backup og meta

အစက်အပြောက်ကင်းပြီးဖြူစင်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစက်အပြောက်ကင်းပြီးဖြူစင်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့

    မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် အစက်အပြောက်ကင်းပြီး ဖြူစင်ဝင်းပတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်ကြမှာပါ။ ကြည်လင်နေတဲ့ မျက်နှာအသားအရေလေးက လူအများကြားမှာ ထင်းခနဲလှပနေမှာလည်းဖြစ်ပါတယ်။ မျက်နှာအသားအရေဖြူစင်ဝင်းပအောင် အထောက်အကူပြုပေးနိုင်တဲ့ အရာတွေထဲကမှ အစွမ်းအထက်ဆုံးလို့ဆိုရမယ့် သဘာဝပစ္စည်းလေးတစ်ခုကိုပြောပြချင်ပါတယ်။ ဒါကတော့ သံပရိုသီးပါ။ သံပရိုသီးမှာ အသားအရေကိုကြည်လင်ဝင်းပအောင်လုပ်ဆောင်ပေးနိုင်တဲ့ စွမ်းအားထက် ဓါတ်ပစ္စည်းတွေအများအပြား ပါဝင်နေပါတယ်။

    အသားအရေအတွက် သံပုရာသီးကဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိစေလဲ။

    ဒီနေရာမှာ သံပရိုသီးက အသားအရေအတွက်ဘယ်လိုအကျိုးကျေးဇူးတွေပေးစွမ်းနိုင်လဲဆိုတာကိုပြောပြချင်ပါတယ်။ လတ်ဆတ်တဲ့ သံပရိုသီးမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ဓါတ်တွေပါဝင်နေပါတယ်။ သံပရိုသီးရဲ့ အစွမ်းအထက်ဆုံးအာနိသင်တစ်ခုက အသားအရေကိုဖြူစင်ဝင်းပစေတာပါပဲ။ အရေပြားကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါတယ်။လေဒီတို့အနေနဲ့ ပန်းရောင်သွေးကြွယ်ပြီး အတွင်းပိုင်းအထိကြည်လင်ဝင်းမွတ်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သံပရိုသီးကိုမေ့ထားလို့မရပါဘူး။ သံပရိုသီးမှာ အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊အရေပြားကင်ဆာ၊ခံတွင်းကင်ဆာ၊၊အူမကြီးကင်ဆာ၊အစာအိမ်ကင်ဆာတွေကိုတိုက်ဖျက်နိုင်စွမ်းလည်းရှိပါတယ်။ သံပရိုသီးမှာပါဝင်တဲ့ limonoidsဒြပ်ပေါင်းက ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပါတယ်။

    အဝါရောင်လေးသန်းနေတဲ့ သံပရိုသီးမှာ ဗီတာမင် စီကြွယ်ဝစွာပါဝင်နေပြီး အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုကနေလည်းအကာအကွယ်ပေးနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့တာ၊ညစ်ညမ်းတဲ့အရာတွေနဲ့ထိတွေ့တာနဲ့ဆေးလိပ်ငွေ့တွေက အသားအရေရဲ့ ဗီတာမင် စီပမာဏကိုကျဆင်းစေပါတယ်။ ဗီတာမင် စီက free radicalsတွေကြောင့်အသားအရေထိခိုက်ပျက်စီးမှုတွေကနေလည်းကာကွယ်ပေးပါတယ်။ သံပရိုသီးက အသားအရေပေါ်မှာဖြစ်တဲ့ အမာရွတ်တွေနဲ့ အသက်အရွယ်ရလာလို့ဖြစ်လာတဲ့ အစက်အပြောက်တွေကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပြီး အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားရာမှာလည်း အသုံးဝင်လှပါတယ်။ အသားအရေကို အစိုဓါတ်လည်းထိန်းပေးပြီး ဆားဝက်ခြံတွေနဲ့ အဆီတွေကိုလည်းသန့်စင်ပေးပါတယ်။ အရေပြားပေါ်က အရေးအကြောင်းတွေကိုလည်းသက်သာစေနိုင်ပါတယ်။ အသားအရေကိုလည်းဖြူစင်ဝင်းပစေပါတယ်။

    သံပရိုသီးအကြောင်းကိုပြောပြီးပြီဆိုတော့နောက်ထပ်ပြောပြချင်တာလေးတစ်ခုက အစက်အပြောက်ကင်းစင်ပြီးဖြူစင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာပါပဲ။ အတူတူလိုက်လုပ်ကြည့်ကြမယ်မှတ်လားလေဒီတို့။

    အစက်အပြောက်ကင်းပြီးဖြူစင်တဲ့အသားအရေ ပိုင်ဆိုင်ဖို့ ဒါလေးတွေလုပ်ကြည့်ရအောင်ပါ။

    မျက်နှာကိုသန့်စင်ပါ။

    ကိုယ့်ရဲ့အသားအရေအမျိုးအစားကို အရင်ဆုံးတော့သိအောင်လုပ်ရပါမယ်။ လူတစ်ဦးနဲ့တစ်ဦး အသားအရေမတူတတ်ပါဘူး။ ကိုယ်က သာမန်အသားအရေပိုင်ရှင်လား၊ခြောက်သွေ့လား၊အဆီပြန်တတ်လား၊ တုံ့ပြန်လွယ်တဲ့ အသားအရေမျိုးလားဆိုတာကို အရင်သိအောင်လုပ်ရပါမယ်။နောက်တစ်ခုက အသားအရေအမျိုးအစားကပြောင်းလဲနေတတ်တယ်ဆိုတာကိုပါ။

    ဘယ်လိုအသားအရေမျိုးပဲဖြစ်ဖြစ် နည်းစနစ်မှန်မှန်လေးနဲ့ထိန်းသိမ်းမယ်ဆိုရင် အစက်အပြောက်ကင်းပြီးဖြူစင်ဝင်းပလာမှာတော့အသေအချာပါပဲ။ အသားအရေဖြူစင်ဝင်းပဖို့ဆိုရင် အခြေခံအကျဆုံး စည်းမျဉ်းက မျက်နှာကို သန့်စင်ဖို့ပါ။ အသားအရေနဲ့လိုက်ဖက်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်မိဖို့လိုပါလိမ့်မယ်။

    ဝက်ခြံတွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းရှာဖွေပါ။

    မျက်နှာပေါ်ကချွေးပေါက်တွေမှာ ဖုန်မှုန့်တွေနဲ့ အဆီတွေပိတ်ဆို့မှုကြောင့် ဝက်ခြံတွေဖြစ်ရတာပါ။ဆေးဆိုင်တွေမျာ ဝက်ခြံသက်သာစေတဲ့ဆေးတွေမေးပြီးဝယ်ယူလို့ရပါတယ်။ ဝက်ခြံသက်သာစေမယ့်ဆေးတွေကိုဆေးညွှန်းအတိုင်းတိတိကျကျ အသုံးပြုပေးဖို့တော့လိုပါမယ်။ပျောက်ချင်ဇောနဲ့ တစ်ကြိမ်ပဲလူးရမယ့်ဆေးကို တစ်ကြိမ်မကလူးတာမျိုးမလုပ်ပါနဲ့။ ဝက်ခြံက မျက်နှာမှာအဖြစ်များပြီး လည်ပင်း၊ကျော၊ရင်ဘတ်၊ ပခုံးနဲ့လက်မောင်းအထက်ပိုင်းတွေမှာလည်းပေါက်တတ်ပါသေးတယ်။

    ဝက်ခြံအတွက်အသုံးပြုလေ့ရှိတဲ့ ပစ္စည်းအချို့ကအသားအရေကို ကျိန်းစပ်စေတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ အသားအရေမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးခံစားရရင် ဆက်မသုံးဖို့အကြံပြုချင်ပါတယ်။ဆေးဆိုင်ကဆေးတွေကိုအသုံးပြုနေပေမယ့် ဝက်ခြံကမသက်သာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ပြသကြည့်ပြီး ပိုကောင်းတဲ့ဆေးတွေကို အသုံးပြုကြည့်ပါ။

    မျက်နှာသစ်ပါ။

    ရေခပ်နွေးနွေးလေးကို အသုံးပြုပြီး မျက်နှာသစ်ပေးပါ။ လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး မျက်နှာကို နူးညံ့တဲ့အဝတ်စ (သို့မဟုတ်)ရေမြှုပ်စလေးသုံးပြီး ဖြည်းဖြည်းချင်းသန့်စင်ပေးပါ။ လန်းဆန်းမှုကိုပါခံစားရပါလိမ့်မယ်။

    အရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာကအသားအရေကို ထိခိုက်စေပြီး ဝက်ခြံတွေကို ပိုဆိုးစေတာကလွဲလို့ ဘာမှအကျိုးမထူးပါဘူး။

    မနက်အိပ်ရာထရင်တစ်ခါ မအိပ်ခင်တစ်ခါတော့ မဖြစ်မနေမျက်နှာသစ်ပေးပါ။ အားကစားလုပ်လို့ချွေးထွက်လာရင်လည်း မျက်နှာသစ်ပေးဖို့လိုပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါမှာလည်း အသားအရေထိန်းသိမ်းမှုအဆင့်ဆင့်လုပ်ဆောင်ပေးဖို့လိုအပ်ပါသေးတယ်။ ဘာတွေလုပ်ဖို့လိုအပ်တာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

    တိုနာသုံးပေးဖို့မမေ့ပါနဲ့။

    တိုနာက မျက်နှာသစ်ပြီးလို့ ကျန်ရှိခဲ့တဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာပေါ်က အဆီတွေကိုဖယ်ရှားပေးပြီးချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ တိုနာကိုဘယ်လိုသုံးမလဲဆိုတော့ ဂွမ်းစလေးမှာ စွတ်ပြီး မျက်နှာတစ်ပြင်လုံးကို သုတ်ပေးလိုက်ရုံပါ။ အသားအရေအမျိုးအစားနဲ့ အရောင်ပေါ်လိုက်ပြီးတော့တော့ အသုံးပြုရမယ့် တိုနာကကွာခြားပါလိမ့်မယ်။

    နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုကိုရှောင်ရှားပါ။

    ပြောချင်တာကနေ့ခင်းဘက်နေရောင်ကို တိုက်ရိုက်ထိတွေ့တာကိုရှောင်ရှားဖို့ပါ။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့။

    ညလိမ်းခရင်မ်လူးအိပ်ပြီး အသားအရေကိုထိန်းသိမ်းပါ။

    တစ်နေ့တာလုံးအသားအရေက ညစ်ညမ်းတဲ့လေထုနဲ့သဘာဝဒဏ်တွေခံစားခဲ့ရတာကြောင့် ညအိပ်ရာမဝင်ခင်မှာ မျက်နှာသစ်ပြီး မျက်နှာအသားအရေကို အာဟာရဓါတ်ဖြည့်ပေးမယ့် ညလိမ်းခရင်မ်တစ်မျိုးမျိုးလိမ်းပြီး အိပ်ပေးပါ။

    သံပရိုရည်မှာ ဗီတာမင် စီ များစွာပါဝင်နေပါတယ်။ ဗီတာမင် စီက အသားအရေကိုကြည်လင်စေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေထဲကတစ်ခုပါ။ အသားအရေအတွက် သံပရိုရည်ကိုနေ့စဉ်အသုံးပြုပေးမယ်ဆိုရင် မျက်နှာပေါ်မှာ အမဲစက်တွေဖြစ်စေနိုင်တဲ့ မယ်လ်လာနင် ထုတ်လွှတ်မှုကိုလျော့ကျစေနိုင်ပါတယ်။နေ့စဉ်သုံးနေကျမိတ်ကပ်တွေအလှကုန်တွေထဲမှာ သံပရိုသီးကိုထည့်သုံးဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement