အဓိပ္ပါယ်ဖွင့်ဆိုချက်
Tinea Cruris (ပေါင်ခြံပွေး) ကဘာလဲ။
မှိုကြောင့်ဖြစ်တဲ့အရေပြားကူးစက်မှုတစ်မျိုး ဖြစ်ပါတယ။် ပေါင်ခြံ၊ မျိုးပွားအင်္ဂါတစ်ဝိုက်၊ ပေါင်အပေါ်ဘက်အတွင်းခြမ်း၊
တင်ပါးတွေမှာတွေ့ရလေ့ရှိပါတယ်။ အတွေ့ရများဆုံးလက္ခဏာကတော့ ဖြစ်တဲ့နေရာမှာစက်ဝိုင်းပုံအနီအဖုအပိမ့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာအဖြစ်များလေ့ရှိပါတယ်။
Tinea Cruris (ပေါင်ခြံပွေး) က ဘယ်လောက်အဖြစ်များသလဲ
ကျားမမရွေး၊ လူမျိုးမရွေးပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာအနေများရင်ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာပိုတွေ့ရလေ့ရှိပါတယ်။ အမျိုးသားတွေဟာပေါင်ခြံနေရာမှာအရေပြားခေါက်တွေ ပိုများပြီးကူးစက်ပိုးတွေကိုအလွယ်တကူလက်ခံနိုင်ပါတယ်။ အတွင်းခံကျပ်ကျပ်၊ အဝတ်အစားကျပ်ကျပ် ဝတ်လေ့ရှိတဲ့လူတွေ၊ ချွေးအများကြီးထွက်လေ့ရှိသူတွေ ၊ ကိုယ်ခံအားကျဆင်းနေသူတွေမှာပိုဖြစ်နိုင်ချေရှိပါတယ်။
လက္ခဏာများ
Tinea Cruris (ပေါင်ခြံပွေး) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများတဲ့လက္ခဏာတွေကတော့-
- ကူးစက်ခံရတဲ့နေရာမှာယားခြင်း
- ပေါင်ခြံ၊ အရေပြားခေါက်၊ ပေါင်အတွင်းဘက် သို့တင်ပါးနေရာတွေမှာ စက်ဝိုင်းပုံအကွက်များ (ကပ်ပယ်အိတ်နဲ့ ယောက်ျားတန်ဆာတွေအပေါ်မှာတော့ တွေ့ရလေ့မရှိပါဘူး။)
- အဖုပိမ့်တွေရဲ့အနားသတ်ကတိတိကျကျရှိပြီးကြေးခွံတွေ အနာတွေနဲ့တူတဲ့ အဖုတွေတွေ့နိုင်ပါတယ်။
- အကွက်ရဲ့အလယ်တည့်တည့်မှာနီညိုရောင်ရှိခြင်းတို့ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။