backup og meta

ပန်ဒါမျက်လုံးလေးတွေ ဖျောက်ကြမယ်

ပန်ဒါမျက်လုံးလေးတွေ ဖျောက်ကြမယ် …… မျက်ကွင်းညိုခြင်းဟာ တခါတရံ အသက်ကြီးလာတဲ့အခါ မျက်ခွံမို့လာသောကြောင့် သို့မဟုတ် မျက်တွင်းချိုင့်လာခြင်းကြောင့် ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် တချို့တွေမှာ အိပ်ရေးဝလျက်နဲ့ မျက်ကွင်းညိုနေတာပါ။ ပင်ပန်းတာတစ်ခုတည်းကြောင့် မျက်ကွင်းတွေညိုတာ မဟုတ်ပါဘူး။ မျိုးဗီဇ၊ အသက်အရွယ်နဲ့ အရေပြား ပျက်စီးမှုတွေကြောင့်လည်း ပန်ဒါမျက်လုံးလေးတွေ ဖြစ်နိုင်ပါသေးတယ်။

သင့်ကို ကူညီပေးနိုင်မယ့် အချက်လေးတချို့ကို ကြည့်လိုက်ရအောင်-

ပန်ဒါမျက်လုံးလေးတွေ ဖျောက်ကြမယ်

ပန်ဒါမျက်လုံးလေးတွေ ဖျောက်ကြမယ် ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖျောက်ရမလဲဆိုတော့

  • အအေးဓာတ်

အအေးဓာတ်ဟာ မျက်ခွံမို့ခြင်း၊ မျက်ကွင်းညိုခြင်းတွေကို ဖြစ်စေတဲ့ မျက်လုံးအောက်က သွေးကြောရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။ ရေခဲရေထဲအဝတ်စိမ်ပြီးဖြစ်စေ၊ ဇွန်းကို အေးခဲစေပြီးဖြစ်စေ မျက်ခွံပေါ် ၁၅ မိနစ်ခန့်ကပ်ပေးပါ။ တစ်ရက် ၃-၄ ကြိမ်လုပ်ပါက မျက်ကွင်းညိုခြင်း သက်သာနိုင်ပါတယ်။

  • သခွားသီး

သခွားသီးတွေမှာ အနာကျက်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ သခွားသီးကြီးကြီးတစ်လုံးကို အေးခဲနေအောင် ရေခဲသေတ္တာထဲထားပြီး ခပ်ပါးပါး အကွင်းများလှီးပါ။ မျက်လုံးတစ်ဖက်ကို တစ်ကွင်းဆီ ၁၀-၁၅ မိနစ်ခန့်ကပ်ထားပြီး ဖယ်လိုက်ပါ။

  • လက်ဖက်စိမ်းအိတ်

လက်ဖက်စိမ်းတွေမှာ antioxidants အာနိသင်ရှိပြီး မျက်ကွင်းညိုခြင်းတာကို သက်သာစေဖို့ antioxidants လိုအပ်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းနှစ်အိတ်ကို ရေနွေးထဲ ၅ မိနစ်ခန့်စိမ်ထားပြီး ရေခဲသေတ္တာထဲထည့်လိုက်ပါ။ အေးသွားရင် ထုတ်လိုက်ပြီး မျက်လုံးပေါ် ၁၅ မိနစ်ခန့်ကပ်ထားပါ။ ပြီးရင် ရေဆေးလိုက်ပါ။

နေထိုင်မှုပုံစံပြောင်းလဲခြင်း

  • ဗီတာမင်ကြွယ်ဝတာတွေ စားပေးပါ။ 

ဗီတာမင် အေ၊ အီး၊ ဘီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ antioxidants လျော့နည်းခြင်းကြောင့်လည်း မျက်ကွင်းညိုနိုင်ပါတယ်။ ဒီဓာတ်တွေ ပြည့်ဝစေဖို့ အစိမ်းရောင်အသီးအရွက်တွေ၊ အသီးအနှံတွေ စားပေးပါ။

  • အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးပျက်ခြင်းကလည်း ပန်ဒါမျက်လုံးလေးတွေ ဖြစ်စေနိုင်တာကြောင့် တစ်ရက်လျှင် ၇ နာရီ၊ ၈ နာရီခန့်အိပ်ပါ။

  • ဓာတ်မတည့်ခြင်းတွေကို သတိထားပါ

မျက်ကွင်းညိုခြင်းဟာ ဓာတ်မတည့်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပန်းဝတ်မှုံ၊ ဖုန်၊ တိရိစ္ဆာန်အမွေးတချို့ စတာတွေနဲ့ ဓာတ်မတည့်ခြင်းတွေကြောင့်လည်း မျက်လုံးမို့ခြင်း၊ မျက်ကွင်းညိုခြင်းများ ဖြစ်လာနိုင်ပါတယ်။ ဓာတ်မတည့်ခြင်းလက္ခဏာတွေအတွက် ဆေးသောက်နိုင်ပါတယ်။ မတည့်တဲ့အရာများနဲ့ ထိတွေ့ခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။

  • အရက်ရှောင်ပါ

အရက်သောက်ခြင်းဟာ အသားအရေကို ခြောက်သွေ့ပါးလျစေပါတယ်။ ဒါကြောင့် အရက်ဖြတ်လိုက်ခြင်းက ပန်ဒါမျက်လုံးလေးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  • ဆေးလိပ်သောက်ခြင်းရှောင်ပါ

ဆေးလိပ်ဟာ ကော်လဂျင်များကို အားနည်းစေပြီး အရေးကြောင်းများ၊ မျက်ကွင်းညိုခြင်းများ ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းအပြင် ဆေးလိပ်သောက်နေတဲ့ နေရာများကိုလည်း ရှောင်ပါ။

ပန်ဒါမျက်လုံးလေးတွေ အတွက် ကုသနည်းများ

  • Retinol လိမ်းပါ

Retinol ဟာ ကော်လာဂျင်ထုတ်ခြင်းကို တိုးတက်စေပါတယ်။ မျက်လုံးအောက်မှ အရေပြားကို တင်းရင်းစေတာကြောင့် မျက်ကွင်းညိုခြင်းသက်သာစေနိုင်ပါတယ်။ မျက်လုံးပတ်လည်ကို Retinolပါတဲ့ eyecream လိမ်းပေးနိုင်ပါတယ်။

  • အရေပြားဆရာဝန်နဲ့ ပြသပါ။ 

သဘာဝနည်းတွေ၊ နေထိုင်မှု ပုံစံပြောင်းလဲတာတွေနဲ့ မသက်သာရင် အရေပြားဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ကုသနည်းတွေကတော့

လေဆာနည်း– မျက်လုံးအောက်အရေပြားကို ချောမွေ့စေတဲ့ လေဆာနည်းကို သုံးနိုင်ပါတယ်။ များသောအားဖြင့် အရေပြားအထူးကုများ ပြုလုပ်ပေးပါတယ်။

အရေပြားpeeling လုပ်ခြင်းPeeling solutionများ သုံးပြီး  အရေပြားအပေါ်ဆုံးလွှာကို သန့်စင်ကာ ပိုကျန်းမာတဲ့ အရေပြားလွှာဖြစ်လာစေပါတယ်။ မျက်လုံးအောက်မှ အရေပြားဟာ ပါးလွှာပြီး အထိမခံတာကြောင့် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။

အလင်းလှိုင်းသုံးခြင်း– အလင်းလှိုင်းတစ်မျိုးဖြင့် မျက်လုံးအောက်အရေပြားကို နူးညံ့စေသော နည်းတစ်မျိုးဖြစ်ပါတယ်။

ခွဲစိတ်ခြင်း– ခွဲစိတ်ခြင်းကတော့ နောက်ဆုံးနည်းလမ်းပါ။ ပလတ်စတစ်ဆာဂျရီနည်းဖြင့် မျက်လုံးအောက်မှ အရေပြားကို ပိုမိုချော့မွေ့စေပြီး  မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေပါတယ်။

ရေးသားသူ- Dr Aye Myat Myat Noe

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Tips to Remove Dark Circles Under Eyes Permanently and Easily. https://bellatory.com/skin/Remove-Dark-Circles-Under-Eyes-Permanently. Accessed February 10, 2017.
Treating dark circle under eyes. http://www.realsimple.com/beauty-fashion/skincare/skincare-face/treating-dark-circles-under-eyes. Accessed February 10, 2017.

ယခုပုံစံ

12/10/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွန်ပျူတာက သင့်ကလေးမျက်လုံးတွေကိုထိခိုက်စေနိုင်သလား

မျက်လုံး အညိုအမည်းတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/10/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။