backup og meta

ဘယ်မိတ်ကပ်လေးကို မျက်နှာရဲ့ ဘယ်နေရာမှာ လိမ်းရမလဲ

ဘယ်မိတ်ကပ်လေးကို မျက်နှာရဲ့ ဘယ်နေရာမှာ လိမ်းရမလဲ

မိတ်ကပ်လေးတွေ နဲ့ လှချင်တဲ့ မိန်းကလေးတွေ အများကြီးပါပဲ။ တစ်နေ့တစ်နေ့ မရိုးနိုင်အောင် ထွက်တဲ့ မိတ်ကပ်ပစ္စည်းတွေကလည်း မနည်းမနောပါ။ မျက်နှာမှာ မိတ်ကပ်နဲ့ Highlight လုပ်တာ၊ မေးရိုးချတာတွေနဲ့ ပြောင်ပြောင်လက်လက်လေး လှနေအောင်လိမ်းတာတွေ ရှိသလို မျက်နှာပေါ်က ဝက်ခြံ၊ တင်းတိပ်နဲ့ အမာရွတ်တွေ ဖုံးသွားအောင် Concealer လေး သုံးတာတွေလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ ဘယ်လိုမိတ်ကပ်ကို မျက်နှာပေါ်မှာ ဘယ်လိုလေး လိမ်းမယ်ဆိုတာ ပြောပြပေးလိုက်တယ်နော်။

Concealer

ကိုယ့်မျက်နှာမှာ မိတ်ကပ်အရောင် ထင်းထင်းလေး ပေါ်နေချင်တယ်၊ ကိုယ့်မျက်နှာရဲ့ အလှအပတွေကို သေသေချာချာလေး ပြချင်တယ်ဆိုရင်တော့ Concealer လေး သုံးကြည့်ပါ။ Concealer လေးကို နှာတံလေးပေါ်အောင် ဖော်တဲ့အခါနဲ့ မျက်ကွင်းညိုတာတွေ ဖုံးအောင် အဓိက ထားကြပါတယ်နော်။

Concealer ကို နှာခေါင်း (T-ZONE) နေရာ၊ မျက်ကွင်းညိုတဲ့နေရာ၊ မျက်ခုံးရဲ့ အပေါ်ဘက် နည်းနည်းမှာ လိမ်းပါ။ မေးစေ့မှာ နည်းနည်းလေး လိမ်းပေးပြီး ကိုယ့်နှုတ်ခမ်းသားကို ထင်းစေချင်တယ်ဆိုရင်တော့ နှုတ်ခမ်း အစွန်းနှစ်ဖက်မှာ ခပ်ပါးပါးလေး လိမ်းပါ။

Highlighter

Highlighter သုံးမယ်ဆိုရင်လည်း အောက်ခံမိတ်ကပ်ထက် နည်းနည်းလေး လင်းတဲ့အရောင်ကာလာကို ရွေးကြည့်ပါ။ သူကတော့ မေးစေ့နေရာနဲ့ ပါးရိုးချသလို ပါးရိုးအောက်ဘက်မှာ နည်းနည်းစီ လိမ်းပါ။

နှာတံဖော်သလို မဟုတ်ဘဲ နှာတံပေါ် တန်းတန်းနဲ့ နှာတံဘေးနား၊ မျက်လုံးအောက်ဘက်တွေမှာ ဖြည့်လိမ်းပါ။ ပြီးမှ မိတ်ကပ်ဖော့ လေးနဲ့ ဖြည်းဖြည်းချင်းဆွဲလိမ်းပါ။ နဖူးဘက်မှာတော့ များများလေး လိမ်းပေးပါ။ ဘေးဘက် ပြင်ကျယ်အတိုင်းမဟုတ်ဘဲ နဖူးအလယ်တည့်တည့် အဆင့်ဆင့်လေး လိမ်းပါ။

Blush

Blush က လိမ်းခြယ်နည်းကတော့ ရိုးစင်းတယ်ဆိုပေမယ့် လှအောင် လိမ်းခြယ်တတ်ဖို့ လိုပါတယ်။ မဟုတ်ရင် ပါးနီတွေက တစ်နေရာတည်းမှာပဲ စုနေပြီး မလှနိုင်ပါဘူး။ ပါးနီလိမ်းတဲ့အခါမှာ ပါးမို့အောက်ဘက်နေ ခပ်စောင်းစောင်းလေ အပေါ်ဘက်ကို ဆွဲလိမ်းပါ။

Contour

ခုခေတ်မှာ မေးရိုးချတာနဲ့ ပါးရိုးချတာလေးတွေက တော်တော်လေး ခေတ်စားလာပါတယ်။ ဒီလို မေးရိုး၊ ပါးရိုးချတယ်ဆိုရင် မျက်နှာ ရှည်ရှည်သွယ်သွယ်လေးနဲ့ International ဆန်ဆန် မျက်နှာလေးကို ရရှိမှာပါ။

Coutour ကို နဖူးအပေါ်ဘက်ဆုံးနေရာမှာ ခပ်ဝိုက်ဝိုက်လေး လိမ်းပါ။ နှာခေါင်းဘေး၊ ပါးရိုးနေရာနဲ့ မေးရိုးနေရာတွေမှာ လိမ်းပါ။ ပြီးရင် မိတ်ကပ်လိမ်းဖော့လေးနဲ့ အောက်ခံမိတ်ကပ်နဲ့ တပြေးတည်းလေး ဖြစ်အောင် ညှိလိုက်ပါ။

Bronzer

ကိုယ့်မျက်နှာပေါ်မှာ တင်းတင်းရင်းရင်းလေးနဲ့ ပြောင်ပြောင်လက်လက်လေး ဖြစ်ချင်တယ်ဆိုရင်တော့ Bronzer လေး သုံးပါ။ မင်းသမီးလေးလို လှနေမှာတော့ သေချာပါတယ်။ သူကတော့ နဖူးအပေါ်ပိုင်း တဝိုက်၊ နှာတံမှာ လိမ်းပါ။ ပါးရိုးချတဲ့ နေရာနဲ့ မေးရိုးချတဲ့ နေရာတွေမှာလည်း လိမ်းပါ။ မေးစေ့နားလေးမှာလည်း လိမ်းပေးပါ။

ပုံလေးတွေ ကြည့်ပြီးလိမ်းရင် ပျိုပျိုမေတို့ ပိုပြီး အဆင်ပြေနိုင်ပါတယ်။ အလှဆုံးလေးတွေ ဖြစ်ဖို့ လိမ်းကြည့်နော်။

ရေးသားသူ- Eaindray Kha

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HOW TO APPLY CONCEALER THE CORRECT WAY FOR EACH PART OF THE FACE https://www.bebeautiful.in/all-things-makeup/face/how-to-apply-concealer-on-each-part-of-the-face Accessed Date Feb 6, 2018

How to Apply Highlighter Based On the Level of Glow You Want https://www.cosmopolitan.com/style-beauty/beauty/how-to/a30553/makeup-how-to-apply-highlighter/ Accessed Date Feb 6, 2018

14 Tips for Applying Blush Perfectly, Every Single Time https://www.goodhousekeeping.com/beauty/makeup/how-to/a37479/best-blush-tips/ Accessed Date Feb 6, 2018

How to Contour and Highlight for Your Face Shape https://www.cosmopolitan.com/style-beauty/beauty/how-to/a43730/face-shape-contour-map/ Accessed Date Feb 6, 2018

How to Use Bronzer for Beginners and the Best Face Bronzers to Try https://www.cosmopolitan.com/style-beauty/beauty/advice/g1416/how-to-use-bronzer/ Accessed Date Feb 6, 2018

ယခုပုံစံ

18/05/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်တောင်လေးတွေထိခိုက်ပျက်စီးစေမယ့် အမူအကျင့်မှား (၉) ခု

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းတဲ့အခါ သတိပြုရမယ့်အချက်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 18/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement