backup og meta

မျှဝေပါ။

အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး ကို ဘယ်လိုသုံးမလဲ

အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး ကို ဘယ်လိုသုံးမလဲ

မျက်နှာမှာ ဆားဝက်ခြံ၊ တင်းတိပ်၊ အရေးအကြောင်း၊ အသားအရေမညီညာခြင်းနဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ သဘာဝနည်းလမ်းလေးတွေကို သတိရလိုက်ပါ။ သဘာဝ သရက်သီး ကို အသုံးပြုပြီး မျက်နှာရဲ့ အလှအပကို အနှောင့်အယှက်ပေးနေတဲ့ အပြစ်အနာအဆာတွေကို ဖယ်ရှားပစ်လိုက်လို့ ရပါတယ်။ သရက်သီး ကို ဘယ်လိုသုံးမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ဆားဝက်ခြံ

သရက်သီးမှည့်ကို ဇွန်းတစ်ဇွန်းလောက် ယူပြီး ကျေညက်နေအောင် ချေထားပါ။ ပြီးရင် ပန်းကန်တစ်ခုထဲမှာ ပျားရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နွားနို့အစိမ်း လက်ဖက်စားဇွန်း (၂) လောက်ကို ထည့်ပြီး ခုနက သရက်သီးမှည့်နဲ့ ရောမွှေလိုက်ပါ။ နှံ့သွားပြီဆိုတော့မှ ဆားဝက်ခြံတွေပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ ခြောက်သွားပြီဆိုမှ ရေအေးလေးနဲ့ ဆေးကြောပါ။ ဆားဝက်ခြံလေးတွေ သက်သာသွားမှာပါ။

အရေးအကြောင်း

သရက်သီး မှာ ပါဝင်တဲ့ Collagen ဟာ အရေးအကြောင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီတော့ သရက်သီးမှည့်နဲ့ ကြက်ဥတို့ကို အချိုးကျ ရောစပ်ပြီး မွှေလိုက်ပါ။ မျက်နှာပြင်တစ်ဝိုက် လိမ်းထားပြီး မိနစ်(၃၀) လောက် ကြာအောင် ထားပေးထားပါ။ ပြီးမှ ရေအေးလေးနဲ့ ဆေးကြောပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် အသက်အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်မှာပါ။

အသားအရေကြည်လင်တောက်ပခြင်း

သရက်သီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။့ အသားအရေ မညီညာခြင်းကို ကာကွယ်ပေးပြီး ကြည်လင်တောက်ပချင်တယ်ဆိုရင်တော့ face mask လေး လုပ်လို့ ရပါတယ်။ သရက်သီးမှည့်ကို နို့နှစ်နဲ့ ရောပြီး နာရီဝက်လောက် မျက်နှာမှာ ကပ်ထားပေးပြီး ပေါင်းတင်တာမျိုး လုပ်ပေးပါ။ ခြောက်သွားမှ ရေဆေးလိုက်ပါ။ သရက်သီးအခွံကို ခြောက်သွားအောင် နေလှန်းထားပြီး နို့ပေါင်ဒါမှုန့်နဲ့ ရောပြီး ရေလေးနဲ့ ဖျော်ကာ မျက်နှာမှာ လိမ်းလည်း ရပါတယ်။ ဒါဆိုရင်တော့ အသားအရေလေး ကြည်လင်တောက်ပ လာမှာပါ။

မျက်နှာအသားအရေ ခြောက်သွေ့ခြင်း

ရေဓါတ်ခမ်းခြောက်တာကြောင့် မျက်နှာအသားအရေ ခြောက်သွေ့ပြီး ပျက်စီးနေတယ်ဆိုရင်တော့ သရက်သီးလေးနဲ့ ပေါင်းတင်ပေးလိုက်လို့ ရပါတယ်။ သရက်သီးအမှည့်ကို ကျေညက်အောင် ချေထားလိုက်ပြီး မျက်နှာမှာ လိမ်းထားပေးလိုက်ပါ။ (၁၅) မိနစ်လောက် ထားပြီးရင်တော့ ရေအေးနဲ့ပဲ ဆေးကြောပါ။ ဒါဆိုရင် မျက်နှာမှာ ရေဓါတ်လေးတွေ ပြန်လည် ပြည့်တင်းလာပြီး စိုစိုပြေပြေလေး ဖြစ်လာမှာပါ။

မျက်နှာသန့်စင်ခြင်း

မျက်နှာရှိတဲ့ အညစ်အကြေးတွေ သန့်ရှင်းအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ သရက်သီးလေးကို မေ့ထားလို့ မရဘူးနော်။ သရက်သီးမှည့်ကို ကြေအောင်ချေပြီး ဂျုံမှုန့်လေးနဲ့ ရောစပ်လိုက်ပါ။ ပြီးမှ မျက်နှာမှာ လိမ်းထားပေးပြီး အချိန်နည်းနည်းကြာမှ မျက်နှာသစ်လိုက်ပါ. ချွေးပေါက်ကျယ်တာတွေ ကင်းစင်ပြီး သန့်စင်သွားမှာပါ။ အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး လေးကိုအသုံးပြုကြည့်နော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://fitlife.expertscolumn.com/10-beauty-and-skin-care-benefits-mango-how-use-mango-your-beauty-applicatio

http://www.stylecraze.com/articles/mango-face-packs-that-work-wonders-for-your-skin/#gref

ယခုပုံစံ

09/08/2022

Eaindray Kha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement