backup og meta

အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ

အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ

မျက်နှာအဆီပြန်သောကြောင့် သင်စိတ်ညစ်နေပါသလား။ အဆီပြန်ခြင်းကို ဖြေရှင်းနိုင်ဖို့အတွက် အဆီပြန်သောအသားအရေဆိုတာ ဘာလဲ၊ ဘယ်အရာတွေက အဆီပြန်စေသလဲ၊ အဆီပြန်ခြင်းဟာ သင့်အသွင်အပြင်ကို ဘယ်လိုပြောင်းလဲစေသလဲ စတာတွေကို နားလည်ရန်လိုအပ်ပါလိမ့်မယ်။ ကဲ … အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ များကို လေ့လာလိုက်ရအောင်နော်။

အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ

အဆီပြန်သော အသားအရေအကြောင်း သိကောင်းစရာ များကတော့

အဆီပြန်သောအသားအရေဆိုတာ ဘာလဲ။

အဆီပြန်သော အသားအရေ ဆိုတာက နဖူး၊ ပါး၊ နှာခေါင်းနဲ့ မေးစေ့မှာ အဆီပြန်ခြင်းကို ဆိုလိုပါတယ်။ မျက်နှာသစ်ပြီး မကြာမီအဆီပြန်တာကြောင့် လက်နဲ့ကိုင်လိုက်တဲ့အခါ စေးကပ်ကပ်ခံစားမှုမျိုးခံစားရမှာပါ။

အဆီပြန်သော အသားအရေက အထူးသဖြင့် အမျိုးသမီးငယ်များမှာ အဖြစ်များပြီး အရေပြားထိန်းသိမ်းရာမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် အဆီပြန်ပါသလဲ။

အဆီကို အရေပြားထဲရှိ အဆီဂလင်းကနေ  ထုတ်လုပ်ပေးပါတယ်။ အရေပြားကို မခြောက်သွေ့အောင်နဲ့ ပျော့ပျောင်းစေဖို့ ခန္ဓာကိုယ်က ပြုလုပ်ပေးတဲ့ ပုံမှန်ဖြစ်စဉ်ဖြစ်ပါတယ်။ သို့သော်လည်း အဆီဂလင်းက လိုအပ်တာထက် ပိုအဆီပိုထုတ်လုပ်မိမယ်ဆိုရင် အဆီပြန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

လေ့လာမှုများအရ အဆီဘယ်လောက်ထုတ်မယ်ဆိုတာကို မျိုးဗီဇက အဓိကဆုံးဖြတ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အသားအရေအမျိုးအစားက မိဘတွေနဲ့ တူနေတတ်ပါတယ်။

ဒါ့ပြင် အဆီထုတ်လုပ်မှုကို ပြောင်းလဲစေနိုင်တဲ့ အကြောင်းအရာများစွာရှိပါတယ်။ ဒါတွေကတော့

ဟော်မုန်း

လူပျို၊ အပျိုဖော်ဝင်ချိန်မှာ အသားအရေက သိသိသာသာ ပြောင်းလဲသွားတာကို သင်သိပါသလား။ အဲ့ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အဆီထုတ်လုပ်မှုကို မထိန်းချုပ်နိုင်ဘဲ အဆီပြန်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်နဲ့ ရာသီလာချိန်မှာလည်း ဖြစ်တတ်ပါတယ်။

အစားအစာ

အစားအစာများကလည်း သင့်အသားအရေကို ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်ပါတယ်။ Junk food၊ သကြား စတာတွေ စားသုံးမယ့်အစား အဆီထုတ်လုပ်မှုနည်းစေတဲ့ ဗီတာမင် B2နဲ့ B5လုံလောက်စွာ ပါဝင်တဲ့ အစားအစာကို စားသုံးသင့်ပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများပါက androgen ဟော်မုန်းအများအပြား ထွက်ပြီး အဆီကို ပိုထုတ်စေပါတယ်။

ရာသီဥတု

ပူပြီး စိုထိုင်းတဲ့ ရာသီဥတုက အဆီကို ပိုထုတ်စေပြီး အဆီပြန်စေပါတယ်။

ဆေးဝါးများ

တားဆေးများ၊ ဟော်မုန်းအစားထိုးဆေးများနဲ့ ဆီးဆေးများကလည်း အဆီထုတ်လုပ်မှုကို ပြောင်းလဲစေနိုင်ပါတယ်။

အဆီပြန်ခြင်းရဲ့ သက်ရောက်မှုများ

အထက်မှာ ဖော်ပြထားသလို အဆီအသင့်အတင့်ရှိပါက အသားအရေကို ပျော့ပြောင်းပြီး ချောမွေ့စေပါတယ်။ သို့သော်လည်း လိုအပ်တာထက် ပိုပါက သင့်အသားအရေကို သက်ရောက်မှုများစွာရှိပါတယ်။

  • ချွေးပေါက်ကျယ်ခြင်းပိုလာသောအဆီများကို နေရာပေးရန် ချွေးပေါက်များကျယ်လာပါတယ်။
  • စေးကပ်တဲ့ အသားအရေကြောင့် မိတ်ကပ်သုံးရန် အခက်အခဲရှိခြင်း
  • ဝက်ခြံဖြစ်လွယ်ခြင်း− အဆီပိုများ၊ ပိုးမွှားများနဲ့ ဆဲလ်အသေများစုပေါင်းကာ ဝက်ခြံဖြစ်လာပါတယ်။

အဆီပြန်သောအသားအရေကို ဘယ်လိုဖြေရှင်းမလဲ။

အဆီထုတ်လုပ်မှုက မျိုးရိုးနဲ့ သက်ဆိုင်တာကြောင့် သင့်အရေပြားအမျိုးအစားကို ပြောင်းလဲဖို့တော့မဖြစ်နိုင်ပါဘူး။ သင်လုပ်နိုင်တာက အဆီပြန်ခြင်းကြောင့်ဖြစ်လာမယ့် အကျိုးဆက်များကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။

မျက်နှာသစ်ပါ။

မျက်နှာသစ်ခြင်းက အညစ်အကြေးများစုပုံခြင်းမှ ကာကွယ်နိုင်ပါတယ်။ သို့သော်လည်း ၁ရက်ကို ၂−၃ကြိမ် ထက်ပိုမသစ်ပါနဲ့။ အကြိမ်များများသစ်ခြင်းကလည်း မကောင်းပါဘူး။

အဆီမပါသော skin care များကို အသုံးပြုပါ။

အဆီမပါဝင်သော မိတ်ကပ်နဲ့ skin careများကို ရွေးချယ် အသုံးပြုသင့်ပါတယ်။

မျက်နှာပွတ်ခြင်းကို ရှောင်ကြဉ်ပါ။

အဆီပြန်ပြီး ဝက်ခြံရှိပါက မျက်နှာကို မကိုင်သင့်ပါဘူး။ ဝက်ခြံကို ပိုထွက်စေပြီး ပျောက်ကင်းဖို့ ကြာရှည်ပါလိမ့်မယ်။

ဆေးဝါးများ

မျက်နှာအဆီပမာဏကို ထိန်းညှိပေးနိုင်တဲ့ ဆေးဝါးများရှိပါတယ်။ ထိရောက်ဘေးကင်စွာ အသုံးပြုနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What’s your skin type? http://www.webmd.com/beauty/face/whats-your-skin-type Accessed June 17, 2016.

What Is Oily Skin and How Do You Treat or Cure it? http://www.skincarederm.org/oily-skins/oily-skin-meaning-causes-treat-stop-control-prevent-cure-oil-skin-remedies-solutions-natural/ Accessed June 17, 2016.

The REAL Reason Your Skin Is So Oily

http://www.womenshealthmag.com/beauty/oily-skin Accessed June 17, 2016.

ယခုပုံစံ

28/11/2022

Dr. Sandar Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသား တွေရဲ့ မျက်နှာအဆီပြန်ခြင်း ပြဿနာ ဒီလိုဖြေရှင်းပါ

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement