brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Epidermoid cysts (sebaceous cysts) (အရေပြားအဆီအိတ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Epidermoid cysts (sebaceous cysts) (အရေပြားအဆီအိတ်များ) ကဘာလဲ။

Epidermoid cysts ကို အဆီဂလင်းအိတ်၊ ကဲရက်တင်၊ အရေပြားအိတ် ဟုလည်းခေါ်ပြီး အရေပြားအောက်တွင် ဖြစ်တတ်သော မာခဲခဲသေးသေးအကျိတ်မျိုး ဖြစ်ပါသည်။ ထိုအိတ်များသည် အဖြစ်များ၏။ အလွန်နှေးကွေးစွာသာ ကြီးထွားပါသည်။ သူတို့သည် တခြားလက္ခဏာများ ဘာမှမရှိသလို ကင်ဆာလဲ လုံးဝမဟုတ်ပါ။

Epidermoid cysts များကို မျက်နှာ၊ ခေါင်း၊ လည်ပင်း၊ နောက်ကျော သို့မဟုတ် လိင်အင်္ဂါတစ်ဝိုက်တို့တွင် တွေ့ရပါစည်။ တစ်လက်မ ၄ ပုံ ၁ ပုံ အရွယ်မှ ၂ လက်မထိ အရွယ်အစားရှိနိုင်ပါသည်။ သေးငယ်သော အဖုလေးဖြစ်ပြီး အဝါရောင်ရှိတတ်သလို နံစော်စော စေးကပ်ကပ်အရည်များပါရှိ၏။ နာကျင်မှုကိုလည်း မဖြစ်စေသောကြောင့် များသောအားဖြင့် သတိမမူမိပဲရှိတတ်ပါသည်။

Epidermoid cysts (sebaceous cysts) (အရေပြားအဆီအိတ်များ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Epidermoid cysts (sebaceous cysts) (အရေပြားအဆီအိတ်များ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Epidermoid cysts ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

သေးငယ်လုံးဝန်းသော အဖုများအရေပြားအောက်မှ ထွက်နေခြင်း များသောအားဖြင့် မျက်နှာ၊ ကိုယ်လုံး သို့မဟုတ် လည်ပင်းတို့တွင် တေ့ွရသည်။

အိတ်အလယ်တွင် အနက်ရောင်အဖတ် ကပ်နေတတ်သည်။

အနံ့ရှိသော စေးကပ်ကပ် အဝါရည်များ အိတ်မှ ထွက်လာတတ်သည်။

ရောင်ရမ်းခြင်း သို့မဟုတ် ပိုးဝင်ခြင်းဖြစ်ပါက နီရဲ ဖောင်းကြွ နာကျင်လာနိုင်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

Epidermoid cysts (sebaceous cysts) (အရေပြားအဆီအိတ်များ) ကိုဘာတွေကဖြစ်စေသလဲ

Epidermoid cysts များသည် ကဲရက်တင်များ စုပုံခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ကဲရက်တင်မှာ အရေပြားဆဲလ်များ၌ သဘာဝအတိုင်းတွေ့ရသော ပရိုတင်းတစ်မျိုးဖြစ်၏။ အရေပြားပျက်စီးခြင်း သို့မဟုတ် ဆံပင်အမြစ်ပျက်ခြင်းတို့ကြောင့် အရေပြားအောက်တွင် ကဲရက်တင်များစုပုံလာသည့်အခါ အဆီအိတ်များ ဖြစ်ပေါ်လာပါသည်။

ထိုအိတ်များသည် မကြာခဏဆိုသလို အရေပြားထိခိုက်မိခြင်း၊ ကြွက်နို့ဗိုင်းရပ်၊ ဝက်ခြံ သို့မဟုတ် နေလောင်ခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်လာနိုင်ပါသည်။ Epidermoid cysts သည် ဝက်ခြံ သို့မဟုတ် တခြားသော အရေပြားရောဂါရှိသူများတွင် ပိုဖြစ်နိုင်ပါသည်။

ဖြစ်နိုင်ခြေများ

Epidermoid cysts (sebaceous cysts) (အရေပြားအဆီအိတ်များ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Epidermoid cysts ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

လူပျိုအပျိုဖြစ်လာခြင်း

ဝက်ခြံခဏခဏပေါက်ခြင်း

တစ်ချို့သော ရှားပါဗီဇရောဂါများရှိခြင်း

အရေပြားထိခိုက်မိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Epidermoid cysts (sebaceous cysts) (အရေပြားအဆီအိတ်များ) ကို ဘယ်လိုအတည်ပြုပါသလဲ

Epidermoid cysts ကိုအတည်ပြုနိုင်ရန် သမားတော်သည် အဖုနှင့် ပါတ်ပါတ်လည်မှ အရေပြားကို စစ်ဆေးခြင်း ရောဂါရာဇဝင်မေးခြင်းများ ပြုလုပ်ပါလိမ့်မည်။ အဖုဖြစ်နေသည့်ကြာချိန်နှင့် ပြောင်းလဲလာပုံအသေးစိတ်ကိုပါ မေးပါလိမ့်မည်။ ပုံမှန်အားဖြင့် စမ်းသပ်ရုံနှင့်အတည်ပြုနိုင်သော်လည်း တစ်ခါတစ်ရံတွင် အတည်ပြုနိုင်ရန် တီဗီဓါတ်မှန်ရိုက်ခြင်း၊ အရေပြားအထူးကုဆီလွှဲခြင်းများ ပြုလုပ်ကောင်းပြုလုပ်ရနိုင်ပါသည်။

Epidermoid cysts (sebaceous cysts) (အရေပြားအဆီအိတ်များ) ကို ဘယ်လိုကုသပါသလဲ

အလှအပအတွက် အနှောက်ယှက်ဖြစ်နေခြင်း သို့မဟုတ် နာကျင်နေခြင်းမဟုတ်လျှင် ဒီတိုင်းထားနိုင်ပါသည်။ ကုသမှုလုပ်ချင်သည်ဆိုလျှင်တော့ အောက်ပါတို့ကို ဆရာဝန်နှင့် ဆွေးနွေးကြည့်ပါ။

ထိုးဆေး – ရောင်ရမ်းမှုနှင့် ဖောင်းကြွမှုကို လျော့ကျစေသောဆေးများ ထိုးခြင်း။

ခွဲစိတ်ဖယ်ထုတ်ခြင်း – ဒီနည်းတွင် ဆရာဝန်သည် အိတ်ကို အနည်းငယ်ခွဲပြီး အထဲမှအရာများကို ညှစ်ထုတ်ပါလိမ့်မည်။ အတော်မြန်ပြီး လွယ်ကူသောနည်းဖြစ်သော်လည်း ပြန်ဖြစ်တတ်ပါသည်။

အသေးစားခွဲစိတ်မှု – အိတ်တစ်ခုလုံးကို ခွဲထုတ်ပစ်မည်ဖြစ်သည်။ ထို့နောက်တွင်လဲ ချုပ်ရိုးဖြည်ရန် ဆေးခန်းကို ပြန်သွားရန် လိုအပ်ပါသည်။ အသေးစားခွဲစိတ်မှုသည် စိတ်ချရပြီး ထိရောက်၏။ နောက်တစ်ခါပြန်ဖြစ်ခြင်းလည်း မရှိပါ။

အိတ်ရောင်နေသည်ဆိုပါက ဆရာဝန်မှ ခွဲစိတ်ရန်စောင့်ခိုင်းပါလိမ့်မည်။

လေဆာ – ဒီနည်းတွင် ကာဗွန်ဒိုင်အောက်ဆိုက်လေဆာသုံးပြီး အိတ်ကို အငွေ့ပျံသွားစေခြင်းဖြစ်သည်။ အသေးစား အမာရွတ်ကျန်မှုတော့ ဖြစ်စေနိုင်၏။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Epidermoid cysts ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Epidermoid cysts ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

အိတ်ကို ကိုယ်တိုင်ညှစ်မထုတ်ရပါ။

နွေးပြီး စိုစွတ်သောအဝတ်စကို အိတ်ပေါ်အုပ်ပေးခြင်းဖြင့် အထဲမှအရာများ ထွက်လာစေပြီး ပျောက်ကင်းရန် အထောက်အကူရစေပါသည်။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/01/2022 ဖြစ်ပါသည်။