Retinol ဆိုတာက အသားအရေကို ကျန်းမာစေပြီး လှပမှုကို ပေးစွမ်းနိုင်တဲ့ အရာလေး တစ်ခုပါ။ မျက်နှာသစ်ဆေးတွေ၊ serum တွေနဲ့ အချို့ အချို့သော အသားအရေထိန်းပစ္စည်းတွေမှာ တွေ့ရနိုင်ပါတယ်။ ဒီလိုမျိုး အသားအရေ ထိန်းသိမ်းမှုမှာ အသုံးပြုလေ့ ရှိတဲ့ Retinol က ဘယ်လိုမျိုး အသားအရေ ကောင်းကျိုးများ ပေးစွမ်းသလဲ ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။
Retinol ဆိုတာ ဘာလဲ!
Retinol ဆိုတာက retinoid မိသားစုဝင် တစ်ဦးပေါ့။ Retinoids ဆိုတာကတော့ ကိုယ်တွေနဲ့ ရင်းနှီးပြီးသား ဗီတာမင် A ကနေ ဆင်းသက်လာတဲ့ ဒြပ်ပေါင်း တစ်မျိုးပါ။ အမျိုးမျိုးသော ပုံစံတွေနဲ့ ရနိုင်ပါတယ်။ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်မျိုး ဖြစ်ပြီး မုန်လာဥနီ၊ ဥအမျိုးမျိုး နဲ့ ကန်စွန်းဥတွေမှာ တွေ့ရတတ်ပါတယ်။
- Adapalene
- Alitretinoin
- Bexarotene
- Tazarotene
- Tretinoin
Retinolမှာ over-the-counter ဝယ်လို့ရတဲ့ အမျိုးအစားတွေ ရှိသလို ဆရာဝန်ညွှန်ကြားချက်နဲ့မှ သုံးသင့်တဲ့ အားပြင်း retinolအုပ်စုတွေလည်း ရှိပါတယ်။
Retinol ကပေးတဲ့ အသားအရေ ကောင်းကျိုးများ
Retinolရဲ့ အဓိက တာဝန်က ဆဲလ်အသစ်ဖြစ်စေတာပါ။ Cell turnoverကို ဖြစ်စေပြီး ကော်လဂျင်ထွက်စေတာကြောင့် အသားရေတင်းရင်းဖို့လည်း အသုံးပြုကြပါတယ်။ Retinolရဲ့ တခြားကောင်းကျိုးတွေကတော့
ဝက်ခြံက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ချွေးပေါက်တွေမှာ ဆဲလ်သေတွေ အဆီတွေ ပိတ်ဆို့ရာ ကနေ ဖြစ်လာတဲ့ အရေပြား ပြဿနာပါ။ ဝက်ခြံ ဆိုတဲ့နေရာမှာ ဆားဝက်ခြံတွေ၊ အဖြူဆံ ထွက်တဲ့ ဝက်ခြံတွေ နဲ့ အမျိုးမျိုးသော ဝက်ခြံတွေ ရှိပါတယ်။ ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ ဆိုရင်တော့ Retinol ကို အသုံးပြုပေးလို့ ရပါတယ်။
ဒါပေမဲ့ active ingredient ဖြစ်တာကြောင့် စစချင်းမှာ purging ဝက်ခြံပိုထွက်တတ်ပါတယ်။
- ဝက်ခြံ အမာရွတ်တွေ သက်သာစေတယ်
ဝက်ခြံတွေကို ညှစ်လိုက်တဲ့အခါ မတော်တဆ ထိခိုက်မိတဲ့အခါ ရောင်ရမ်းပိုးဝင်တာတွေ ဖြစ်စေပြီး အဲ့ကနေမှတဆင့် ဝက်ခြံ အမာရွတ်တွေ ဖြစ်စေတာပါ။ ဒါကြောင့် ဝက်ခြံအမာရွတ်တွေကို သက်သာစေဖို့ဆိုရင် Retinol ကို အသုံးပြုပေးလို့ ရပါတယ်။
- အမည်းစက်တွေကို သက်သာစေတယ်
Retinolက ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို သက်သာစေနိုင်သလို အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ မျက်နှာပေါ်က အမည်းစက်တွေတင် မဟုတ်ဘဲ ခန္ဓာကိုယ်ပေါ်က အစက်အပြောက်တွေကို သက်သာစေဖို့လည်း Retinol ကို အသုံးပြုပေးလို့ ရပါတယ်။
- ချွေးပေါက်ကျယ်တာကို သက်သာစေတယ်
ချွေးပေါက်တွေကို ပုံမှန်သန့်ရှင်းရေး မလုပ်တဲ့အခါ အဆီနဲ့ ဆဲလ်သေတွေ ပိတ်ဆို့ပြီး ချွေးပေါက်တွေ ကျယ်လာစေပါတယ်။ Retinol က အဆီပြန်တာကို ထိန်းပေးနိုင်သလို ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် ချွေးပေါက်ကျယ်တာကို သက်သာစေပါတယ်။
- အကြောပြတ်ရာတွေကို သက်သာစေတယ်
အကြောပြတ်ရာဆိုတာက ကိုယ်ဝန်ဆောင်ချိန်၊ အရမ်းဝလာချိန် နဲ့ အရမ်း ပိန်သွားချိန်တွေမှာ အရေပြား ပြန့်ကားတာ၊ ကျုံ့တာတွေကြောင့် ဖြစ်လာရတဲ့ အမာရွတ်တွေပါ။ ဒီအမာရွတ်တွေ ပန်းရောင်၊ အနီရောင် ခရမ်းရောင် စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီအမာရွတ်တွေကို သက်သာစေဖို့ဆိုရင်တော့ Retinol ကို အသုံးပြုပေးလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် Retinol လုံးဝ မသုံးရပါ။ အဲ့ဒီအစား vitamin Cနဲ့ Hyaluronic acidတွေကို အသုံးပြုနိုင်ပါတယ်။
- အရေးအကြောင်းတွေ သက်သာစေတယ်
အရွယ်ရလာချိန်မှာ အရေပြားက အစိုဓာတ် ထိန်းနိုင်စွမ်းကျလာသလို အရေပြားရဲ့ ကော်လာဂျင် ထွက်ရှိမှုရော ကျဆင်းသွားပြီး အရေပြားမှာ အရေးအကြောင်းတွေ ဖြစ်လာပါတယ်။ ဒီလို အရေးအကြောင်းတွေကို သက်သာစေဖို့ဆိုရင်တော့ Retinol ကို အသုံးပြုပေးလို့ ရပါတယ်။ Retinolက ကော်လဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အချိန်ပေးသုံးဖို့တော့ လိုပါမယ်။
Retinol ရဲ့ များပြားလှတဲ့ အာနိသင်တွေထဲက တစ်ခုကတော့ အရေပြားဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဒီလို ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် အရေပြားက ကော်လာဂျင် ထွက်ရှိလာစေပြီး အသားအရေကို တင်းရင်း လှပစေလို့ အသားအရေကို ညီညာလှပစေတယ်။
ကဲ ….. Retinol က အခုလို အသားအရေ လှပမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ပြဿနာတွေကို ဖြေရှင်းဖို့ Retinol ကို နည်းစနစ် မှန်မှန်ကို အသုံးပြုပေးဖို့ လိုပါမယ်။
Retinol အသားအရေ ကျန်းမာစေမလား!
Retinol အသုံးပြုပေးတာက
- ဝက်ခြံ သက်သာစေတယ်
- ဝက်ခြံ အမာရွတ် သက်သာစေတယ်
- အမည်းစက် သက်သာစေတယ်
- ချွေးပေါက်ညှိပေးတယ်
- အသားအရေ ညီညာစေတယ်
- အကြောပြတ်ရာ သက်သာစေတယ်
- အရေးအကြောင်း သက်သာစေတယ်