brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှု

အနီရောင် ရဲရဲလေးနဲ့ ပုံစံလေးကလည်း ချစ်စရာကောင်းတဲ့ နှင်းသီးလေး က စားလို့ ကောင်းသလို မစားဖူးသူလည်း ခပ်ရှားရှားဖြစ်မယ် ထင်ပါတယ်။ ဒီလို စားဖူးသင့်တဲ့ နှင်းသီးလေးက ကျန်းမာရေးအတွက် အကျိုးများသလို အသားအရေအတွက်လည်း ကောင်းကျိုးပေးပါသတဲ့။ ဘယ်လို ကောင်းကျိုးပေးသလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှု

နှင်းသီး ဆိုတာ

နှင်းသီး ဆိုတာ

နှင်းသီဆိုတာက ပန်းရောင် ကနေ အနီရောင် ရဲရဲလေးအထိ ရှိတတ်ပြီး ခပ်ပုပုလေးကနေ ရှည်မျောမျောလေး ပုံစံ အမျိုးမျိုးရှိပါတယ်။ အခိုင်လိုက် သီးတတ်ပြီး အပင်ကြီးမျိုးပါ။

အသားက ခပ်ပွပွလေးနဲ့ အရည်ရွှမ်းပြီး အရသာက ချိုချိုလေးပါ။ စားလိုက်ရင် ရင်အေးစေတဲ့ သစ်သီး တစ်မျိုးပါ။ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။

နှင်းသီးမှာ ဘယ်လိုအာဟာရတွေ ပါဝင်နေလဲ

စားရတာ အရသာရှိလှတဲ့ နှင်းသီးလေးမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှု

နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှု

စားလို့ကောင်းတဲ့ နှင်းသီးလေး က အသားအရေ လှပမှုအတွက် အခုလို ထောက်ပံ့ပေးပါတယ်။

အသားအရေကျန်းမာစေတယ်

နှင်းသီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို oxidative stressတွေ၊ စိတ်ဖိစီးမှုနဲ့ ညစ်ညမ်းမှုတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသာအရေကို ကျန်းမာစေပါတယ်။

အသားအရေ ခြောက်သွေ့မှု ကင်းစေလို အရေးအကြောင်းတွေလည်း ကင်းစေပါတယ်။

အမည်းစက်တွေ သက်သာစေနိုင်ပါတယ်

နှင်းသီး နဲ့ နှင်းသီးပင်ရဲ့ အရွက်မှာပါတဲ့ phenolic က အသားအရေကို ဖြူဝင်းစေပြီး အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ အသားအရေကို UV B အန္တရာယ်က ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

ဝက်ခြံ ကာကွယ်ပေးပါတယ်

နှင်းသီးက ဝက်ခြံကြောင့် အရေပြားရောင်ရမ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အရေပြား ပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ နှင်းသီးပင်ရဲ့ အရွက်က အရောင်ကျစေနိုင်သလို ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

အရေပြား ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်

နှင်းသီးပင်ရဲ့ အခေါက်က အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ဓာတ်မတည့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားထိခိုက်မှုတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။

အရေပြားကို ရေဓာတ်ဖြည့်ပေးတယ်

နှင်းသီးက အရေပြားကို ရေဓာတ်ဖြည့်ပေးသလို အသားအရေကို ကြည်လင်လှပစေပါတယ်။ နှင်းသီး စားပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

အဆီပြန်တာကို သက်သာစေပြီး အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

နေလောင်တာကို သက်သာစေတယ်

နှင်းသီမှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ နေလောင်တာကို သက်သာစေနိုင်သလို နေရောင်ကြောင့် အရေပြား ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကဲ ……. နှင်းသီးလေး စားရင်း နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှုကို ရယူလိုက်နော်။

နှင်းသီးက အသားအရေ လှပစေပါတယ်

နှင်းသီးလေး က အသားအရေ လှပမှုအတွက် အခုလို ထောက်ပံ့ပေးပါတယ်။
  • အသားအရေကျန်းမာစေတယ်
  • အမည်းစက်တွေ သက်သာစေနိုင်ပါတယ်
  • ဝက်ခြံ ကာကွယ်ပေးပါတယ်
  • အရေပြား ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်
  • အရေပြားကို ရေဓာတ်ဖြည့်ပေးတယ်
  • နေလောင်တာကို သက်သာစေတယ်
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/06/2022 ဖြစ်ပါသည်။