brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက် (age spots)တွေ အမျိုးအစား ဘယ်နှစ်မျိုး ရှိသလဲ

သက်ကြီးစက် (age spots) သို့မဟုတ် Liver spots တွေဟာ သင်အသက် ၄၀အရွယ်ရောက်တဲ့အခါ သင်ရင်ဆိုင်ရမယ့် ပုံမှန် လက္ခဏာတစ်ခုပါပဲ။ သူတို့တွေဟာ နေရောင်နဲ့ထိတွေ့တဲ့နေရာတွေ ဥပမာ မျက်နှာ၊ ပုခုံး၊ လက်မောင်းနဲ့ လက်တွေ စတဲ့ နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။

အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက် (age spots)တွေ အမျိုးအစား ဘယ်နှစ်မျိုး ရှိသလဲ

သင့်မှာဖြစ်ပေါ်နိုင်မယ့် သက်ကြီးစက်အမျိုးအစားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

  • Cherry hemangiomas

ဒါကိုတော့ Campbell de Morgan spots သို့မဟုတ် senile angiomasm လို့သိကြပြီး သေးငယ်တဲ့ အနီရောင်တောက်တောက်၊ အဝိုင်းပုံ သို့မဟုတ် ဘဲဥပုံအစက်လေးတွေပါ။ သူတို့တွေဟာ တစ်ခါတလေ သင့်ရဲ့ လက်မောင်းနဲ့ ပုခုံးတွေပေါ်မှာ ပေါ်တတ်ပါတယ်။ ဒီလက္ခဏာတွေကိုတော့ သင်ကြီးလာတဲ့အခါ တွေ့လာရမှာပါ။

ဘာကြောင့်လဲဆိုတော့ အရည်ပြားအောက်က သွေးကြောတွေ ပြောင်းလဲလာလို့ပေါ့။ သူတို့တွေဟာ တစ်ဦးတစ်ယောက်ချင်းစီပေါ်မူတည်ပြီး အများအားဖြင့်တော့ အသက် ၃၀လောက်ရောက်တဲ့အခါပေါ်လာတတ်ပါတယ်။ အသက်ပိုကြီးလာလေလေ အရွယ်အစားနဲ့ အရေအတွက် တိုးလာလေလေပါပဲ။ ဒီအစက်တွေမှာတော့ အမျိုးအစား နှစ်မျိုးရှိပါတယ်။

သူတို့တွေဟာ ချောမွေ့ညီညာနေနိုင်ပြီး နည်းနည်းဖုဖောင်းနေတာမျိုးဖြစ်တတ်ကာ သင်ဒဏ်ရာရသွားတဲ့အခါ သွေးလည်း ထွက်နိုင်ပါတယ်။ သူတို့တွေဟာ သင့်ကျန်းမာရေးအတွက် ဘယ်လိုမှ မထိခိုက်နိုင်ပေမယ့် သူတို့တွေရဲ့ ပြောင်းလဲမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။

တကယ်လို့များ သူတို့က သွေးထွက်လာတာတွေ၊ ဒါမှမဟုတ် အရွယ်၊ ပုံစံ နဲ့ အရောင်ပြောင်းသွားတာမျိုးတွေ ရှိတယ်ဆိုရင်တော့ ဒီပုံမှန်မဟုတ်တဲ့ အခြေအနေကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပြောင်းအလဲတွေဟာ အရည်ပြားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်လို့ပါ။

  • Lentigines

Lentigines တွေရဲ့ လက္ခဏာတွေကတော့ တင်းတိပ်တွေနဲ့ အတူတူပါပဲ။ သူတို့တွေဟာ အပြားလိုက်ဖြစ်ပြီး နေလောင်တဲ့အညိုရောင်ကနေ မဲနေတဲ့ အစက်တွေထိ ဖြစ်နိုင်ပါတယ်။ သူတို့မှ ပုံမှန်မဟုတ်တဲ့ အရွယ်အစားတွေရှိပြီး ခဲတံထိပ်က ခဲဖျက်အရွယ်အစားကနေ ဆယ်ပြားစေ့အရွယ်ထိ ပြောင်းလဲနိုင်ပါတယ်။

သူတို့တွေဟာ နေရောင်ခြည်နဲ့ထိတွေ့မှုများတဲ့ အရည်ပြားတွေမှာ ပေါ်လာတတ်ပါတယ်။ ဥပမာ- လက်ဖမိုးတို့ မျက်နှာတို့လိုပေါ့။ အရည်ပြားလွှာထဲမှာရှိတဲ့ ရောင်ခြယ်ဆဲလ်တွေ ကြီးထွားလာမှုကြောင့် ဒီလက္ခဏာတွေ ပေါ်လာရတာပါ။ သင်အသက်ကြီးလာတဲ့အခါလည်း ဒီအခြေအနေက ပိုတိုးလာမှာပါပဲ။

တကယ်လို့ သင်အသက်ကြီးလာတဲ့အခါ ဒီလက္ခဏာတွေကို ရှောင်ချင်တယ်ဆိုရင်တော့ နေရောင်နဲ့လိုတာထက် ပိုထိတွေ့တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ နေရောင်ကာလိမ်းဆေးကိုလိမ်းတာမျိုး ဒါမှမဟုတ် အရေပြားကို ကာကွယ်ပေးနိုင်တဲ့အဝတ်တွေ ဥပမာ ဦးထုပ်နဲ့ အင်္ကျီရှည်တွေကို အပြင်ထွက်တိုင်း ဝတ်ဆင်ပေးတာမျိုးအားဖြင့် ကာကွယ်နိုင်ပါတယ်။

သူတို့တွေဟာ သင့်ကျန်းမာရေးကိုတော့ မထိခိုက်စေပါဘူး။ ဒါပေမဲ့ ဒါတွေရှိနေရင်တော့သင်အဆင်မပြေဖြစ်နေမှာပါပဲ။ ဒါတွေကို cryotherapy ၊ hydroquinone preparations သို့မဟုတ် retinoid ခရင်မ် / chemical peels နဲ့ လေဆာတွေအသုံးပြုပြီး အရောင်ချွတ်ခြင်းနည်း စတဲ့ ဆေးနည်သုံးပြီး ဒါတွေကို အလွယ်တကူ ဖျောက်ပစ်နိုင်ပါတယ်။

  • Seborrheic keratosis

Lentigines တွေသာမက ဒါတွေကလည်း အဖြစ်များတဲ့ သက်ကြီးစက်တွေပါ။ သူတို့တွေဟာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ပေါ်လာတတ်ပြီး အရွယ်အစားနဲ့ အရောင်တွေက ပြောင်းလဲနိုင်ပါတယ်။ ရွှေညိုရောင်၊ အညိုအဖျော့ သို့မဟုတ် မည်းနက်နေတဲ့ အစက်တွေဖြစ်နိုင်ပါတယ်။

သူတို့တွေဟာ သင့်ရဲ့ ရင်ဘတ်မှာ၊ ပုခုံးအရည်ပြားပေါ်မှာ (scalp shoulders)၊ ကျောနဲ့ ဝမ်းဗိုက်တွေမှာ ဖြစ်နိုင်ပါတယ်။ seborrheic keratosis တွေကတော့ အမျိုးအစားအများကြီးရှိပြီး သင့်မှာ large cell acanthoma, stucco keratosis, linchenoid keratosis, Dermatosi papulosa nigra, solar lentigo နဲ့ inverted follicular keratosis စတာတွေ ဖြစ်နိုင်ပါတယ်။

သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက သင်seborrheic keratosis ဘယ်နှစ်မျိုးရှိသလဲဆိုတာ ဆုံးဖြတ်ပေးနိုင်ပါတယ်။ လူတစ်ယောက်မှာ နည်းနေနိုင်ပေမယ့် အခြားတစ်ယောက်မှာ အများကြီးရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း seborheic kereatoses တွေရှိနေနိုင်ပြီး နှစ်ကြာလေလေ များလာလေလေ ဖြစ်တတ်ပါတယ်။

သူ့ကိုဖြစ်စေတဲ့ အကြောင်းရင်းကလည်း အများကြီးပါ။ ဒါပေမဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့ ပုံမှန် အရည်ပြားဆဲလ်တွေ စုပုံလာပြီး နေရောင်နဲ့ထိတွေ့တာကြောင့်ပါ။ lentiginesတွေလိုပဲ ဒါတွေကလည်း အန္တရာယ်မရှိပါဘူး။

ဒါပေမဲ့ သူတို့ဟာ အနက်ရောင်ကိုပြောင်းသွားရင် ဒါမှမဟုတ် ရောင်ရမ်းလာတာမျိုး၊ သွေးထွက်လာတာမျိုးရှိခဲ့ရင် ဂရုစိုက်သင့်ပြီး ဒီအခြေအနေတွေကို အရည်ပြားဆိုင်ရာကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါအမျိုးအစားခွဲခြားပါ။

ဒီလိုအခြေအနေတွေမှာတော့ ဒါဟာ အရည်ပြားကင်ဆာတစ်မျိုးဖြစ်တဲ့ melanoma ရဲ့ လက္ခဏာတွေဖြစ်တတ်ပြီး သူတို့တွေမှာလည်း တူညီတဲ့ပုံစံမျိုးတွေရှိတတ်ပါတယ်။ Seborrheric keratosis တွေကို နိုက်ထရိုဂျင်အရည်နဲ့ ခဲလိုက်ပြီးကုသခြင်း သို့မဟုတ် ထုံဆေး(Local anesthetic) ပေးပြီး ခြစ်ထုတ်လိုက်ခြင်း စတာတွေနဲ့ကုသနိုင်ပါတယ်။

သက်ကြီးစက်တွေဟာ သင်အသက်ကြီးလာတဲ့အချိန်မှာ တွေ့ရမယ့် အဖြစ်များတဲ့ အရည်ပြားပြဿနာတစ်ခုပါ။ သူတို့တွေဟာ အချို့သော ကိစ္စတွေမှာတော့ သင့်ကျန်းမာရေးကို မထိခိုက်နိုင်ဘဲ တကယ်လို့ အထက်ပါ ပုံမှန်လက္ခဏာတွေနဲ့မတူညီတဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတွေ တွေ့လာရပြီဆိုရင်တော့ ဒါတွေကို ရောဂါအမျိုးအစားခွဲခြား အတည်ပြုဖို့ ဆရာဝန်သွားပြပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။