သင့်အသားအရောင်ပေါ်လိုက်ပြီး အောက်ခံမိတ်ကပ် ရွေးချယ်တာအပြင် သင့်အသားအရည်အတွက် အကောင်းဆုံးဖြစ်ပြီး သင့်အကြိုက်နဲ့လည်းကိုက်ညီမဲ့ အမျိုးအစား ကိုရွေးချယ်ဖို့လည်း အရေးကြီးပါတယ်။
သင့်အသားအရောင်ပေါ်လိုက်ပြီး အောက်ခံမိတ်ကပ် ရွေးချယ်တာအပြင် သင့်အသားအရည်အတွက် အကောင်းဆုံးဖြစ်ပြီး သင့်အကြိုက်နဲ့လည်းကိုက်ညီမဲ့ အမျိုးအစား ကိုရွေးချယ်ဖို့လည်း အရေးကြီးပါတယ်။

ဥပမာ သင်ကအဆီပြန်တတ်တယ်ဆိုရင် အသားခြောက်တဲ့လူတွေညွှန်းလိုက်တဲ့ အောက်ခံမိတ်ကပ်ကိုသင်သုံးချင်မှာမဟုတ်ပါဘူး။ တကယ်လို့သင့်မှာ ဝက်ခြံတွေရှိနေရင် သို့မဟုတ် rosacea ကဲ့သို့မျက်နာနီတတ်သောအရေပြားရောဂါတစ်မျိုးဖြစ်နေမယ်ဆိုရင် အနည်းငယ်သာဖုံးပေးနိုင်မဲ့ အောက်ခံမိတ်ကပ်( sheer coverage foundation)ကိုအသုံးပြုလိုမှာမဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ပုံမှန်အသားအရည်ရှိပြီး အသားရောင်ကလည်းညီနေမယ်ဆိုရင် ထူပိန်းပိန်းဖြစ်နေမယ့် အောက်ခံမိတ်ကပ်မျိုးကို သုံးလိုမှာမဟုတ်ပါဘူး။
ဒီလိုဆို အောက်ခံမိတ်ကပ် အမျိုးမျိုးကဘာတွေလဲ၊ သင်ဘယ်လိုရွေးချယ်မလဲ။ အောက်မှာဖော်ပြထားတာတွေကတော့ သင်မိတ်ကပ်ဝယ်တဲ့အခါ တွေ့နိုင်မဲ့ အမျိုးအစားတွေပါ။ သင့်အသားအရည်အမျိုးအစားကိုနားလည်ခြင်း၊ coverage လုပ်လိုတဲ့အနေအထားကိုသိရှိထားခြင်း နဲ့ သင့်အကြိုက်ကိုလိုက်ပြီးရွေးချယ်ခြင်းက သင်နဲ့အသုံးတည့်မဲ့ အောက်ခံမိတ်ကပ်ကိုရွေးချယ်နိုင်မဲ့ သော့ချက်တွေပါ။
အောက်ခံမိတ်ကပ် ၅မျိုးရှိပါတယ်။ တစ်ခုချင်းစီဟာ အသားအရည်ပုံစံတစ်မျိုးစီအတွက် အထူးဖော်စပ်ထုတ်လုပ်ထားတာတွေပါ။
ဒီအမျိုးအစားတွေက ပုံမှန်အသားအရည်၊ ပေါင်းစပ်အသားအရည်နဲ့ ခြောက်သွေ့တဲ့အသားအရည်အတွက်ပါ။ အသားအရောင်မညီတဲ့လူတွေနဲ့ heavier coverage ကိုလိုအပ်တဲ့အမျိုးသမီးတွေအတွက်ပိုပြိးသင့်တော်ပါတယ်။
• Coverage (ဖုံးကွယ်နိုင်စွမ်း) : Medium to full
• လိမ်းပြီးသွားရင် : စိုထိုင်းထိုင်းနဲ့ ပြောင်ပြောင်ဝင်းဝင်းလေးနေပါတယ်။
• ဘာလုပ်ပေးနိုင်သလဲ : အသားရောင်မညီတာတွေနဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးပြီး လိမ်းပြီးတဲ့အချိန်မှာချောမွတ်နေစေပါတယ်။
• အသုံးပြုပုံ : မိတ်ကပ်ဖော့ (သို့) foundation brush ကိုသုံးပြီးလိမ်းပါ။
အသားအရည်မျိုးစုံအသုံးပြုလို့ရပါတယ်။ ခြောက်သွေ့တဲ့အသားအရည်နဲ့ ၂၅ပတ်ဝန်းကျင်အသားအရည်တွေအတွက်ပိုပြီးအသုံးတည့်ပါတယ်။
• Coverage : Light to Medium
• လိမ်းပြီးသွားရင် : ထုတ်လုပ်တဲ့ပုံစံပေါ်မူတည်ပြီး စိုထိုင်းထိုင်းနေတာ, နူးညံ့ချောမွတ်နေတာ သို့မဟုတ် matte type မျိုးလည်းဖြစ်နိုင်ပါတယ်။
• ဘာလုပ်ပေးနိုင်သလဲ : မညီညာတဲ့အသားရောင်တွေနဲ့ အခြားအရာတွေကို ညီညာချောမွတ်သွားစေပါတယ်။ အသားအရည်ကိုလည်း အစိုဓါတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။
• အသုံးပြုပုံ : မိတ်ကပ်ဖော့ (သို့) အောက်ခံမိတ်ကပ် brush ကိုသုံးပြီးလိမ်းပါ။
အဆီပြန်တဲ့အသားအရည်အတွက် အသုံးဝင်ပါတယ်။
• Coverage : Light to medium
• လိမ်းပြီးသွားရင် : Matte
• ဘာလုပ်ပေးနိုင်သလဲ : အသားရောင်မညီတာတွေနဲ့ အပြစ်အနာအဆာတွေကိုဖုံးပေးပြီး အဆီတွေကိုစုပ်ယူပေးပါတယ်။
• အသုံးပြုပုံ : brush ကိုအသုံးပြုပေးပါ။ brush အမွှေးပိုထူလေ မိတ်ကပ်သားအသားထဲစိမ့်ဝင်လေပါပဲ။
အဆီပြန်တဲ့အသားအရည်မှလွဲပြီး အခြားအသားအရည် အားလုံးအတွက် အသုံးဝင်ပါတယ်။ ထိခိုက်လွယ်သော အရေပြားနဲ့ rosacea(မျက်နှာနီတတ်သူများအတွက်) ရှိသူများအတွက် ပိုပြီးအသုံးတည့်ပါတယ်။
• Coverage : Light to Medium
• လိမ်းပြီးသွားရင် : Matte
• ဘာလုပ်ပေးနိုင်သလဲ : အသားအရောင်မညီတာတွေကို ညီစေပြီး အစိုဓါတ်ဖြည့်တင်းပေးပါတယ်။ အဆီတွေကိုစုပ်ယူပေးပြီးအဆီပြန်တာကိုကာကွယ်ပေးပါတယ်။
• အသုံးပြုပုံ : Kabuki brush ကိုအသုံးပြုပြီး ပုတ်လိမ်းပေးပါ။
ပုံမှန်နဲ့ ခြောက်သွေ့သောအသားအရည်ရှိသူများအတွက်အသုံးဝင်ပါတယ်။ ရေဓါတ်ဖြည့်ပေးဖို့ပိုပြီးလိုအပ်နေသူများနဲ့ မိတ်ကပ်အနည်းငယ်သာအသုံးပြုလိုသူများအတွက်ပိုပြီးသင့်တော်ပါတယ်။
• Coverage : Sheer to Light
• ဘာလုပ်ပေးနိုင်သလဲ : အသားအရောင်အနည်းငယ်မညီတာကို ညှိပေးပါတယ်။ မိတ်ကပ်မလိမ်းထားတဲ့ပုံပေါက်နေအောင်စွမ်းဆောင်နိုင်ပါတယ်။
• အသုံးပြုပုံ : foundation brush ကိုအသုံးပြုပါ။
သင့်အသားအရည်ကဘယ်အမျိုးအစားပဲဖြစ်နေပါစေ။ သင့်မှာရွေးချယ်စရာတွေအများကြီးရှိပါတယ်။ သင့်အတွက်အကောင်းဆုံးဖြစ်မဲ့တစ်ခုကို ရွေးချယ်ပြီး ဒီနေ့အတွက်အလှပဆုံးပြင်ဆင်လိုက်ပါ။