တိုနာ အဆင့်ပြီးပြီဆိုရင်တော့ Essence လိမ်းလို့ ရပါပြီ။ Essence ဟာလည်း Toner၊ Serum နဲ့ သဘောတရားတူညီပါတယ်။ သူကတော့ ရေဓာတ်လည်း ဖြည့်ပေးသလို ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်ပြန်လည် ဖြစ်ပေါ်ဖို့ အထောက်အကူပြုပါတယ်။
Mask ကတော့ ပျိုပျိုမေလေးတွေ တစ်ပတ်ကို တစ်ခါ၊ နှစ်ခါလောက် ကပ်ကြတဲ့ ပစ္စည်းပါ။ Mask တွေဟာ အသားအရေထိန်းသိမ်းဖို့အတွက် အကောင်းဆုံး ဖြစ်ပြီး ကိုယ့်အသားအရေ အမျိုးအစားအလိုက် ရွေးချယ်လို့ ရနိုင်ပါတယ်။
မျက်လုံးအတွက်တော့ Eyecream လေး လိုအပ်တာပေါ့နော်။ မျက်လုံးနားတဝိုက်မှာ မျက်ကွင်းညိုခြင်း၊ အရေးအကြောင်း ဖြစ်ခြင်းနဲ့ ရေဓာတ်လိုအပ်တာတွေကို ကောင်းမွန်စေပါတယ်။ လက်ချောင်းလေးတွေနဲ့ ညင်သာစွာ ထိတွေ့ပါ။ အတင်းပွတ်တာမျိုး မလုပ်နဲ့နော်။
ရေဓာတ်အားဖြည့်ခရင်မ် (moisture) ကတော့ အသားအရေ ကြည်လင်တောက်ပစေပြီး စိုစိုလေး ဖြစ်နေစေမှာပါ။ Emulsion၊ Gel ပုံစံ အမျိုးမျိုး ရှိပါတယ်။ နေ့တိုင်းသုံးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။