backup og meta

အုန်းဆီ - အလှအပရေးရာ လျိှု့ဝှက်ချက်

အုန်းဆီ - အလှအပရေးရာ လျိှု့ဝှက်ချက်

ဟောလိဝုဒ် ကြယ်ပွင့်တွေဟာ အုန်းဆီနဲ့ ပတ်သက်ရင် သဲသဲလှုပ်ဖြစ်တတ်ကြတယ်ဆိုတာ လူသိများတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ Angellina Jolie ဟာ သူမရဲ့တစ်နေ့တာကို အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ စတင်ပါတယ်။ Miranda Kerr ကတော့ သူမရဲ့ လက်ဖက်စိမ်းထဲမှာ အုန်းဆီကိုထည့်ပြီး မနက်တိုင်း တစ်ဇွန်းသောက်ပါတယ်။ Poppy Delevingne ကတော့ အရေပြားကို ရေဓါတ်ထိန်းသိမ်းပေးဖို့ မအိပ်ခင် အသုံးပြုပါတယ်။ အခြားလည်း အများကြီး ရှိပါသေးတယ်။

ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးတွေကတောင် သူ့ကို အသုံးပြုနေကြပါတယ်။ ဒါကြောင့် အကုန်အကျသက်သာတဲ့ သဘာဝအုန်းဆီကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ ဖေါ်ပြလိုက်ပါတယ်။

၁။ ဆံပင်

ပျော့ဆေး – အခန်းအပူချိန် (သို့) အပူပေးပြီး သင့်ဆံပင်ကို အုန်းဆီနဲ့ နှစ်နာရီကြာအောင် စိမ်ထားပေးခြင်းဟာ ဆံပင်ကို ပိုမို ကျန်းမာ သန်စွမ်းစေပါတယ်။ သူ့မှာ ဗီတာမင် အီး၊ ကေနဲ့ သံဓါတ်တွေ ပါဝင်ပါတယ်။

ဆံပင်ရှုပ်ထွေးမှုအတွက် ဆေးရည် – ဆံစပ်ကစလို့ အောက်ပိုင်းကို လက်နဲ့ အုန်းဆီလိမ်းပေးခြင်းဟာ အဆီပိုမထွက်စေပဲနဲ့ ခေါင်းဖီးရတာ ပိုမို လွယ်ကူစေပါတယ်။ ဆံပင်အရင်းကိုတော့ မထိသင့်ပါဘူး။

တောက်ပတဲ့ဆံသားတွေ ဖန်တီးခြင်း – ဆံပင် serum တွေမှာ silicone နဲ့ အုန်းဆီပါဝင်ပြီး သင့်ဆံပင်ကို သဘာဝအတိုင်း တောက်ပြောင်စေပါတယ်။ သူ့ကို mask အနေနဲ့ (သို့) ပျော့ဆေး အနေနဲ့ အသုံးပြုနိုင်ပါတယ်။

သန့်စင်တဲ့စက် – ဦးရေပြားနဲ့ ဆံပင်တို့မှာ ထင်တာထက်ပိုပြီး ဘက်တီးရီးယားတွေ ရှိတတ်ပါတယ်။ အုန်းဆီမှာတော့ ဘက်တီးရီးယား၊ မှိုတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ဆံပင်တွေကို ကာကွယ်ပေးပါတယ်။

ဗောက်ထခြင်းကို ပျောက်ကင်စေခြင်း – အုန်းဆီမှာပါတဲ့ fatty acid တွေဟာ ပျက်စီးပြီး ဗောက်ထနေတဲ့ ဆံသားအတွက် အကောင်းဆုံး အဖြေပဲ ဖြစ်ပါတယ်။ သူ့ကို လာဗင်ဒါ (သို့) နှင်းဆီ အဆီတွေနဲ့ ရောပြီး ထူပျစ်တဲ့ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်ပါတယ်။

၂။ အရေပြား

ရေဓါတ်ထိန်းပေးခြင်း – မျက်နှာ (သို့) ကိုယ်ခန္ဓါပေါ်မှာ လိမ်းမယ်ဆိုရင် အုန်းဆီဟာ အရေပြားကို သဘာဝအဆီတွေ ဖြည့်တင်းပေးပြီး သဘာဝ အစိုဓါတ်ထိန်း အဖြစ် အလုပ်လုပ်ပါတယ်။

သက်သာစေတဲ့ အဆီ – လိမ်းဆေးအဖြစ်လိမ်းရင် (သို့) အနည်းငယ် စားသုံးခြင်းဟာ ယားယံခြင်းနဲ့ အကွက်ထခြင်းတွေကို သက်သာစေပါတယ်။

အသက်ကြီးခြင်းကို တားမြစ်ခြင်း – သူ့မှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိတာကြောင့် အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကို ကာကွယ်ပေးပြီး သင့်အရေပြားကို ရေဓါတ်ထိန်းသိမ်းပေးပါတယ်။ အရေပြားကို ပျော့ပျောင်းနူးညံ့စေပြီး တောက်ပစေပါတယ်။

ပန်းကုံးဆီ – လက်သည်းတွေကို သန်စွမ်းစေရုံသာမက ပျက်စီးနေတဲ့ ပန်းကုံးတွေကို ကူညီပေးပြီး ခြေထောက်သန့်ရှင်းရေးကိုလည်း ကူညီနိုင်ပါတယ်။

၃။ မျက်နှာ

အလင်းပြန်ပစ္စည်း – မိတ်ကပ်လိမ်းပြီးရင် အုန်းဆီကို ပါးပေါ်မှာ လိမ်းပေးရင် အရေပြားရဲ့ သဘာဝအရောင်တွေကို တိုးမြှင့်ပေးပြီး အလင်းပြန်စေတဲ့ ပစ္စည်း အဖြစ် အသုံးပြုနိုင်ပါတယ်။

မိတ်ကပ်ဖျက်ဆေး – အုန်းဆီကို ဖျက်ရခက်တဲ့ မျက်တောင်ကော့ဆေးတွေနဲ့ မျက်လုံးမိတ်ကပ်တွေကို ဖျက်ဖို့ အသုံးပြုနိုင်ပါတယ်။

မျက်လုံးလိမ်း ခရင်မ် – မျက်လုံးအောက်က အရေပြားဟာ အရေးအကြောင်းတွေ စတင်ဖြစ်ပေါ်တဲ့ နေရာဖြစ်ပါတယ်။ အုန်းဆီရဲ့ ရေဓါတ်ထိန်းပေးတဲ့ ဂုဏ်သတ္တိကြောင့် ဒီအရေးအကြောင်း ဖြစ်ပေါ်မှုကို ဟန့်တားပေးပြီး fatty acid တွေက အရေပြားကို ကာကွယ်ပေးပါတယ်။

၄။ အပြုံး

ဖြူဆေး – အုန်းဆီနဲ့ ပါးလုပ်ကျင်းပေးခြင်းဟာ သွားတွေကို ဖြူဖွေးတောက်ပစေပါတယ်။

သွားပိုးစားခြင်းကို တားမြစ်ပေးပါတယ်။ သွားတွေရဲ့ အရောင်တွေတင် မကပါဘူး။ သူ့ရဲ့ သိပ်သည်းမှုတွေကလည်း အရေးကြီးပါတယ်။ ဘက်တီးရီးယားပိုးတွေကို ဆန့်ကျင်တာမို့ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ သွားချိုးဖြစ်ပေါ်ခြင်းကို တားမြစ်ပေးပါတယ်။

နှုတ်ခမ်း အဆီဖြည့်ခြင်း – နှုတ်ခမ်းကွဲတာဟာ ကြည့်လို့ မကောင်းပါဘူး။ နှုတ်ခမ်းအဆီ အဖြစ်သုံးပေးခြင်းဟာ နှုတ်ခမ်းကွဲခြင်းနဲ့ အဖတ်လန်ခြင်းကို ကာကွယ်ပေးပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

15 surprising beauty benefits of coconut oil
http://www.marieclaire.com/beauty/news/a14118/coconut-oil-beauty-uses/
Accessed: 20 January, 201715 surprising beauty benefits of coconut oil

ယခုပုံစံ

15/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်

အလှအပရေးရာအတွက် ဗီတာမင် ကေ ရဲ့ ကောင်းကျိုးများ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement