backup og meta

အသက်ငါးဆယ်မတိုင်မီ အရေးအကြောင်းတွေ ပေါ်လာတာကို ဘယ်လိုဖြေရှင်းမလဲ

အသက်ငါးဆယ်မတိုင်မီ အရေးအကြောင်းတွေ ပေါ်လာတာကို ဘယ်လိုဖြေရှင်းမလဲ

ကျွန်တော်တို့တတွေ အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေ ပေါ်ပေါက်လာတာဟာ ရှောင်လွှဲလို့မရတဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ ဒါပေမယ့် အရေးအကြောင်းတွေ နည်းသွားအောင် ထိရောက်စွာ လုပ်ဆောင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေလည်း အမှန်တကယ်ပဲ ရှိနေပါတယ်။

အရေးအကြောင်းတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို စမ်းသုံးကြည့်ပါ။

၁။ လတ်ဆတ်တဲ့ နွားနို့နဲ့ ပျားရည်တို့ကို အသုံးပြုပြီး မျက်နှာသစ်ဆေး ဖန်တီးကြည့်ပါ။

· ပျားရည်မှာ ပါဝင်တဲ့ အစိုဓါတ်ထိန်းပစ္စည်းတွေဟာ သင့်အသားအရေကို သဘာဝအတိုင်း စိုပြေနေစေပါလိမ့်မယ်။ ဒီလိုဆိုရင် အရေပြားကို တင်းတင်းရင်းရင်းဖြစ်စေတာမို့ အရေးကြောင်းတွေကို လျှော့ချပေးပါလိမ့်မယ်။

ဒါ့အပြင် လတ်ဆတ်တဲ့ နွားနို့မှာပါဝင်တဲ့ lactic acid ဟာ မွေးညင်းပေါက်တွေကို ပိတ်ဆို့စေနိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတာကြောင့် သင့်အရေပြားအနေနဲ့ collagen ဓါတ်ကို သဘာဝအတိုင်း ပိုမိုပြီး ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။

၂။ သံပုရာရည်နဲ့ သကြားတို့ကို အသုံးပြုပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပါ။

· သကြားမှာ ပါဝင်တဲ့ Glycolic acid ဟာ အရေပြားဆဲလ်သေတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် citric acid ဟာ တိုက်စားနိုင်တဲ့ သတ္တိရှိတာမို့ အရေပြားဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးမှာဖြစ်တာကြောင့် သင့်အသားအရေကို နူးညံ့ပျော့ပြောင်းစေပါလိမ့်မယ်။ သံပုရာရည်မှာပါဝင်တဲ့ ဗီတာမင်စီဟာလည်း အရေပြားကနေ collagen ထွက်ရှိမှုကို အားပေးကူညီပါတယ်။

၃။ ကြက်ဥအကာနဲ့ မျက်နှာဖုံးလုပ်ပါ။

· ဒီနည်းလမ်းကနေ အကျိုးအာနိသင်ရတာ မြန်ပေမယ့် ယာယီပဲ အကျိုးရှိပါတယ်။ ကြက်ဥအကာမှာ အသားအရေကို တင်းရင်းစေတဲ့ ဓါတ်တမျိုးပါဝင်လို့ပဲ ဖြစ်ပါတယ်။

၄။ သင့်စားသောက်မှုပုံစံ မှန်ကန်ပါစေ။

အောက်ဖော်ပြပါ အစားအစာတွေဟာ အသားအရေအတွက် အကျိုးများစေပါတယ်။

· ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ

အရေးကြောင်းတွေဖြစ်ပေါ်လာခြင်းအပါအဝင် အသားအရေဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ ဓါတ်ပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆန့်ကျင်တိုက်ထုတ်နိုင်ပါတယ်။ ဒါကြောင့် ဘလူးဘယ်ရီသီးကဲ့သို့သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးရပါမယ်။

· ဗီတာမင်

ဗီတာမင်ဓါတ်အများအပြားမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အသား၊ဥ နဲ့ (ဆန်၊ဂျုံ စတဲ့) whole grains တွေကနေ ဗီတာမင် ဘီ အုပ်စုကို ရရှိနိုင်သလို လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ဗီတာမင် အေ၊စီ နဲ့ အီး တို့ကို ရရှိစေပါတယ်။ ဗာဒံစေ့မှာလည်း ဗီတာမင် အီး ပမာဏ မြင့်မားစွာ ပါဝင်ပါတယ်။

· ချောကလက်

ချောကလက်ကို များများစားပေးပါ။ ချောကလက်အမည်းရဲ့ အဓိကပါဝင်ပစ္စည်း ကိုကာမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ၇၂ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။ ဒါ့အပြင် သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ epicatechin နဲ့catechins ဓါတ်တွေလည်း ချောကလက်မှာ ပါဝင်ပါသေးတယ်။

· အိုမီဂါ -၃ ပါဝင်တဲ့ အစားအစာတွေ

omega-3 fatty acids ဟာ အရေပြားကို အစိုဓါတ်ထောက်ပံ့ပေးနိုင်တဲ့အတွက် omega-3 fatty acids ပါဝင်တဲ့ ဆယ်လ်မွန်ငါးတွေနဲ့ ရေအေးနေငါးတွေကို စားပေးပါ။

၅။ အရေးကြောင်းတွေကို ဖယ်ရှားပေးနိုင်ဖို့ မျက်နှာကို ညင်သာစွာ နှိပ်နယ်ပေးပါ။

မျက်နှာကို မိနစ်အနည်းငယ်လောက် နှိပ်ပေးရင်ပဲ သင့်အသားအရေကို တင်းရင်းစေပါတယ်။ ပြန်ရည်ဖုတွေကို အဓိကထား နှိပ်ပေးခြင်းအားဖြင့် သင့်မျက်နှာက ပိုလျှံနေတဲ့ ရေဓါတ်တွေကို ဖယ်ရှားပေးနိုင်မှာပါ။

အကောင်းဆုံးသော အကျိုးအာနိသင်ကို ရရှိစေဖို့အတွက် မျက်နှာလေ့ကျင့်ခန်း မကြာခဏ လုပ်ပေးရပါမယ်။ အောက်ပါအချက်လေးတွေကို လိုက်နာဆောင်ရွက်ပါ။

· လက်ညှိုးနဲ့ လက်ခလယ်ကို အသုံးပြုပြီး စက်ဝိုင်းပုံသဏ္ဍာန် ရွေ့ရှားကာနှိပ်နယ်ပေးပါ။

· နားအနောက်ဖက်က စတင်နှိပ်ရမှာဖြစ်ပြီး လည်ပင်းနဲ့ ညှပ်ရိုးတို့ဆီကို ဦးတည်သွားရပါမယ်။

· ထို့နောက် မေးစေ့အောက်၊မေးရိုးအောက်တို့မှတဆင့် နားဆီကို ရွေ့လျားပြီး နှိပ်ပေးရမှာပါ။

· မျက်လုံးရဲ့ အတွင်းဖက်ထောင့်ကနေ အပြင်ဖက်ထောင့်ဆီကို နှိပ်သွားပါ။

· ပြီးရင် နားထင်ကို နှိပ်နယ်ပေးရမှာဖြစ်ပြီး နားထင်ကနေ အောက်ကို တဖြည်းဖြည်းဆင်းသွားရပါမယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင် အရေးကြောင်းတွေ လျော့နည်းသွားမှာ အမှန်ပါ။ ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို အခုပဲ စတင်အသုံးပြုလိုက်ရအောင်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reduce fine lines on skin http://www.wikihow.com/Reduce-Fine- Lines-on- Skin. Accessed on
April 9, 2017.
How to get rid of laugh lines http://how-to- get-rid- of-wrinkles- on-
face.blogspot.com/2014/06/how-to- get-rid- of-laugh- lines-natural.html. Accessed on April 9,
2017.
11 Natural Ways to Reduce Wrinkles.
http://www.naturallivingideas.com/11-natural- ways-to- reduce-wrinkles/ . Accessed on April 9,
2017.

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement