backup og meta

ငါးမျက်စိနဲ့ အသားမာအကြောင်း အခြေခံအချက်အလက်များ

ငါးမျက်စိနဲ့ အသားမာများကို ကြုံဖူးကြားဖူးကြပါလိမ့်မယ်။ မကြားဖူးလည်းကိစ္စမရှိပါဘူး။ ဒီစာကိုဆက်ပြီးဖတ်ကြည့်ရင် အခြေခံအကြောင်းအရာတွေ သိရပါလိမ့်မယ်။ ငါးမျက်စိနဲ့ အသားမာများမဖြစ်အောင် ဘယ်လိုရှောင်ကျဉ်ရမလဲသိလာနိုင်ပါတယ်။

ငါးမျက်စိနဲ့ အသားမာဆိုတာဘာတွေလဲ

ငါးမျက်စိနဲ့ အသားမာတွေဟာ အရေပြားမှာ ထူထဲခြောက်သွေ့ပြီး မာကျောလာခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာအရေပြားကိုတခုခုနဲ့ ဆက်တိုက်ဖိမိပွတ်တိုက်မှုများလာတာကြောင့် ကာကွယ်ရအောင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့ အရေပြားဟာပုံမှန်အရေပြားထက် အာရုံခံစားမှုနည်းပါးပါတယ်။ အသားမာဟာ ငါးမျက်စိထက် ပိုကြီးပြီးတိကျတဲ့ပု့စံမရှိပါဘူး။ ငါးမျက်စိနဲ့ အသားမာတွေကို လက်ဖဝါး၊ ခြေဖဝါး၊ လက်ချောင်းနဲ့ခြေချောင်းလေးတွေမှာတွေ့နိုင်ပါတယ်။

အသားမာများကိုတော့ ပစ္စည်းအချို့ကို ကိုင်တွယ်တာများလာတဲ့အခါ (ဥပမာ- ထွန်ခြစ်၊ ကြက်တောင်ရိုက်တဲ့ ဘက်တံ၊ ဆိုင်ကယ်လက်ကိုင်) ဖြစ်တတ်ပါတယ်။ မတော်တဲ့ဖိနပ်တွေစီးရင်၊ လမ်းလျှောက်တာပုံမမှန်ရင်၊ ခြေပြားခြင်းအရိုးအတက်ထွက်ခြင်းစတဲ့ပြသနာတွေရှိရင် ငါးမျက်စိနဲ့ အသားမာများဟာ ခြေဖဝါးမှာလည်း ဖြစ်လာတတ်ပါတယ်။

ငါးမျက်စိနဲ့ အသားမာများဟာဗိုင်းရပ်စ်၊ ဘက်တီးရီးယားများကြောင့် မဖြစ်ပွားတတ်ပါဘူး။ ဆိုးရွားပြင်းထန်မှုလည်းမရှိပါဘူး။

အတွေ့များတဲ့ လက္ခဏာတွေကဘာတွေလဲ

ယောဘုယျအားဖြင့်

• ဖြစ်ပွားတဲ့ အရေပြားဟာထူထဲကြမ်းတမ်း၊ ခြောက်သွေ့မာကြောလာတတ်ပါတယ်။

• ဖြစ်ပွားတဲ့နေရာမှာနာကျင်လာတတ်ပါတယ်။

ငါးမျက်စိနဲ့ အသားမာဟာမတူပါဘူး။ အသားမာဟာ အဝါရောင် ဒါမှမဟုတ် အရောင်မှိုင်းမှိုင်းရှိတတ်ပြီး ဖုထစ်နေတာကို ခံစားရတတ်ပါတယ်။ ငါးမျက်စိမှာတော့ အပြင်ပိုင်းဟာ ပျော့နေတတ်ပြီး အဝါရောင် ဖြစ်နေတတ်ပါတယ်။ အလယ်မှာအရောင်မှိုင်းနေတတ်ပါတယ်။ အသားမာဟာ ငါးမျက်စိထက် ကြီးမားပြီး ပုံစံအတိအကျမရှိပါဘူး။ ငါးမျက်စိဟာနာတတ်ပြီး အသားမာကြောင့် နာကျင်တာရှားပါတယ်။

ငါးမျက်စိနဲ့ အသားမာဟာ နာကျင်လာရင်၊ ရောင်ရမ်းလာရင်၊ ဒါမှမဟုတ် ဆီးချိုရှိရင် ဆရာဝန် ပြသင့်ပါတယ်။

ငါးမျက်စိနဲ့ အသားမာဖြစ်ကြောင်းဘယ်လိုအတည်ပြုမလဲ

ဆရာဝန် သင့်လက်တွေ ခြေထောက်တွေကို ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။ နေ့စဉ် ဘာတွေ လုပ်ဆောင်လဲ၊ ဘာအားကစားလုပ်သလဲ၊ ဘယ်လိုရှူးဖိနပ်စီးလဲမေးပါလိမ့်မယ်။ အများစုမှာတော့ ဓါတ်ခွဲခန်းစစ်ဆေးမှုတွေ မလိုအပ်ပါဘူး။ လိုအပ်မှသာဓါတ်မှန်ရိုက်ပါလိမ့်မယ်။

ကုသမှုရည်မှန်းချက်များ

သင်ဟာ ကျန်းမာတယ်၊ ငါးမျက်စိနဲ့ အသားမာကြောင့် ကသိကအောင့် ခံစားနေရတယ်ဆိုရင် ကုသမှုခံယူနိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုရှိနေရင် ခြေထောက်က သွေးလည်ပတ်မှုကို ထိခိုက်မှုရှိတာကြောင့် ဆရာဝန်ပသင့်ပါတယ်။

ငါးမျက်စိနဲ့ အသားမာအတွက် ကုသမှုကတော့ အဖန်တလဲလဲပြုလုပ်နေမှုတွေကို ရှောင်ရှားတာ၊ ဖြစ်ပွားတဲ့အရေပြားကို ဖယ်ရှားတာ၊ ပိုးဝင်နိုင်ခြေတွေကိုလျှော့ချတာတွေပဲ ဖြစ်ပါတယ်။

တော်တဲ့ဖိနပ်တွေကိုပဲစီးပါ။ သန့်ရှင်းရေးသို့ အားကစား ပြုလုပ်စဉ်မှာ လက်အိတ်ဝတ်ပါ။ သင့်ရဲ့ဆရာဝန်ဟာ ငါးမျက်စိနဲ့ အသားမာကိုဖယ်ရှားဖို့ ဆေးဝါးတွေ ဥပမာမုန့်လက်ကောက်ပုံဆေးဖတ်တွေ၊ salicylic အက်ဆစ်ပါဝင်တဲ့ ဆေးဖတ်တွေသုံးဖို့ ပြောနိုင်ပါတယ်။ တခါတရံမှသာခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။

ငါးမျက်စိနဲ့ အသားမာများဟာ အရေပြားထူထဲလာခြင်းကြောင့် ဖြစ်တတ်ပြီးအတွေ့ရများတဲ့ ပြသနာပဲ ဖြစ်ပါတယ်။ အဖန်တလဲလဲပွတ်တိုက်မှုနဲ့ ဖိအားတွေကြောင့် ဖြစ်လာတတ်ပါတယ်။ ဒီပြသနာတွေကိုကုသဖို့ဆိုရင် မကောင်းတော့တဲ့ အရေပြားတွေကိုဖယ်ရှားတာ၊ ထပ်မံမဖြစ်ဖို့ ကာကွယ်တာတွေ ပါဝင်ပါတယ်။ ပိုပြီးအသေးစိတ်သိရအောင် အရေပြားအထူးကုနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Calluses and Corns – Topic Overview. http://www.webmd.com/skin-problems-and-treatments/tc/calluses-and-corns-topic-overview#1. Accessed March 16, 2017.
  2. Corns and calluses. https://medlineplus.gov/ency/article/001232.htm. Accessed March 16, 2017.
  3. Corns and calluses. http://www.mayoclinic.org/diseases-conditions/corns-and-calluses/basics/treatment/con-20014462. Accessed March 16, 2017.

ယခုပုံစံ

03/11/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/11/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement