backup og meta

ရိုစေးရှား (Rosacea) အကြောင်းတစေ့တစောင်း

ရိုစေးရှား (Rosacea) အကြောင်းတစေ့တစောင်း

ရိုစေးရှား (Rosacea) ဆိုတာ အန္တရာယ်တော့မများတဲ့ နာတာရှည်အရေပြားရောဂါအခြေအနေတစ်ခုပါ။ အန္တရာယ်မများဘူးဆိုပေမယ့် မိမိပုံပန်းသဏ္ဍာန်အပေါ် ယုံကြည်ချက်ပြန်ရှိလာဖို့အတွက် အလျင်အမြန်ကုသတာကောင်းပါလိမ့်မယ်။

ရိုစေးရှား (Rosacea) လက္ခဏာတွေနဲ့အမျိုးအစား

Rosacea ရှိတဲ့လူတွေဟာ သူတို့အသားအရေက တခြားလူတွေထက်ပိုပြီးလွယ်လွယ်နဲ့ ခဏခဏနီရဲလာတတ်တာကို သတိထားမိပါလိမ့်မယ်။ မျက်နှာမှာသွေးကြောတွေမြင်နေရတာ၊ ဒါမှမဟုတ် ပြည်တွေစုနေတဲ့အဖုတွေပေါ်လာတာမျိုးတွေ ကြုံဖူးကြပါလိမ့်မယ်။ ထိုအရာတွေက မျက်နှာမှ နားတွေ၊ ရင်ဘက်နဲ့ နောက်ကျောဘက်ဆီထိပျံ့သွားနိုင်ပါတယ်။ ထိုကဲ့သို့ အရေပြားနုတာကြောင့် သူတို့အသားအရေဟာ အလှကုန်ပစ္စည်းတွေကို လိုတာထက်ပိုပြီးတုံ့ပြန်ပါလိမ့်မယ်။

ရိုစေးရှား (Rosacea) လေးမျိုးရှိပါတယ်။ တစ်မျိုးဆီမှာ လက္ခဏာတွေ ကုသမှုတွေ ကွဲပြားကြတယ်။ ဘယ်အမျိုးအစားလဲသိဖို့အတွက်က အရေပြားဆရာဝန်နဲ့တွေ့ပြီး သင့်တော်တဲ့ကုသမှုမျိုးရှာဖို့က အရေးကြီးပါတယ်။

ဘယ်လိုလူမျိုးတွေမှာဖြစ်တတ်လဲ

လူတိုင်းမှာရတတ်ပေမယ့် အသက် ၃၀ နဲ့ ၅၀ ကြား အသားဖြူတဲ့လူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပြီး လက္ခဏာတွေကတော့ အမျိုးသားတွေမှာ ပိုဆိုးတတ်ပါတယ်။ ဒီရောဂါမှာ မျိုးရိုးဗီဇကလည်း နေရာတစ်ခုကနေ ပါဝင်နေပါသေးတယ်။ Rosacea ဟာ နေလောင်ရာတွေ၊ ဝက်ခြံတွေနဲ့ဆင်တတ်တာကြောင့် အရေပြားဆရာဝန်ဆီသွားပြီး သေချာကုသမှုခံယူဖို့ကအရေးကြီးပါတယ်။

ရိုစေးရှား (Rosacea) ဖြစ်စေတဲ့အချက်တွေ

အကြောင်းအရင်းကိုတော့ တိတိကျကျမသိရသေးပါဘူး။ အပူဒဏ်၊ နေ၊ လေ နဲ့ အပူချိန်အစွန်းရောက်မှုတွေလို သာမန်ပတ်ဝန်းကျင်အချက်တွေကြောင့်လို့ အကြမ်းဖျင်းတော့ယူဆထားလို့ရပါတယ်။ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေ၊ အရက်သေစာသောက်စားတာ၊ စိတ်ပိုင်းဆိုင်ရာဖိအားတွေက လက္ခဏာတွေကိုပိုဆိုးစေပါတယ်။ တချို့လူတွေကတော့ ဘတ်တီးရီးယားတွေကြောင့် ဝက်ခြံတွေပေါက်လာတာလို့ ထင်ကြပါတယ်။

မကုသဘဲထားပါကပိုဆိုးလာနိုင်ပါတယ်

အချိန်ကြာလာရင် ရိုစေးရှား (Rosacea) ကြောင့် မျက်နှာအလယ်တည့်တည့်မှာ အနီရောင်အကွက်ကြီးစွဲသွားတတ်ပါတယ်။ သေချာမကုသရင် ပျံ့နှံ့သွားပြီးပိုဆိုးလာနိုင်ပါတယ်။ ထိုအသားအရေကြောင့် တချို့ကစိတ်ဓါတ်ကြပြီး စိတ်ညစ်ရပါတယ်။ ရိုစေးရှား (Rosacea) ကိုလုံးဝပျောက်ကင်းအောင် ကုသဖို့နည်းမရှိသေးပေမယ့် လက္ခဏာတွေကိုကုသပြီးထိန်းချုပ်ပြီး အသားအရေပြန်ကောင်းမွန်လာအောင် လုပ်ဖို့နည်းတွေတော့ရှိပါတယ်။ သေချာကုသပါက တဖြည်းဖြည်းပြန်ကောင်းလာနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. What is Rosacea? https://www.niams.nih.gov/health_info/Rosacea/rosacea_ff.asp. Accessed December 30, 2016.
  2. 6 facts aout Rosacea. http://www.healthcentral.com/skin-care/cf/slideshows/6-facts-about-rosacea#slide=1. Accessed December 30, 2016.
  3. The facts about Rosacea. http://www.everydayhealth.com/rosacea/rosacea-basics.aspx. Accessed December 30, 2016.
  4. Face the fact aout Rosacea. https://www.obagi.com/patients/blog/face-facts-about-rosacea. Accessed December 30, 2016.

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Kaung Thar မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement