brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Sugar Wax ကို အိမ်မှာ ကိုယ်တိုင် လုပ်ကြမယ်

Sugar Wax ဆိုတာ (သူ့နာမည်အတိုင်းပါပဲ) သကြားနဲ့ လုပ်ထားတဲ့ အမွေးချွတ်ဖယောင်းလို့ ပြောရမှာပေါ့။ ဆိုင်တွေမှာ Waxing တစ်ခါတစ်ခါ လုပ်ရင် ငွေကုန်ကြေးကျ များတယ်။ အိမ်မှာပဲ လုပ်မယ်။ အလုပ်ရှုပ်ခံနိုင်တယ်ဆိုတဲ့သူတွေအတွက် အိမ်မှာ Sugar Wax ကို ဘယ်လို ကျိုရမယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ Sugar Wax မှာလည်း Hard Wax, Soft Wax ဆိုတာ ရှိပေမဲ့ ဒီပို့စ်မှာတော့ Soft Wax ကို အလွယ်ဆုံးနည်းလမ်းနဲ့ ဘယ်လို လုပ်ရလဲဆိုတာပဲ ပြောပြပေးမယ်နော်။

Sugar Wax ကို အိမ်မှာ ကိုယ်တိုင် လုပ်ကြမယ်

လိုအပ်သော ပစ္စည်းများ

  • သကြား တစ်ခွက် (အရောင်မချွတ်ထားတဲ့ သကြားကို သုံးလည်း ရပါတယ်)
  • သံပုရာရည် ၁/၄ ခွက်
  • ရေ ၁/၄ ခွက်
  • ပျားရည် ၁/၄ ခွက် (မရှိရင်လည်း မထည့်လို့ ရပါတယ်)
  • ပထမဆုံး Saucepan (အိမ်မှာရှိတဲ့ အိုးတွေနဲ့လည်း ရပါတယ်) ထဲ သကြားတွေ ထည့်လိုက်ပါ။ တခြား ဘာမှ မထည့်နဲ့နော်။

    အိုးကို Medium-high အပူချိန်နဲ့ ဖြည်းဖြည်း အပူပေးပါ။ (အပူချိန် အရမ်းမများပါစေနဲ့။)

    သကြားအရည်ပျော်လာပြီဆိုရင် သံပုရာရည်နဲ့ ရေကို သကြားအားလုံးစိုသွားအောင် လောင်းထည့်လိုက်ပါ။ သမပြီး အားလုံးပျော်အောင် မွှေရင်း မပျစ်မကျဲ အနေတော်လေးဆိုရင် ရပါပြီ။ သိပ်ပျစ်သွားရင်လည်း ခွာလို့ မကောင်းတာမျိုး ဖြစ်တတ်သလို ကျဲလွန်းရင်လည်း မကပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    သတိပြုရမှာက အမွေးတွေက တိုလွန်းရှည်လွန်းရင် Wax လုပ်ရတာ အဆင်မပြေပါဘူး။ ဆိုတော့ လက်မဝက်၊ တစ်နည်းအားဖြင့် ၃-၄ စင်တီမီတာလောက်ရှိမှ အဆင်ပြေမှာပါ။

    အိမ်မှာ Wax ဘယ်လို လုပ်ကြမလဲ။

    အရင်ဆုံး Wax မလုပ်ခင်မှာ ရေချိုးတာ (သို့) ကိုယ်လက်သန့်စင်တာမျိုး လုပ်ပါ။

    သန့်စင်တဲ့အခါမှာ Scrub ကို ဖွဖွလေး တိုက်ပြီး ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ အကြမ်းပတမ်းလည်း မတိုက်နဲ့နော်။ အရေပြားမှာ ဒဏ်ဖြစ်သွားနိုင်လို့ပါ။

    Waxing မလုပ်ခင်မှာ လုပ်မယ့်နေရာတွေကို ခြောက်နေအောင် သုတ်ပါ။ ပေါင်ဒါသုံးရင်လည်း ရပါတယ်။ (လိင်အင်္ဂါနားတစ်ဝိုက်မှာတော့ ပေါင်ဒါတွေ မသုံးနဲ့နော်။)

    နွေးနွေးလေး ဖြစ်နေတဲ့ Wax ကို အမွေးပေါက်ရာ လမ်းကြောင်းအတိုင်း သုတ်လိမ်းပါ။ (Wax က အရမ်းပူနေတတ်တာမို့ အဲဒါလေး တစ်ချက် သတိထားပါ။)

    ပြီးတော့ အပေါ်ကနေ အဝတ်ပါးလေးနဲ့ ကပ်ပြီး အမွေးပေါက်ရာ လမ်းကြောင်းနဲ့ ပြောင်းပြန် ဆတ်ခနဲ ဆွဲခွာပါ။ ဒီ Sugar Wax, Soft Wax ကိုတော့ ခြေထောက်၊ လက်မောင်းနဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ သုံးလို့ ရပါတယ်။ (Bikini Wax နဲ့ Brazillian Wax တော့ သွားမလုပ်နဲ့နော်။)

    လှနိုင်ကြပါစေ။

    Wathun Myet Chal

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/02/2022 ဖြစ်ပါသည်။