြစ်ပါတယ်။ အလှအပပိုင်းမှာအသုံးပြုနေတဲ့ Permanent makeup ဆိုတာကလည်းတက်တူး ထိုးမှုတစ်ရပ်ပါပဲ။ မပျက်တဲ့မင်တွေကို မျက်လုံးလိုင်နာ(eye liner)၊ နှုတ်ခမ်းလိုင်နာ (lip liner) ၊ မျက်ခုံးမွှေးဆွဲတံတွေနဲ့ အခြားအလှပြင်ပစ္စည်းတွေ မှာပါထည့်သွင်းအသုံးပြုလာနေကြပါတယ်။

တက်တူးမင်တွေက ကိုယ်ခံအားစနစ်နဲ့ ရောဂါစစ်ဆေးမှုရလဒ်တွေအပေါ်မှာ သက်ရောက်မှုရှိသလို အခြားခန့်မှန်း ရခက်တဲ့ နောက်ဆက်တွဲရောဂါတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

အဆိပ်ဖြစ်တဲ့မင် – တက်တူးမင်အချို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ တက်တူးထိုးရာမှာ အသုံးပြုနေတဲ့မင်ရည် ၅ မျိုးထဲက တစ်မျိုးမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်လို့ သြစတြေးလျအစိုးရက ထောက်ပံ့ပေးထားတဲ့ လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ တက်တူးထိုးရာမှာ လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ အနက်ရောင်မင်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓါတုပစ္စည်းက ၈၃ ရာခိုင်နှုန်း အထိပါဝင်နေပါတယ်။

တက်တူးမင်တွေက ရောဂါစစ်ဆေးမှုရလဒ်တွေကိုမှားယွင်းစေနိုင်တယ် – ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့် သတ္တုပေါ် မှာအခြေခံပြီး ထုတ်ထားတဲ့တက်တူးမင်တွေက ရောဂါစစ်ဆေးမှုရလဒ်တွေကိုမှားယွင်းတာမျိုးတွေဖြစ်စေနိုင်ပါ တယ်။ ၂၀၁၅ ခုနှစ်ကဖြစ်ရပ်တစ်ခုမှာ ဆရာဝန်တွေကအမျိုးသမီးတစ်ဦးမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီး ကင်ဆာဆဲလ်တွေက lymph node တွေထဲအထိပြန့်နှံ့နေပြီလို့ယူဆခဲ့ပါတယ်။ နောက်ဆုံးမှာသိရှိလိုက်တာက သူထိုးထားတဲ့ တက်တူးကမင်တွေရဲ့ ခန္ဓါကိုယ်တွင်းဓါတ်ပြုမှုကြောင့်ဆိုတာကိုသိခဲ့ရပါတယ်။

ကူးစက်ရောဂါတွေကူးစက်ခံရနိုင်ပါတယ် – တက်တူးထိုးတဲ့အခါ အရေပြားသန့်ရှင်းမှုမရှိတာကြောင့်နဲ့ တက်တူး ထိုးရာမှာသုံးတဲ့ကိရိယာတွေကသန့်ရှင်းမှုမရှိတာကြောင့် အရေပြားကနေတဆင့်ပိုးဝင်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တက်တူးထိုးတာကြောင့် ပြင်းထန်တဲ့အရေပြားကတဆင့်ပိုးကူးစက်ဝင်ရောက်တဲ့ရောဂါ ကိုခံစားရနိုင်သလို အသက်အန္တရာယ်ရှိတဲ့အထိတောင်ဖြစ်ပေါ်နိုင်ပါတယ်။

တက်တူးထိုးတာကြောင့် sarcoidosis ရောဂါ၊ lichen planis ရောဂါနဲ့ အခြားသောအရေပြားဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီဝေဒနာတွေကိုခံစားရတာအချိန်ကြာမြင့်လာတဲ့အခါ အရေပြားပေါ်မှာ အနာရွတ်တွေ စွဲကျန်ခဲ့ပါတယ်။

တက်တူးထိုးတာကနေတဆင့် အိတ်ခ်ျအိုင်ဗွီရောဂါကူးစက်ခံရနိုင်သလို အသည်းရောင်အသားဝါ စီ ပိုးလည်းကူးစက်ခံနိုင်ပါတယ်။ တက်တူးထိုးရာမှာသုံးတဲ့ အပ်ကနေတဆင့် အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံရနိုင်ခြေအရမ်းများပါတယ်။

တက်တူးမထိုးခင်ဘာတွေသိထားသင့်လဲ

တက်တူးထိုးဖို့စဉ်းစားထားရင် ဒီအချက်လေးတွေသတိထားပေးပါ။

  • အရေပြားဓါတ်မတည့်မှုခံစားရသူတွေမှာ အနီရောင်မင်ကအရေပြားဓါတ်မတည့်မှုကိုပိုဆိုးစေပါတယ်။
  • အဆစ်တွေပေါ်မှာတက်တူးထိုးတာက အဆစ်တွေလှုပ်ရှားမှုကို ထိခိုက်စေနိုင်တာကြောင့် လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်တွေပေါ်မှာတက်တူးမထိုးပါနဲ့။
  • အရေပြားကင်ဆာဖြစ်စေနိုင်တာကြောင့်အညိုရောင်မှဲ့တွေပေါ်မှာတက်တူးထပ်ထိုးတာမျိုးမလုပ်ပါနဲ့။
  • သန့်ရှင်းရေးကိုဂရုစိုက်တဲ့ကျွမ်းကျင်တဲ့ tattoo artist ထံမှာပဲတက်တူးထိုးပါ။ ခရီးသွားနေရင်းတက်တူးမထိုးပါနဲ့။ ပွဲတော်တစ်ခုမှာပါဝင်ဆင်နွှဲနေချိန်မျိုးမှာလည်းတက်တူးမထိုးပါနဲ့။
  • အသုံးပြုမယ့်မင်နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီအကြောင်းအသေးစိတ်သေချာမေးမြန်းပါ။

တက်တူးမထိုးခင်ကြိုတင်သတိပြုသင့်တဲ့အချက်လေးတွေ

  • ခွင့်ပြုချက်ရထားပြီး နာမည်ရှိတဲ့ဆီမှာပဲတက်တူးထိုးပါ။
  • အပ်တွေနဲ့တက်တူးထိုးရာမှာသုံးတဲ့အရေပြားကိုဖောက်ထွင်းရတဲ့ပစ္စည်းတွေကို သူများသုံးပြီးသားတွေကို မသုံးခိုင်းပါနဲ့၊ အသစ်ဟုတ်၊မဟုတ်သေချာကြည့်ပါ။
  • တက်တူးမထိုးခင်မှာ tattoo artist ကလက်ဆေးပြီး လက်အိတ်အသစ်လဲလှယ်ရဲ့လားဆိုတာ သေချာကြည့်ပါ။
  • တက်တူးအထိုးခံရမယ့်နေရာထိုင်ခင်းကလည်း သန့်ရှင်းရဲ့လားလေ့လာပါ။ သန့်ရှင်းမှုမရှိဘူးဆိုရင် မထိုးပါနဲ့။
  • တက်တူးမထိုးခင်အရေပြားပိုးမဝင်အောင်တက်တူးထိုးမယ်နေရာကို အရက်ပြန်နဲ့သုတ်ပြီး ပိုးသတ်ပေးပါ။
  • ထိုးပြီးစတက်တူးကို ပတ်တီးနဲ့ဖုံးအုပ်ထားပါ။

တက်တူးပိုးမဝင်အောင်ဘယ်လိုဂရုစိုက်မလဲ

  • ထိုးပြီးစတက်တူးကို ၂၄ နာရီကြာပတ်တီးနဲ့အုပ်ထားပါ။ ပတ်တီးဖယ်လိုက်တဲ့အခါ ပဋိဇီဝလိမ်းဆေး လိမ်းထားပေးပါ။
  • တက်တူးကိုဆပ်ပြာအပျော့စား၊ရေတို့နဲ့ဆေးကြောပေးပြီးခြောက်အောင်သုတ်ပေးပါ။
  • ထိုးပြီးစ တက်တူးပေါ်မှာ အပျော့စားအစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးလိမ်းပေးပါ။
  • တက်တူးထိုးပြီးစ တစ်ပတ်အတွင်းတက်တူးကိုနေရောင်နဲ့တိုက်ရိုက်မထိမိအောင်ထားပါ။
  • အနာကျက်ဖို့ ၂ ပတ်လောက်အချိန်ယူပါ။ အနာမကျက်ခင်တက်တူးကို ကိုင်တွယ်တာမျိုး မလုပ်ဘဲနေတာက အနာပိုးဝင်ခံရနိုင်ခြေကိုနည်းစေပါတယ်။

တက်တူးထိုးထားတဲ့ နေရာမှာနီမြန်းတာ၊ရောင်ရမ်းတာနဲ့ ဖျားနာတာ၊ပြည်တည်တာမျိုးတွေဖြစ်လာရင်ပဲဖြစ်ဖြစ် အနာကိုပိုးဝင်တယ်၊လို့ယူဆရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ချက်ချင်းပြသပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/health/beauty-skin-care-tattoos-piercings#aftercare4

http://www.medicaldaily.com/tattoos-affect-your-health-long-term-side-effects-ink-has-your-immune-system-404404

http://www.thealternativedaily.com/health-risks-of-tattoos/

ယခုပုံစံ

12/05/2020

Aye Thi Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေရရှိနိုင်မယ့်အရင်းအမြစ်များ

အရေပြားဖောက်ထွင်း အလှဆင်ပြီးနောက် ဂရုစိုက်ရမည့်အချက်များ



Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement