backup og meta

ကိုယ်နဲ့လိုက်ဖက်တဲ့ ပါးနီအရောင်လေးရဖို့ ဘယ်လိုရွေးမလဲ

ကိုယ်နဲ့လိုက်ဖက်တဲ့ ပါးနီအရောင်လေးရဖို့ ဘယ်လိုရွေးမလဲ

ကိုယ်နဲ့လိုက်ဖက်တဲ့ ပါးနီအရောင်လေးရဖို့ ဘယ်လိုရွေးမလဲ

မိတ်ကပ်လေးတွေလိမ်း၊ မျက်လုံးလေးတွေခြယ်လို့ မျက်နှာတပြင်လုံး နီးပါး ပြင်ပြီးပြီဆိုရင်တော့ ပါးနီလေး အရောင်လှလှ ခြယ်ရမယ့် အလှည့်ကို ရောက်လာပါပြီ။ မိန်းကလေးတွေအနေနဲ့ မိတ်ကပ်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ရောက်ရင် ပါးနီဝယ်ဖို့ တွေးမိကြမှာပါ။ ပါးနီရဲ့ အရောင်ကလည်း အမျိုးမျိုးရှိတာမို့ ရွေးရအခက်သား ဖြစ်နေမှာပါ။ ကိုယ့်ရဲ့မျက်နှာအသား အရောင်နဲ့ လိုက်ဖက်ပြီး ပါးမို့မို့လေးပေါ်မှာ အလှဆုံးအရောင်ဖြစ်နေစေဖို့ Hello Sayarwon က ကူရွေးပေးမယ်နော်။

ပါးနီမှာ အရောင်တွေကို သေချာကြည့်မယ်ဆိုရင် ပန်းရောင်၊ လိမ္မော်ရောင်နဲ့ မက်မွန်ရောင်ဆိုပြီးတော့အုပ်စု(၃) မျိုး ရှိပါတယ်။ ပေါင်ဒါအမျိုးအစား ပါးနီတွေထက် ခရင်မ်ပုံစံ ပါးနီတွေက ပိုပြီးတော့ သဘာဝဆန်တယ်ဆိုတာတော့ သိထားပေးနော်။

ပျိုပျိုမေတို့အနေနဲ့ ကိုယ့်ရဲ့ပါးမှာ အလက်လက်လေးတွေ ဖြစ်ချင်တယ်ဆိုရင်တော့ အလက်ပါဝင်တဲ့ပါးနီကို ရွေးချယ်ရမှာပါ။ တစ်ခုသတိထားရမှာက အလက်လက်ပါတဲ့ ပါးနီကိုရွေးမယ်ဆိုရင်တော့ ခြယ်ပြီးတဲ့အခါမှာ အရောင်ဖျော့ပါတယ်။ အကယ်လို့ကိုယ်က အရောင် တောက်တောက် လင်းလင်းလေးလည်းဖြစ်ချင်တယ်၊ အလက်လက်လေးတွေလည်း ဖြစ်ချင်တယ်ဆိုရင်တော့ ပါးနီလေး ခြယ်ပြီးသွားတဲ့အခါမှာ Highlighter လေးပါ တွဲသုံးပေးပါ။

အသားဖြူတဲ့ပျိုမေလေးတွေအတွက်

အရင်ဆုံး မျက်နှာအသားအရေ ဖြူတဲ့သူတွေအတွက် ပြောပြမယ်နော်။ ကိုယ့်ရဲ့ အသားအရေက ဖြူတဲ့သူဆိုရင်တော့ သဘာဝဆန်အောင် ပြင်လေပိုလှလေပါ။ ဒီတော့ ပါးနီရဲ့ အရောင်ကိုလည်း သဘာဝ ဆန်ဆန်လေးပဲ ခြယ်သင့်ပါတယ်။ ပန်းရောင်အုပ်စုကို ခြယ်ချင်ရင်တော့ ပန်းနုရောင် ပါးနီ၊ လိမ္မော်ထဲက ဆိုရင်တော့ လိမ္မော်နုရောင်လေးက အလှဆုံး ဖြစ်နေမှာပါ။ မက်မွန်ရောင်ဘက်ကို ရွေးမယ်ဆိုရင်တော့ မနုလွန်း၊ မရင့်လွန်းတဲ့ မက်မွန်ရောင်လေးကို ရွေးချယ်ပေးရမှာပါ။

အသားလတ်တဲ့ပျိုမေလေးတွေအတွက်

ပျိုပျိုမေလေးရဲ့ မျက်နှာလေးက အသားလတ်တယ်ဆိုရင်တော့ ပါးနီလေး ခြယ်တဲ့အခါမှာ ခပ်လင်းလင်းလေး ခြယ်လိုက်မယ်ဆိုရင် လူတကာငေးရတဲ့ မျက်နှာပိုင်ရှင်လေး ဖြစ်နေတော့မှာပါ။

ပျိုမေလေးက ပန်းရောင်အုပ်စုထဲက ခြယ်ချင်တယ်ဆိုရင်တော့ ပန်းရောင်လေး ရွေးချယ်ပါ။ ခရမ်းဘက်နည်းနည်းရောက်တဲ့ ပါးနီအရောင်လည်း ရွေးလို့ရပါတယ်။ မက်မွန်အရောင်ထဲက ပါးနီကိုပဲ ခြယ်ချင်တယ်ဆိုရင်တော့ မက်မွန်အရင့်ရောင်လေး သုံးလို့ရတယ်နော်။

အသားညိုတဲ့ပျိုမေလေးတွေအတွက်

ကိုယ့်ရဲ့ မျက်နှာအသားအရေလေးက ညိုတဲ့ဘက်ရောက်တယ်ဆိုရင်တော့ မိတ်ကပ်အဖြူပေါ်မှာ ပါးနီထင်းထင်းလေးတွေ ခြယ်ရင် ပေါ်လွင်နေမှာပါ။ ကိုယ်က အသားညိုလို့ အရောင်ရင့်ကြီးတွေနဲ့ မလိုက်မှာ မစိုးရိမ်ပါနဲ့နော်။

ပန်းရောင်အုပ်စုထဲက ရွေးမယ်ဆိုရင်တော့ ပန်းဆီရောင်ဘက် ရောက်တာလေးတွေကို ခြယ်ပါ။ နီညိုရောင်လေးလည်း သုံးလို့ရသလို မက်မွန်အရင့်ရောင်လေး ဆိုရင်လည်း လိုက်ဖက်မှာပါ။

ကိုယ်ရွေးချယ်တဲ့ ပါးနီအရောင်လေး မှန်ကန်သွားပြီဆိုရင်တော့ လှပအောင် ခြယ်လို့ရမယ့် နည်းလမ်းလေး ပြောပြမယ်နော်။ ပျိုမေလေးရေ ပါးနီခြယ်တော့မယ်ဆိုရင် ပထမဆုံး မှန်ကြည့်ပြီး ပြုံးပါ။

ပြုံးတဲ့အခါ ပါးမို့လေး တက်လာမှာပါ။ အဲဒီ ပါးမို့လေးကနေပြီးတော့ နားထင်ဘက်ဆီကို ပင့်ပြီး ခြယ်သပေးပါ။ ခြယ်သတဲ့အခါမှာလည်း ညီညီညာညာလေး ဖြစ်စေဖို့အတွက် တစ်ချက် နှစ်ချက်လောက်ပဲ မခြယ်ဘဲ လေးငါးဆယ်ချက်လောက် ဘရက်ရှ်လေးနဲ့ ခြယ်လိုက်ပါ။ ကဲ ပျိုပျိုမေတို့ရေ ပါးနီလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ပြီနော်။

ရေးသားသူ- Eaindray Kha

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

14 Tips for Applying Blush Perfectly, Every Single Time https://www.goodhousekeeping.com/beauty/makeup/how-to/a37479/best-blush-tips/ Accessed Date Feb 6, 2018

The best blushes for every skin tone: What to pick, how to choose https://www.lifestyleasia.com/ind/beauty-grooming/makeup/best-blushes-for-every-skin-tone/ Accessed Date Feb 6, 2018

15 Best Blushes for Fair Skin – Summer 2022 Guide https://www.stylecraze.com/articles/best-blush-for-fair-skin/ Accessed Date Feb 6, 2018

11 Best Blushes For Dark Skin For A Natural Flush Of Color – 2022 https://www.stylecraze.com/articles/best-blush-for-dark-skin/ Accessed Date Feb 6, 2018

THE DO’S AND DON’TS OF APPLYING BLUSH https://www.bebeautiful.in/all-things-makeup/everyday/the-do-s-and-donts-of-applying-blush Accessed Date Feb 6, 2018

 

 

 

ယခုပုံစံ

18/05/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းတဲ့အခါ သတိပြုရမယ့်အချက်များ

ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 18/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement