backup og meta

အရေးကြောင်းများ- အိုမင်းခြင်း၏လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးကြောင်းများ- အိုမင်းခြင်း၏လက္ခဏာများ

    ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ အရေးကြောင်းများသည် မရှောင်လွှဲနိုင်သော အရာများဖြစ်လာသည်။ သို့သော် အရေးကြောင်းများ ဘယ်လိုပေါ်လာသလဲ သင်သိပါသလား။ အရေးကြောင်းများကင်းဝေးပြီး သင်၏ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိနိုင်ရန် သင်ဘာလုပ်နိုင်သလဲ။ သင့်အတွက်အသုံးဝင်မယ့် သတင်းအချက်အလက်အချို့ ဒီနေရာမှာရှိနေပါ တယ်။

    အရေးကြောင်းများ-အိုမင်းခြင်း၏လက္ခဏာများ

    အရေးကြောင်းများဆိုသည်မှာ အရေပြားပေါ်ရှိ အတွန့်၊ အခေါက်၊ အရစ်များဖြစ်သည်။ အချို့အရေးကြောင်း များသည် မြောင်းနက်နက်များနှင့်တူသည်။ ၎င်းတို့သည် အိုမင်းခြင်း၏လက္ခဏာတစ်ခု အဖြစ်အသက် ၃၅ မှ ၄ဝ အ တွင်းတွင် မျက်နှာပေါ်တွင် တွေ့ရလေ့ရှိသည်။ အရေးကြောင်းများကို သိသာထင်ရှားစွာတွေ့ရသည့် နေရာများမှာ မျက်စိ နှင့် ပါးစပ်နားတစ်ဝိုက်၊ လက်နှင့်လည်ပင်းတို့ဖြစ်သည်။

    ဘယ်အရာတွေက အရေးကြောင်းတွေကို ဖြစ်စေလဲ။

    အရေပြားရဲ့ဖွဲ့စည်းပုံကို မျိုးရိုးဗီဇက အဓိက ဆုံးဖြတ်ပေးပါတယ်။ အသားအရေကိုတင်းရင်းစေတဲ့ ကော်လာဂျင် (collagen) နဲ့ ကျုံ့ဆန့်တစ်ရှူး (elastin) တို့ကို ခန္ဓါကိုယ်က ထုတ်လုပ်တဲ့ပမာဏဟာ အချိန်ကြာလာသည်နဲ့အမျှ ကျဆင်းလာပါသည်။ collagen နှင့် elastin မရှိခြင်းကြောင့် အသားအရေ လျော့လျဲတွဲကျလာတဲ့အခါ အရေးကြောင်းများ ဖြစ်ပေါ်ရန်လွယ်ကူလာပါသည်။ ထို့ပြင် အခြားပြင်ပသက်ရောက်မှုများကလည်း အရေးကြောင်းများဖြစ်ပေါ်ခြင်းအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

    နေရောင်ခြည်ထိတွေ့ခြင်း

    နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည်ပါဝင်သည်။ ခရမ်းလွန်ရောင်ခြည်များက ခန္ဓါကိုယ် တစ်ရှုးများကို တွယ်ဆက်ပေးသည့် collagen နှင့် elastin တို့ကို ပျက်စီးစေသည်။ တစ်ရှုးများတွယ်ဆက်ခြင်းမရှိတော့သည့် အခါ သင့်အသားအရေသည် တင်းရင်းမှုနည်းလာမည်။ ခရမ်းလွန်ရောင်ခြည် (UV rays) သည် အရေပြားကင်ဆာကို လည်း ဖြစ်စေသည်။ အထူးသဖြင့် အပူပိုင်းဒေသများတွင် ပိုဖြစ်သည်။ ထို့ကြောင့် အပြင်ထွက်သည့်အခါ နေရောင် ခြည်ထိတွေ့ခြင်းမှ ကာကွယ်နိုင်ရန် နေရောင်ကာ အဝတ်အစားများနှင့် နေကာမျက်မှန်များကို ဝတ်သင့်ပါသည်။

    ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းသည် သွေးလှည့်ပတ်မှုကို ထိခိုက်စေပြီး အရေပြားသို့သွေးထောက်ပံ့မှု ကို လျော့ကျစေကြောင်း လေ့လာတွေ့ရှိချက်များအရ သိရသည်။ သင်၏အရေပြားသည် အာဟာရကောင်းစွာမရရှိ သည့်အခါ ရှင်သန်မှု လျော့နည်းလာမည်။

    အိပ်ရေးပျက်ခြင်း

    သင်သည် အိပ်ချိန်လုံလောက်စွာ မရှိလျှင် ခန္ဓါကိုယ်မှသဘာဝအလျောက် တုံ့ပြန်သည့်ဟော်မုန်း တစ်မျိုးထွက်လာကာ သင်၏အရေပြားတစ်ရှုးများကို ပျက်စီးစေသည်။

    အရေးကြောင်းများလျော့ပါးအောင်ဘယ်လိုလုပ်ရမလဲ။

    ဆေးဝါးများသုံးစွဲနိုင်သလို အလှအပရေးရာနည်းလမ်းများဖြင့်လည်း အရေးကြောင်းများကို ပျောက်ကင်းစေနိုင်ပါသည်။ အရေးကြောင်းများ လျော့ချရာတွင် လူသိများကျော်ကြားစွာ အသိအမှတ်ပြုခြင်းခံရသည့် ဆေးများရှိပါသည်။ ဆေးဝါး များသုံးစွဲရာတွင် ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုအောက်တွင် သာသုံးစွဲသင့်သည်။ သင် ၏ခန္ဓါကိုယ် နှင့် သင်သုံးစွဲသည့်ဆေးဝါးသည် သင့်တော်မှသာ သုံးစွဲသင့်သည်။

    Retinoids– ဤဆေးဝါးသည် ဗီတာမင်အေဖြင့် ပြုလုပ်ထားပြီး ပုံမှန်အားဖြင့် tretinoin နှင့် tazarotene ဟူ၍ ၂မျိုးပါ ဝင်သည်။ Tretinoin သည် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့မှ အသိအမှတ်ပြုသည့် တစ်ခု တည်းသော အရေးကြောင်း ကုသသည့်ဆေးဖြစ်သည်။

    ဗီတာမင်စီ လိမ်းဆေး – ဗီတာမင်စီသည် collagen ထုတ်လုပ်မှုကိုများစေသောကြောင့် သင့်အသားအရေကို ပိုမိုတင်းရင်းစေသည်။

    Pentapeptides– ဤပစ္စည်းသည် အမျိုးသားကျန်းမာရေးအဖွဲ့မှ collagen ထုတ်လုပ်မှုအတွက်အသုံးပြုရန် အကြံပြုထားသည့် ပစ္စည်းဖြစ်သည်။

    ဆေးဝါးများဖြင့် တိုးတက်မှုမရှိသော အရေးကြောင်းများအတွက် အလှအပဆိုင်ရာကုထုံးများက ထိရောက်သည်။ သင့်အနေနှင့် ခွဲစိတ်ကုသမှု (သို့) ခွဲစိတ်မှုမလိုအပ်သော ကုသမှုများကို ရွေးချယ်နိုင်သည်။ ကုသမှုများကို အရည်အချင်းပြည့်ဝသော အရေပြားပညာရှင်များကသာ ပြုလုပ်ပေးသည်။

    • Botox ဆေးထိုးခြင်း
    • Microdermabrasion
    • မျက်နှာပင့်တင်ခြင်း
    • ဓါတုနည်းဖြင့် ချေးချွတ်ခြင်း
    • လေဆာကုသမှု
    • အသားအရည်ပြန်လည်ဖြည့်ပေးသောဆေးများ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Sandar Lin မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement