backup og meta

အရေပြားပြန်လည်ပြုပြင်ခြင်းကို ဘယ်အချိန်မှာ စဉ်းစားသင့်ပြီလဲ

သင်အသားအရေအတွက် သင်စိတ်ညစ်နေပါသလား။ မျက်နှာပေါ်မှာရှိတဲ့အမာရွတ်တွေကြောင့် နေ့စဉ်ဘ၀ နှင့်လူမှုရေးဆက်ဆံရေးမှာ ဝင်မဆန့်ဖြစ်နေတယ်လို့ သင်ထင်နေပါသလား။ ဒီလိုဆိုရင်တော့ သင်ရဲ့ငယ်ရွယ်နုပျို ပြေပြစ်တဲ့အသားအရေကို ပြန်လည်ရရှိစေနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ Skin Resurfacingနည်းဖြစ်ပါတယ်။

ဒီနည်းလမ်းကို အသုံးမပြုခင် အသားအရေမှာ ဘယ်လိုနည်းလမ်းတွေကြောင့် ပျက်စီးနိုင်သလဲဆိုတာ ဦးစွာသိရှိဖို့လိုအပ်ပါတယ်။

Skin Resurfacing နည်းနှင့် ဘယ်လိုပြဿနာတွေကို ဖြေရှင်းနိုင်သလဲ။

အသားအရေကို ပျက်စီးစေတဲ့ နည်းလမ်းပေါင်းများစွာရှိပါတယ်။ အချို့သော အသားအရေပျက်စီးမှုတွေကို လွယ်လင့်တကူရရှိနိုင်သောဆေးဝါးများ (သို့) သင့်နေထိုင်မှုပုံစံနှင့်အကျင့်စရိုက်အမူအကျင့်များကို ပြောင်းလဲခြင်းဖြင့် ကုသနိုင်ပါတယ်။

ဒါပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿနာတွေကို အနှစ်ချုပ်ရမယ်ဆိုရင်

· အိုမင်းရင့်ရော်ခြင်း – အရေးကြောင်းများနှင့် လျော့တွဲကျနေသောအသားအရေ

· အသားအရေပြောင်းလဲခြင်း – အမည်းစက်များ၊ သွေးကြောငယ်များ ပျက်စီးမှုကြောင့် နီမြန်းလာခြင်းနှင့် အလိုမရှိတော့သော တက်တူးများ

· အမည်းစက်များနှင့် ဆက်နွယ်နေသောပြဿနာများ – ဝက်ခြံကြောင့်ဖြစ်သော အမာရွက်များ၊ အသားအရေ မညီမညာဖြစ်ခြင်းနှင့် ချွေးပေါက်ကျယ်ခြင်း အစရှိတဲ့ပြဿနာများရှိပါတယ်။

အချို့သော ပြဿနာများမှာ ရောဂါအခြေအနေများနှင့် ဆက်နွယ်နေတာတွေ့ရှိပါတယ်။ ဒီလိုဆိုရင်တော့ အရည် အချင်း ပြည့်ဝတဲ့ အရေပြားဆရာဝန်ဆီမှာ သင့်ရောဂါအခြေအနေအတွက် စစ်မှန်တိကျတဲ့ ကုသမှုကို ခံယူပါ။ အချို့သောပြဿနာတွေက သင့်အသားအရေပိုမိုပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဒီလိုကုသမှုမျိုးတွေကို မခံယူခင် ယခုဖော်ပြမယ့်အသားအရေ ပျက်စီးစေနိုင်တဲ့အကြောင်းအရာများကို ရှောင်ကြဉ်ခြင်းဖြင့် သင့်အသားအရေ ကိုထိန်းသိမ်းပါ။

နေရောင်ခြည်ဖြင့်တိုက်ရိုက်ထိတွေ့ခြင်း။

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကြောင့် အရေးအကြောင်းများ၊ အမည်းစက်များနှင့် အရေပြားကင်ဆာထိအောင် ဖြစ်ပွားစေနိုင်ပါတယ်။ နေမှထုတ်လုပ်သော ခရမ်းလွန်ရောင်ခြည် (၂)မျိုး (၂)စားရှိပါတယ်။ UVA နှင့် UVB ဖြစ်ပါတယ်။

UVBဟာ အရေပြားအပြင်လွှာကို လောင်ကျွမ်းစေပြီး နေလောင်ခြင်းနှင့် အမည်းစက်များကို ဖြစ်ပွားစေနိုင်ပါတယ်။ UVAက Collage & Elastinဓါတ်တွေကို ဖျက်ဆီးနိုင်ပါ တယ်။ ဒီ Collagen & Elastin ဟာဆိုရင်အသားအရေကို ချောမောစေပြီး တင်းအိစေပါတယ်။

အန္တာရာယ်ရှိသော ဓါတုဒြပ်ပေါင်းများ။

ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးများဟာ ခန္ဓါကိုယ်တွင်းသွေးကြော များနှင့် ဆဲလ်များကို ဖျက်ဆီးနိုင်ပါတယ်။ ဖော်ပြပါဓါတုပစ္စည်းများဟာ အသားအရေကိုသာမက ခန္ဓါကိုယ်အခြား အစိတ်အပိုင်းများဖြစ်တဲ့ အဆုတ်၊ အသည်းနှင့်ကျောက်ကပ်တို့ကိုလည်း ပျက်စီးစေနိုင်ပါတယ်။

ပတ်ဝန်းကျင်မှ ညစ်ညမ်းပစ္စည်းများ။

ပတ်ဝန်းကျင်မှ ဖုန်မှုန့် ၊ သဲမှုန့်နှင့် အညစ်အကြေးများဟာ သင့်သဘာဝအတိုင်း ထွက်နေကျဖြစ်တဲ့ မျက်နှာအဆီနှင့်ပေါင်းပြီး ချွေးပေါက်များကိုပိတ်စေကာ ဝက်ခြံများဖြစ်ပေါ်စေပါတယ်။ ဝက်ခြံများဟာ ရောဂါပိုးမွှားများ အလွယ်တကူ ကူးစက်နိုင်ပြီး အမာရွက်များကျန်ခဲ့စေနိုင်ပါတယ်။

Free radicals ။

Free radicsls များဟာသေးငယ်တဲ့ ဓါတုပစ္စည်းမှုန်များဖြစ်ပြီး ရောင်ရမ်းခြင်း(သို့) သင့်ရဲ့နေ့စဉ် အလေ့အကျင့်များမှ တဆင့်ဖြစ်ပေါ်လာတာပါ။ စိတ်ဖိစီးခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့်သင်အသုံးပြုနေတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းများမှတဆင့် သင့်ခန္ဓါကိုယ်အတွင်းကို Free radicals ရောက်ရှိလာပါတယ်။

Free radicsls ဟာ ပြီးပြည့်စုံခြင်းမရှိတဲ့အတွက် ရပ်တည်လို့မရပါ။ ဒါကြောင့် ရပ်တည်၍ရအောင် အခြားသောအက်တမ်(atoms) များမှ Electrons ကိုယူပြီး နေရတယ်။ အချိန်ကြာလာတာနှင့်အမျှ အရေပြားတည်ဆောက်မှု ယိုယွင်းပျက်စီး လာပြီး Collagen ဓါတ်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။

Skin resurfacingကိုဘာကြောင့်ပြုလုပ်ချင်ရပါသလဲ။

Skin resurfacingဟာ အရေပြား ပြဿနာတွေကို ကုသဖို့အတွက် ယုံကြည်စိတ်ချရတဲ့ နည်းလမ်းပါ။ အခြားသော ကုသမှုတွေလိုပဲ Skin resurfacing နည်းဟာ မြန်ဆန်လွယ်ကူပြီး စိတ်ချရတဲ့နည်းလမ်းတစ်ခုပါ။ လူအများစုဟာ Skin resurfacing ကို အိုမင်းရင့်ရော်ခြင်းနှင့် အမာရွက်များကို ကုသဖို့ရွေးချယ်ကြပါတယ်။

တကယ်တော့ Skin resurfacing နည်းဟာ ချောမွတ်တင်းအိတဲ့ အသားအရေထက် ပိုမိုသာလွန်ပါတယ်။ ရလဒ်ကတော့ သင့်အပြင်ပန်း အသားအရေကိုသာမက အသားအရေအတွင်းပိုင်းထိ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ပါတယ်။ ငယ်ရွယ်နုပျိုပြေပြစ်တဲ့ အသားအရေကို ပိုင်ဆိုင်စေပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိစေပါသည်။

အရာအားလုံးဟာအခြေခံအုတ်မြစ်က စတာပါ။ Skin resurfacing နည်းဟာ သင့်အသားအရေ အတွင်းပိုင်းအလွှာများကနေ ပြန်လည်တည်ဆောက်မှာ ဖြစ်ပါတယ်။ ကျန်းမာကြံခိုင်တဲ့ အသားအရေကို ပိုင်ဆိုင်ခြင်းဖြင့် အသားအရေ ထိန်းသိမ်းမှုများနှင့် မိတ်ကပ်များလိမ်းခြယ်ခြင်းတို့ကို လျှော့ချနိုင်ပြီး အချိန်သက်သာစေတဲ့ အပြင် ငွေလည်းသက်သာစေနိုင်မှာ ဖြစ်ပါတယ်။

Skin resurfacing ပြုလုပ်ထားတဲ့သူများဟာ ရရှိလာတဲ့ရလဒ်ကိုသဘောကျနှစ်ခြိုက်ကြပါတယ်။ ဒါ့အပြင်အသား အရေ ပိုမိုကျန်းမာကောင်းမွန်စေတဲ့ နည်းလမ်းများကို လေ့လာပြီး လိုက်နာကျင့်သုံး ကြပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.everydayhealth.com/skin-and-beauty/aging-skin/common-culprits-of-skin-damage.aspx
http://www.theskincareclinic.com.au/science/free-radicals/
https://ulmerderm.com/laser-skin-care/5-questions-ask-considering-laser-skin-care-treatment/
https://www.healthgrades.com/procedures/factors-to-consider-for-laser-skin-resurfacing

ယခုပုံစံ

12/05/2020

Dr. Sandar Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။