နှုတ်ခမ်းနီနဲ့ အိုင်းလိုင်နာတို့လိုမျိုးပဲ မိတ်ကပ် ပရိုင်မာဟာ အမျိုးသမီးတွေ လှပမှုရဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပရိုင်မာနဲ့ သူ့ရဲ့ မှော်ဆန်တဲ့ အချက်တွေအကြောင်းကို မသိတဲ့သူ အများအပြားရှိနေပါသေးတယ်။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
နှုတ်ခမ်းနီနဲ့ အိုင်းလိုင်နာတို့လိုမျိုးပဲ မိတ်ကပ် ပရိုင်မာဟာ အမျိုးသမီးတွေ လှပမှုရဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပရိုင်မာနဲ့ သူ့ရဲ့ မှော်ဆန်တဲ့ အချက်တွေအကြောင်းကို မသိတဲ့သူ အများအပြားရှိနေပါသေးတယ်။
ဒီဆောင်းပါးမှာတော့ ပရိုင်မာကို ပညာရှင်တစ်ယောက်လိုမျိုး ဘယ်လိုလိမ်းခြယ်ရမလဲဆိုတာကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။
မိတ်ကပ် ပရိုင်မာဟာ မျက်နှာမိတ်ကပ်အောက်ခံအဖြစ် အသုံးပြုပြီးတော့ အဆီထွက်ခြင်းကို ကာကွယ်ပေးကာ အောက်ခံမိတ်ကပ်ကို ချောမွေ့ပြီး အချိန်အကြာကြီးခံစေပါတယ်။ ပရိုင်မာ လိမ်းပေးခြင်းအားဖြင့် အောက်ခံမိတ်ကပ်နဲ့ moisturizer တို့မှာ ကပ်စရာ အလွှာတစ်ခု ရှိသွားတာကြောင့် တစ်နေကုန်ခံပါတယ်။
ဒါ့ပြင် ပရိုင်မာဟာ အရေးအကြောင်းတွေ၊ ချွေးပေါက်တွေ၊ ဝက်ခြံအမာရွတ်တွေကို ဖုံးကွယ်နိုင်ပြီးတော့ ပြီးပြည့်စုံတဲ့ မျက်နှာ အရေပြား အလှကို ပေးစွမ်းနိုင်ပါတယ်။
မိတ်ကပ် ပရိုင်မာကို အခုအခါ ခရင်ပုံစံ၊ ဂျယ်ပုံစံနဲ့ ပေါင်ဒါပုံစံနဲ့ပါ ရရှိနိုင်ပါတယ်။ ပရိုင်မာကို ဆီလီကွန်ကို အခြေခံထားတဲ့ ပေါ်လီမာတွေနဲ့ တီထွင်ထားပြီး ချောမွေ့တဲ့ အရေပြားဖြစ်အောင် ပြုလုပ်ပေးပါတယ်။
ဒါ့ကြောင့် အဆီဖုတွေ ရှိတဲ့ သူတွေ (သို့) အခြား အရေပြားရောဂါရှိသူတွေဟာ ပရိုင်မာ မသုံးစွဲခင် ကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။
အောက်ဖေါ်ပြပါအချက်တွေကတော့ ပရိုင်မာကို ပြီးပြည့်စုံတဲ့ မိတ်ကပ်လိမ်းခြယ်မှုတစ်ခုမှာ ဘယ်လိုအသုံးပြုမလဲဆိုတာပဲ ဖြစ်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
အဆင့် ၁ – မျက်နှာကို မျက်နှာသန့်စင်တဲ့ အရာနဲ့ သစ်ပေးပြီး သဘက်တစ်ခုနဲ့ ခြောက်သွေ့အောင် ပြုလုပ်ပါ။
အဆင့် ၂ – အလှဆီကို မျက်နှာပေါ် လိမ်းပေးပါ။ အသားထဲစိမ့်ဝင်သွားစေဖို့ မိနစ်ကြာရှည်စွာ စောင့်ပေးပါ။
အဆင့် ၃ – ပရိုင်မာကို လက်ချောင်း (သို့) တို့ဖတ်ကို အသုံးပြုပြီး လိမ်းပေးပါ။ မျက်ခွံမှအပ တစ်မျက်နှာလုံးကို လိမ်းပေးပါ။ ပရိုင်မာဟာ မျက်ခွံတွေကို သွားမဆွအောင် ထုတ်လုပ်ထားပါတယ်။ ပရိုင်မာ အသားထဲ စိမ့်ဝင်သွားတဲ့အထိ နှစ်မိနစ်ကနေ သုံးမိနစ်အထိ စောင့်ပါ။
အဆင့်၄ – အောက်ခံမိတ်ကပ်နဲ့ ပေါင်ဒါလိမ်းပါ။
အဆင့် ၅ – အခြား လုပ်စရာ ရှိသည်များ (အိုင်းလိုင်နာ၊ နှုတ်ခမ်းနီ) ကို ပြုလုပ်ပါ။
ပရိုင်မာကို လုံးဝခြောက်သွေ့ပြီး အသားထဲ စိမ့်ဝင်သွားဖို့ အချိန်ပေးသင့်ပါတယ်။
မိတ်ကပ်ပရိုင်မာဟာ မိတ်ကပ်လိမ်းသူတွေအတွက် မရှိမဖြစ် အရာတစ်ခုပဲဖြစ်ပါတယ်။ ပရိုင်မာကို လိမ်းခြင်းကြောင့် မိတ်ကပ်ကျွမ်းကျင်မှုကို နောက်တစ်ဆင့် တက်သွားသလို ဖြစ်စေနိုင်ပါတယ်။ စစ်မှန်တဲ့ မိတ်ကပ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်အောင်လို့ အထက်ဖေါ်ပြပါ အချက်တွေကို လိုက်နာသင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။