backup og meta

မိတ်ကပ် ဘယ်လို မှန်ကန်စွာဖျက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိတ်ကပ် ဘယ်လို မှန်ကန်စွာဖျက်မလဲ

    skin care လုပ်ရာမှာ တိုနာတို့ အစိုဓါတ်ထိန်းခရင်မ်တို့ နေလောင်ခံလိမ်းဆေးတို့ သုံးတာအပြင် မိတ်ကပ်သေချာဖျက်ဖို့လည်း အရေးကြီးပါတယ်။ မိတ်ကပ်ကို အကြာကြီးလိမ်းထားရင် အသားအရည်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် cosmetic တွေ မျက်နှာပေါ်ကရှင်းလင်းနေမှ သက်တောင့်သက်သာရှိစေပြီး စိတ်ဖိအားတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

    မိတ်ကပ်ဖျက်ရာမှာ အကျိုးရှိပြီး စိတ်ချရတဲ့နည်းလမ်းတွေရှိပါတယ်။ မိတ်ကပ်ကို သဘာဝကျကျ ဖယ်ရှားပေးဖို့အကောင်းဆုံးနည်းလမ်းတစ်ချို့ရှိပါတယ်။

    ၁။ baby wipe

    ပုံမှန်မိတ်ကပ်ဖျက်ဆေးအများစုဟာ အသားအရည်ကို ခြောက်သွေ့စေပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက်ထုတ်ထားတဲ့ baby wipe လေးတွေကို ရွေးချယ်အသုံးပြုပါ။ သူက အသားအရည်နူးညံ့စေပါတယ်။

    ၂။ အုန်းဆီ

    အုန်းဆီကလည်း မိတ်ကပ်ဖျက်ဖို့ အကောင်းဆုံးအကြံတစ်ခုပါ။ ဖျက်ရခက်တဲ့ မိတ်ကပ်တွေနဲ့ ရေစိုခံမိတ်ကပ်တွေကိုတောင်မှ လွယ်လွယ်ကူကူဖျက်နိုင်ပါတယ်။ အစိုဓါတ်ကိုလည်းကောင်းစွာ ထိန်းသိမ်းပေးနိုင်ပါတယ်။ အုန်းဆီကို ဝါဂွမ်းနဲ့ပဲဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် အသုံးပြုနိုင်ပြီး မျက်နှာကို ဆပ်ပြာ သို့မဟုတ် မျက်နှာသစ်ဆေးနဲ့ ထပ်မံဆေးကြောလိုက်ပါ။ မျက်နှာကို အာဟာရပြည့်ဝစေဖို့ တစ်ညလုံး အုန်းဆီပြန်လိမ်းထားနိုင်ပါတယ်။

    ၃။ ရေနွေးငွေ့

    ရေငွေ့ကလည်း မိတ်ကပ်ဖျက်ရာမှာ အကောင်းဆုံးတစ်ခုပါပဲ။ ရေနွေးငွေ့တွေဟာ မိတ်ကပ်ကို အရည်ပျော်ကျစေပြီး ချွေးပေါက်တွေပွင့်စေပါတယ်။ မိတ်ကပ်ဖျက်ရပိုလွယ်သွားပြီး ညင်ညင်သာသာပုံမှန်ဆပ်ပြာနဲ့ဆေးကြောလိုက်ပါ။ ပြီးရင် cotton pad ကို ရေနွေးထဲနှစ်လိုက်ပြီး ခဏလောက်အအေးခံထားပါ။ cotton padအေးလာရင် မျက်နှာပေါ်တင်လိုက်ရင် မိတ်ကပ်ဖျက်ရလွယ်သွားပါပြီ။

    ၄။ baby oil

    သူကလည်း အုန်းဆီလိုပါပဲ။ အချိန်အတော်ကြာအောင် baby oilဟာ အသားအရည်ကို အံ့သြစရာကောင်းလောက်အောင် ကူညီပံ့ပိုးပေးပါတယ်။

    ၄။ နို့

    နွားနို့ကို ဗာဒံဆီနဲ့ရောပြီး မျက်နှာပေါ်ကို ဝါဂွမ်းလုံးနဲ့နေရာအနှံ့လိမ်ပေးပါ။ မျက်နှာကို ညင်ညင်သာသာသစ်ပြီး ရလဒ်ကိုစောင့်ကြည့်ပါ။

    ၅။ သခွားသီး

    သခွားသီးကို ညက်အောင်ထောင်းပြိး ဆီနည်းနည်းနဲ့ရောမွှေပါ။ ဒါဆို အကောင်းစားcleanerတစ်ခု ရပါပြီး သခွားသီးမှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်လို့ ယားယံတာတွေကို လျော့ချပေးပြီး ဝက်ခြံမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ၆။ မုန့်ဖုတ်ဆော်ဒါနဲ့ ပျားရည်

    မုန့်ဖုတ်ဆော်ဒါနဲ့ပျားရည်ကို ရောလိုက်ရင် cleaner အဖြစ်သုံးနိုင်သလို မိတ်ကပ်တွေကို အလွှာလိုက်ကွာကျစေပါတယ်။ မိတ်ကပ်ဖျက်ဖို့အတွက် အပြင်းစား scrub လုပ်စရာမလိုပါဘူး။ ဒါတွေလုပ်ပြီးရင်တော့ အသားအရည်ကြည်လင်ပြီး အသစ်ဖြစ်သွားသလိုဖြစ်နေစေမှာပါ။မှားယွင်းတဲ့နည်းလမ်းနဲ့ မိတ်ကပ်ဖျက်တာဟာ အသားအရည်ဆိုင်ရာပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အထက်ပါနည်းလမ်းတွေအတိုင်း အသားအရည်ကို ဂရုစိုက်လိုက်ပါ။ ရိုးရှင်းလွယ်ကူပြီး အကျိုးသက်ရောက်မှုရှိပါတယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement