မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow လို့ ရတယ်ဆိုတာ သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါဦးနော်။
နေအိမ်တော်တော်များများမှာ စိုက်ပျိုးထားတတ်သလို နှစ်နှစ်ခြိုက်ခြိုက် စားလေ့ရှိတဲ့ မာလကာသီး နဲ့ ဒီအသီးရဲ့ အပင်ကရဲ့ မာလကာရွက်တွေက အသားအရေကို ဘယ်လိုများ ကျန်းမာစေလဲ။ မာလကာရွက် နဲ့ မာလကာသီးလေးတွေကို အသုံးပြုပြီး အသားအရေ ကျန်းမာစေဖို့ ဘယ်လိုများ face mask လုပ်လို့ ရလဲဆိုတာကို ကိုယ်တိုင်လေ့လာလိုက်ပါနော်။
မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow စေဖို့
မာလကာသီး နဲ့ မာလကာရွက်ကို သုံးပြီး အသားအရေလေး Glow စေဖို့ ဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
မာလကာသီး mask
နွေရာသီမှာ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ကြည်လင်ဝင်းပစေဖို့ ထောက်ကူပေးသလို အဆီပြန်ခြင်း ကင်းစေဖို့နဲ့ ဝက်ခြံ မဖြစ်အောင်ရော ဆားဝက်ခြံ သက်သာစေဖို့ပါ ထောက်ကူပေးမှာပါ။
ဘာတွေလိုအပ်မလဲ!
- မာလကာသီး အရွယ်တော် တစ်လုံးစာ
- ငှက်ပျောသီး အရွယ်တော် တစ်လုံးစာ
- အချိုမပါတဲ့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းစာ
- ပျားရည် အနည်းငယ် လိုပါမယ်။
မာလကာသီး mask ဘယ်လို လုပ်ရမလဲ!
မာလကာသီး mask ဘယ်လို လုပ်ရမလဲဆိုတော့ လွယ်ပါတယ်။ အရင်ဆုံး မာလကာသီးက အမှည့်ဆိုရင် ဇွန်းလေးနဲ့ ကြိတ်ခြေလိုက်ရုံပါ။ ဒီလိုမှ မဟုတ်ဘဲ မာလကာသီးက မာမယ်။ အစိမ်းဆိုရင် blender ထဲ ထည့်ကြိတ်လိုက်ပါ။
ပြီးရင်တော့ ငှက်ပျောသီး (သီးမွှေးက ပိုကောင်းပါတယ်) ကို ကြိတ်ခြေပါ။ ဇွန်းလေးနဲ့ခြေပေးလည်း ရပါတယ်။ ပြီးရင်တော့ ငှက်ပျောသီးကြိတ်ထားတဲ့ အထဲကို မာလကာသီး ကြိတ်ထားတာလေး ထည့်ပါမယ်။ ဆတူရောပါမယ်။ နှံ့အောင် မွှေပါမယ်။ ပြီးရင် ဒိန်ချဉ် ထည့်ပါမယ်။ နှံ့အောင် မွှေလိုက်ပါ။ ပြီးရင်တော့ ပျားရည်လေး ထည့်ပြီး သေချာ နှံ့စပ်အောင် မွှေပေးပါ။ ၅ မိနစ်လောက် ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။
အသုံးပြုနည်းကရော ဘယ်လိုလဲ!
အသုံးပြုနည်းကတော့ လွယ်ပါတယ်။ မျက်နှာလေးကို သေချာလေး သန့်စင်အောင် သစ်ပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးရင်တော့ ကြိတ်ခြေထားတဲ့ အနှစ်လေးကို မျက်နှာလေးပေးမှာ နှံ့နေအောင် လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ မျက်နှာကို ရေအေးအေးလေးနဲ့ သန့်စင်လိုက်ပါ။
ပြီးသွားပြီဆိုရင်တော့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။
ဒီလို လုပ်ပေးတာက အသားအရေကို ကြည်လင်လှပစေပြီး ချွေးပေါက်ကျဉ်းစေမှာ ဖြစ်သလို အဆီပြန်တာကိုလည်း သက်သာစေမှာပါ။ ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးသလို ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။
အသားအရောင် မညီတာကို သက်သာစေသလို အရေပြားကို ကြည်လင် လှပစေပြီး အရေးအကြောင်းတွေ သက်သာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။
မာလကာရွက် mask
မာလကာရွက်မှာ အသားအရေကို ကျန်းမာစေပြီး ကြည်လင်လှပစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ နေလောင်တာ၊ နေအပူကြောင့် အသားအရောင် မညီတာ၊ ဝက်ခြံနဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပြီး အသားအရေကို Glow စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါတွေအပြင် ဆားဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဘာတွေ လိုအပ်မလဲ!
မာလကာရွက် mask လုပ်ဖို့အတွက်
- မာလကာရွက် လတ်လတ်ဆတ်ဆတ် ၁၀ ရွက် ကနေ ၁၂ ရွက်
- Rosewater စားပွဲတင်ဇွန်း ၁ ဇွန်းစာ
- ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းစာ သို့မဟုတ်
- ကြက်ဥအကာ ၁ လုံးစာ
မာလကာရွက် mask ဘယ်လို လုပ်ရမလဲ!
မာလကာရွက် mask ဘယ်လို လုပ်ရမလဲဆိုတော့ အရင်ဆုံး မာလကာရွက်တွေကို ရေနဲ့ စင်နေအောင် ၂ ထပ်လောက် ဆေးလိုက်ပါ။ ရိုးရိုးရေနဲ့ ဆေးရင်ကို ရပါပြီ။ ပြီးရင်တော့ blender ထဲကို ထည့်ပြီး ကြိတ်ပါ။ နောက်ဆုံးမှာ Rosewater စားပွဲတင်ဇွန်း ၁ ဇွန်းစာနဲ့ ရေပေးပါ။
အဲ့တာကိုမှ အသားအရောင်ညီဖို့အတွက်ဆိုရင် ကြက်ဥအကာတစ်လုံး ရောမွှေနိုင်ပါတယ်။ အသားကြည်ပြီး glowဖို့ဆိုရင်တော့ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းစာ ထည့်မွှေလိုက်ပါ။
အသုံးပြုနည်းကရော ဘယ်လိုလဲ!
အသုံးပြုနည်းကတော့ လွယ်ပါတယ်။ မျက်နှာလေးကို သေချာလေး သန့်စင်အောင် သစ်ပြီး ရေခြောက်အောင် သုတ်ပါ။ ပြီးရင်တော့ ကြိတ်ခြေထားတဲ့ အနှစ်လေးကို မျက်နှာလေးပေးမှာ နှံ့နေအောင် လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ မျက်နှာကို ရေအေးအေးလေးနဲ့ သန့်စင်လိုက်ပါ။
ပြီးသွားပြီဆိုရင်တော့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။
ဒီလို လုပ်ပေးတာက အသားအရေကို ကြည်လင်လှပစေပြီး ချွေးပေါက်ကျဉ်းစေမှာ ဖြစ်သလို အဆီပြန်တာကိုလည်း သက်သာစေမှာပါ။ ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးသလို ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။
အသားအရောင် မညီတာကို သက်သာစေသလို အရေပြားကို ကြည်လင် လှပစေပြီး အရေးအကြောင်းတွေ သက်သာစေဖို့ရော ဆားဝက်ခြံတွေ သက်သာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။
နွေရာသီမှာ အရေပြား ယားယံတာကိုလည်း သက်သာစေမှာပါ။ ဓာတ်မတည့်တာမျိုးတွေကြောင့် အရေပြား နီမြန်းတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
သတိထားရမယ့်အချက်
အိမ်သုံး DIY maskတွေ ပြုလုပ်တဲ့အခါ ပါဝင်ပစ္စည်းတွေ လတ်ဆတ်သန့်ရှင်းမှုရှိဖို့ လိုပါတယ်။ ပါဝင်ပစ္စည်းတွေ မသန့်ခဲ့ရင် မျက်နှာမှာ အရေပြား ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါသုံးစာပဲ လုပ်ပြီး ပိုတာတွေကို လွှင့်ပစ်သင့်ပါတယ်။ မျက်နှာပေါ်မှာ တင်ပြီး အသုံးပြုပြီးရင်လည်း ရေနဲ့ သေချာ ဆေးဖို့ လိုပါတတယ်။ အကြွင်းအကျန်တွေ ရှိနေခဲ့ရင် မျက်နှာပေါ်မှာ ဘက်တီးရီးယားတွေ ပေါက်လာနိုင်ပါတယ်။
နောက်တစ်ခုက ဓာတ်မတည့်တဲ့ ပြဿနာပါ။ ပါဝင်ပစ္စည်းတွေထဲမှာ ကိုယ်နဲ့ ဓာတ်မတည့်စေတဲ့ အရာတစ်ခုခု ပါသလားဆိုတာကို စစ်ဆေးပါ။ ဥပမာ ပျားရည်နဲ့ ဓာတ်မတည့်တဲ့ဘူးဆိုရင် ပျားရည်ကို ထည့်သွင်းအသုံးမပြုသင့်ပါဘူး။
မာလကာသီးရော အရွက်ပါ အသားအရေ ကျန်းမာစေပါတယ်
နွေရာသီမှာ အရေပြား ယားယံတာကိုလည်း သက်သာစေမှာပါ။ ဓာတ်မတည့်တာမျိုးတွေကြောင့် အရေပြား နီမြန်းတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။
[embed-health-tool-bmi]