backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အလှအပရေးရာ အရေပြားဗေဒဆိုင်ရာ သိကောင်းစရာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အလှအပရေးရာ အရေပြားဗေဒဆိုင်ရာ သိကောင်းစရာများ

ယနေ့ခေတ်တွင် အရေပြားဆိုင်ရာကုထုံးများသည် ဝက်ခြံ၊ အမာရွတ်နှင့် အရေးကြောင်းကဲ့သို့ အရေပြားအပြစ်အနာအဆာများကို ပြုပြင်ပေးနိုင်ပြီး အပြစ်အနာအဆာကင်း၍ လှပသော အသွင်အပြင်ကို ပေးစွမ်းနိုင်သောကြောင့် ပို၍ လူသိများလာကြသည်။ သင်၏ အလှအပရေးရာပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကူညီပေးမည့် အချက်အလက်အချို့ကို ဤဆောင်းပါးတွင် ဖော်ပြသွားပါမည်။

ခန္ဓါကိုယ် အသားအရေကုသမှုများ

• လေဆာဖြင့် ဆေးမင်ကြောင် ဖျက်ခြင်း။

• အကြောပြတ်ရာများ ဖျက်ခြင်း။

• လျှပ်စစ်သံလိုက်လှိုင်းသုံး၍ ခန္ဓါကိုယ် အသားအရေကို ကုသခြင်း။ (Thermage)

မျက်နှာအသားအရေကုသမှုများ

• ဓါတုပစ္စည်းဖြင့် ချေးချွတ်ခြင်း။

• လေဆာဖြင့် အသားအရေမျက်နှာပြင် ပြုပင်ခြင်း။

• အလင်းလှိုင်းဖြင့် မျက်နှာအသားအရေပြုပြင်ခြင်း။ (IPL photofacials)

• လေဆာဖြင့် အသားအရေတင်းရင်းအောင် ပြုလုပ်ခြင်း။

• လျှပ်စစ်သံလိုက်လှိုင်းသုံး၍ မျက်နှာနှင့် မျက်စိအရေပြားများ ကုသခြင်း။

ဖြည့်ဆေးများ နှင့် ထိုးဆေးများ

• BOTOX အလှကုန်

• Dysport

• JUVEDERM

• Perlane

• RADIESSE

• Restylane

• Sculptra

ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ခြင်းသည် အမျိုးသမီးများရော အမျိုးသားများပါ တွေ့ကြုံရသော ပြဿနာတစ်ခု ဖြစ်သည်။ သို့သော် ယခုခေတ်ပေါ် အလှအပဆိုင်ရာ အရေပြားကုထုံးများ၊ နည်းပညာများနှင့် ကျွမ်းကျင်သော အရေပြား ပညာရှင်များက ဆံပင်ပါးခြင်းနှင့် ထိပ်ပြောင်ခြင်းပြဿနာများကို ထိရောက်စွာကုသနိုင်ပြီး ကျေနပ်ဖွယ်ကောင်းသော အလှအပဆိုင်ရာရလဒ် များကိုပေးစွမ်းနိုင်ပါသည်။

လေဆာဖြင့် အမွှေးအမျှင်များ ဖယ်ရှားခြင်း

မလိုအပ်သော အမွှေးအမျှင်များ အများအပြား ပေါက်ရောက်ခြင်းသည် အမျိုးသမီးများရော၊ အမျိုးသားများ အတွက်ပါ ရှက်စရာကောင်းလှပါသည်။ ကံကောင်းစွာပင် အမွှေးအမျှင်များကို ထာဝရဖယ်ရှားပေးသည့် ကုသမှု သည် ယခင်ကထက်ပို၍ ထိရောက်မှုရှိလာပါသည်။ လေဆာဖြင့် အမွှေးအမျှင်များ ဖယ်ရှားခြင်းသည် ခန္ဓါကိုယ်၏ မည်သည့်နေရာက အမွှေးအမျှင်ကိုမဆို လျော့ပါးစေရန် အသုံးပြုနိုင်ပါသည်။ ကိုယ်ဆန္ဒရှိသလောက် ပမာဏ အထိ အမွှေးအမျှင်များကို ဖယ်ရှားရန်မှာ ကုသမှုအဆင့်များစွာ လိုအပ်သည်။

အရေပြားဆရာဝန်နှင့် ဘယ်တော့သွားပြသင့်သလဲ

• အလှကုန်ကောင်တာများမှ ပစ္စည်းများဖြင့် မပျောက်သော အဆီဝက်ခြံ နှင့် ထပ်ခါထပ်ခါ ပြန်ဖြစ်သော ဝက်ခြံ များ

• သင်၏အရေပြားပေါ်ရှိ ပြောင်းလဲနေသော၊ အနာမကျက်သော သို့ သွေးထွက်သော အမည်းကွက်များသည် ကင်ဆာဖြစ်နိုင်ပါသည်။

• မပျောက်ကင်းနိုင်သော ယားယံခြင်းနှင့် အဖုအပိန့်များ

• အရေပြားရောဂါများနှင့် အနာမကျက်သော အရေပြားများ

• အမာရွတ်ကုသမှုများ

• အသားအရေ အညိုရောင်ပြောင်းလဲလာခြင်း

• အကြောပြတ်ရာများ

• ဝက်ခြံပေါက်ပြီးကျန်ခဲ့သော အနီစက်များ

အလှအပဆိုင်ရာ အရေပြားဗေဒသည် မိမိ၏ ချို့ယွင်းချက်များကို ဖယ်ရှားကာ မိမိကိုယ်ကိုယုံကြည်မှု ရှိလိုသော အမျိုးသမီးများကြားတွင် အလွန် ရေပန်းစားနေပါသည်။ အရေပြားပြဿနာတိုင်းအတွက် ကုသမှုများ များစွာရှိပါသည်။ ခွဲစိတ်မှုများပြုလုပ်လိုလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement